Home ထိပ်တန်းသတင်း ‌ရေသို‌လှောင်‌သောက်ရသည့် ရွာတရွာ ‌သောက်‌ရေပြတ်လပ်‌နေ

‌ရေသို‌လှောင်‌သောက်ရသည့် ရွာတရွာ ‌သောက်‌ရေပြတ်လပ်‌နေ

1578
‌မေလ ၁ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ရှမ်းပြည်‌တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၌ နှစ်စဉ် ‌ရေသို‌လှောင်‌သောက်ရသည့် ဟန်ဘူရွာသည် ယခုရက်ပိုင်း အတွင်း ရွာသူရွာသားများ ‌သောက်‌ရေပြတ်လပ်မှုပြဿနာနှင့် ကြုံ‌တွေ့‌နေရသည်ဟု နယ်‌မြေခံတဦး၏ ‌ပြောပြ ချက်အရ သိရသည်။

“ဒီနှစ်က အရမ်းပူတယ်။ အရင်နှစ်က ဒီအချိန်‌လောက်ဆိုရင် မိုးက တ‌ခေါက်၊ နှစ်‌ခေါက်‌လောက် ရွာပြီးပြီ။ ဒီနှစ်ကျ‌တော့ ခုထိ မိုး မရွာ‌သေးတဲ့အတွက် ငါးလ ‌ခြောက်လ‌လောက် သို‌လှောင်ထားတဲ့ ‌ရေလည်း ကုန်ပြီ။ ဒါ‌ကြောင့် ကျ‌နော်တို့ ‌ရေပြတ်လပ်မှု အခက်အခဲနဲ့ ရင်ဆိုင်‌နေရတာ ဖြစ်တယ်။ သူများရွာမှာ ‌ရေသွားဝယ်ရင် တစ်တိုင်ကီကို ၅,၀၀ဝ ကျပ်‌ပေးရတယ်။ အခု တိရိစာ္ဆန်ဆိုရင် ပိုဒုက္ခ‌ရောက်တယ်”ဟူ သူက ဆိုသည်။

ခန့်မှန်း‌ခြေအားဖြင့် အိမ်‌ခြေ ၇ဝခန့် ရှိသည့် အဆိုပါ ‌ကျေးရွာသည် ဂါလံ တစ်‌ထောင့်ငါ့ရာ ဆန့်‌သော ‌ရေ‌လှောင်ကန်ကို မိုးရာသီတွင် နှစ်စဉ် ‌ရေခံသို‌လှောင်ထားပြီး ယခုလို ‌ရေပြတ်သည့်အတွက် ‌ခြေလျင် ၁းဝဝနာရီ‌ကျော်ခရီးဖြင့်အနီးအနားရွာများတွင် သွား‌ရောက် ‌ရေခပ်‌သောက်ရသည်ဟု သိရသည်။

‌တောင်ယာလုပ်ငန်းဖြင့် အသက်‌မွေးဝမ်းလုပ်ကိုင်စား‌သောက်ကြ‌သော အဆိုပါ ‌ဒေသရှိ ရွာသားများက ‌ရေများကို အ‌ဝေးသို့ သွား‌ရောက်ခပ်ယူရ‌သော‌ကြောင့် အလုပ်လုပ်ကိုင်မှုများ ‌နှောင့်နှင်းကြရသည်ဟု နယ်‌မြေခံများက ဆိုသည်။

ထို‌ဒေသ၌ ‌ဆောင်းနှင့် ‌နွေရာသီအတွင်း သုံးစွဲရန် ‌ရေသို‌လှောင်ရ‌သော ဟန်ဘူ၊ ဟန်အိုနှင့် ကပလားရွာ သုံးရွာထဲမှ ဟန်ဘူမှလွဲ၍ ကျန်နှစ်ရွာမှာ စမ်း‌ချောင်းနှင့်နီးစပ်သည်ဟု သိရသည်။ လက်ရှိအချိန်တွင် ရွာသားများသည် ‌ရေကို လုံးဝ မရနိုင်‌တော့သည့် အ‌ခြေအ‌နေ မရှိ‌သေးသဖြင့် တစုံတရာ အကူအညီ ‌တောင်ခံမှုများ မရှိ‌သေး‌ပေ။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ယင်း‌ဒေသရှိ ‌ကျေးရွာများတွင် ဝမ်း‌ရောဂါ ဖြစ်ပွားမှုများရှိခဲ့ပြီး က‌လေး အများအပြား ‌သေဆုံးမှုများ ရှိခဲ့‌ကြောင်း သိရသည်။