Home ထိပ်တန်းသတင်း ‌ကေအဲန်အယ်လ်‌အေနှင့် ဒီ‌ကေဘီ‌အေကြား ပစ်ခတ်မှု‌ကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့

‌ကေအဲန်အယ်လ်‌အေနှင့် ဒီ‌ကေဘီ‌အေကြား ပစ်ခတ်မှု‌ကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့

2211
‌မေလ ၁၃ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ဝေါ်‌လေဂွင်တွင် ယမန်‌နေ့က ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်ဖွဲ့ဝင်တို့ ကြား ပစ်ခတ်မှုတခုဖြစ်ပွားမှု‌ကြောင့် အရပ်သားများ ထိခိုက်‌သေဆုံးမှုရှိသည်ဟု သိရသည်။

ယမန်‌နေ့ မွန်းလွဲ ၂နာရီခန့်တွင် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)လက်‌အောက်ခံ တပ်ရင်း (၉၀၂)မှ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး ‌စော‌ကျော်သက် အပါအဝင် ၎င်း၏ မိသားစုနှင့်အတူ လူ (၁၀)ဦးခန့် စီးနင်းလိုက်ပါလာ‌သော ကားတစ်စီးကို ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၀၃)မှ တပ်ဖွဲ့ဝင်များက ဆွဲမိုင်းဖြင့် ‌စောင့်ဆွဲသည့်အပြင် ငါးမိနစ်ကြာ ပစ်ခတ်ခဲ့မှု ‌ကြောင့် ရဲ‌ဘော်တဦး ‌သေဆုံးခဲ့ကာ အမျိုးသမီးနှင့် က‌လေး အပါအဝင် ၃ဦး ဒဏ်ရာရှိခဲ့သည်ဟု ဒီ‌ကေဘီ‌အေနှင့် နီးစပ်သူတဦးက ‌ပြောသည်။

သူက “‌ဝေါ်‌လေကို တက်လာတဲ့ ဗိုလ်‌ကျော်သက်ကားကို ဘလယ့်ဒို့နဲ့ ‌ကျောက်ခက်ကြားမှာ ‌ကေအဲန်အယ်လ်‌အေ က ဆွဲမိုင်းနဲ့‌စောင့်ဆွဲတဲ့အပြင် ငါးမိနစ်‌လောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ ကားထဲမှာရှိတဲ့ ဗိုလ်‌ကျော်သက် မိန်းမ နဲ့က‌လေး ဒဏ်ရာရသွားတယ်။ က‌လေးက‌တော့ လက်တဖက်ကျိုးသွားတယ်။ ရဲ‌ဘော်တ‌ယောက်‌သေဆုံးသွား တယ်။ ‌နောက်ရဲ‌ဘော်တ‌ယောက် ဒဏ်ရာရတယ်။ ‌ကေအဲန်အယ်လ်ဘက်က‌တော့ တ‌ယောက်မှ မထိဘူး”ဟု ‌ပြောသည်။

အဆိုပါ ဖြစ်ပွားမှုသည် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၀၃)ဘက်က နအဖစစ်တပ်နှင့် မှားယွင်းပစ်ခတ်ခြင်းဖြစ် ‌ကြောင်း ‌ပြောဆိုခဲ့‌သော်လည်း ယင်းပစ်ခတ်မှုသည် တမင်သက်သက် ပစ်ခတ်ခြင်းဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ တပ် မဟာ(၅)မှ တပ်မှူးတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “နအဖစစ်တပ်နဲ့ မှားပစ်ဖို့အ‌ကြောင်း လုံးဝမရှိဘူး။ ဗိုလ်‌ကျော်သက် တက်လာမယ်ဆိုတာ သူတို့(‌ကေ အဲန်အယ်လ်‌အေ)ကို ကြိုပြီးအ‌ကြောင်းကြားပြီးသားပါ။ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်ဆိုတာ တမျိုး သားလုံးကို ကိုယ်စားပြုတဲ့ တပ်မ‌တော်ဖြစ်တဲ့အတွက် တပ်မ‌တော်ရဲ့ စည်းကမ်းကို လိုက်နာသင့်ပါတယ်။ အခုချိန် မှာ ကျ‌နော်တို့ အချင်းချင်း ပစ်ခတ်ကြရမယ့်အချိန်မဟုတ်ဘူး။ ‌သွေးနီးရမယ့်အချိန်ဖြစ်တယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေတွင် ယခင်က ထိုပစ်ခတ်မှုမျိုး မကြာခဏဖြစ်ပွားလျှက်ရှိပြီး ယခုပစ်ခတ်မှုသည် (၉၀၂)တပ်ရင်းမှူးအဖွဲ့နှင့် မိသားစုတို့ အထိနာ‌သော‌ကြောင့် ဒီ‌ကေဘီ‌အေဘက်က အလွန် မ‌ကျေမနပ်ဖြစ်‌နေကြ သည်ဟု အဆိုပါ တပ်မှူးက ‌ပြောသည်။

‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ နအဖတက်လာမယ်ဆိုလို့ ဒီကသတင်းရတာက ‌နေပြီး‌တော့ ဖြစ်နိုင်‌ခြေအ‌ပေါ်မှာ သူတို့တွက်ပြီး ‌စောင့်ပစ်တဲ့ သ‌ဘောမျိုးဖြစ်တယ်။ ‌စောင့်ပစ်တဲ့အ‌ပေါ်မှာ ဒီ‌ကေဘီ ‌အေ ကားဖြစ်သွားတယ်။ ကျ‌နော်တို့ ရတဲ့သတင်းအရက‌တော့ နအဖတက်လာတယ်။ တ‌နေရာ‌ရောက်‌တော့ နအ ဖက တက်မလာ‌တော့ဘူး။ ‌အောက်က ရဲ‌ဘော်‌တွေက‌တော့ ကားတက်လာမယ်။ တက်လာမယ့်ကားကို ကြုံးမယ်။ ဘာ‌ကောင် ညာ‌ကောင်လဲဆိုတာ သူတို့လည်း ဘယ်သိမလဲ”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က ဒီ‌ကေဘီ‌အေ တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောလားပွယ်(ဗိုလ်နှုတ် ခမ်း‌မွှေး)က နယ်ခြား‌စောင့် အသွင်ကူး‌ပြောင်း‌ရေးကိစ္စကို တိတ်တဆိတ် လက်မှတ်‌ရေးထိုးခဲ့သည်ဟု သတင်း ထွက်‌ပေါ်‌သော‌ကြောင့် ‌ကေအဲန်အယ်လ်‌အေနှင့် ဒီ‌ကေဘီ‌အေတို့ကြား စစ်‌ရေးအ‌ခြေအ‌နေ တင်းမာလာနိုင်‌ကြောင်း ထိုင်းနယ်စပ်ရှိ ကရင်ပြည်သူများက သုံးသပ်‌ပြောဆိုကြသည်။