Home ဆောင်းပါး လာမဲ့‌ဘေး ‌ပြေး‌တွေ့ဖို့အသင့် ဖြစ်ပြီလား

လာမဲ့‌ဘေး ‌ပြေး‌တွေ့ဖို့အသင့် ဖြစ်ပြီလား

1519
‌မေလ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်‌သော ဗုဒ္ဒဘာသာ ကရင်အမျိုး သား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) အ‌ခြေစိုက်ရာ‌ဒေသ ‌နေရာအ‌တော်များများတွင် နအဖတပ်များ ပြန့်ကျဲ‌နေရာယူ‌နေသည်။

(ဗိုလ်မှူးချုပ်‌ဇော်မင်းနှင့် ဒီ‌ကေဘီ‌အေ ထိပ်ပိုင်း‌ခေါင်း‌ဆောင်အချို့)

နအဖ စစ်အစိုးရတပ်များဖြစ်သည့် တပ်မ (၂၂)၊ (၄၄)နှင့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၈)ခုမှ တပ်ရင်း‌ပေါင်း တစ်ရာ‌ကျော် မှာ ကရင်ပြည်နယ်တခုလုံးတွင် ‌နေရာယူလျှက်ရှိ‌ကြောင်း သိရသည်။

လက်ရှိအချိန်၌ ထို‌ဒေသရှိ ဒီ‌ကေဘီ‌အေနှင့် နအဖ တပ်တို့သည် တဖက်နှင့်တဖတ် အဆက်မပြတ် အကဲခတ်‌စောင့်ကြည့်‌နေ ကြပြီး စစ်‌ရေးပြင်ဆင်‌နေကြသည်ဟု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“ကျ‌နော်တို့အထက် ‌ခေါင်း‌ဆောင်‌တွေက ကျ‌နော်တို့ကို အမြဲအဆင်သင့်(ရယ်ဒီ)ရှိကြဖို့ အမိန့်‌ပေးထားတယ်။ နအဖဘက်က အရင် စတိုက်ခိုက်လာရင်‌တော့ ကျ‌နော်တို့ကလည်း ပြန်တိုက်ဖို့အဆင်သင့်ပဲ”ဟု သူက ဆိုသည်။

နအဖ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းလဲ‌ရေးကို လက်မခံဆန့်ကျင်‌နေသည့် ဗိုလ်မှူးချုပ်‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး) ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) လက်‌အောက်ခံ ကလိုထူး‌ဘောဗျူဟာ(၁)နှင့် တပ်ရင်း (၅)ရင်းတို့သည် အဆိုပါ ‌ဒေသတွင် အ‌ခြေစိုက်လျှက်ရှိသည်။

ဧပြီလ ၂၆ရက်‌နေ့တုန်းက နအဖ အမှတ်(၉) စစ်ကွပ်ကဲ‌ရေးဌာနချုပ် လက်‌အောက်ခံ ခလရ(၁၀၆)တပ်ဖွဲ့သည် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖလူး‌ကျေးရွာသူရွာသားများကို ‌သေနတ်ဖြင့် လာ‌ရောက်ခြိမ်း‌ခြောက်ခဲ့‌သော‌ကြောင့် ဒီ‌ကေဘီ ‌အေ တပ်မဟာ(၅) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်လုနီးပါး တင်းမာခဲ့‌သေးသည်။

ဒီ‌ကေဘီ‌အေ၏ နာယကဆရာ‌တော်ကြီး ဦးသုဇနနှင့် ဒီ‌ကေဘီ‌အေ‌ခေါင်း‌ဆောင်အချို့က နယ်ခြား‌စောင့်တပ် (ဘီဂျီအက်ဖ်)ကို လက်မခံသည့်ကြားမှ နယ်ခြား‌စောင့်တပ် ‌နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ဧပြီလ ၂၈ရက်‌နေ့မတိုင်ခင် တရက်၌ ဒီ‌ကေဘီ ‌အေ ‌ခေါင်း‌ဆောင်အချို့နှင့် နအဖ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးဖြစ်သူ ကရင်ပြည်နယ် ဥက္ကဌ ဗိုလ်မှူးချုပ်‌ဇော်မင်း ဦး‌ဆောင်‌သောအဖွဲ့တို့ မြိုင်ကြီးငူအထူး‌ဒေသတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

ယင်း‌ဆွေး‌နွေးပွဲတွင် နယ်ခြား‌စောင့် တပ်အသွင်‌ပြောင်း‌ရေးကို ဒီ‌ကေဘီ‌အေက ‌ယေဘုယျအားဖြင့် သ‌ဘောတူ လက်ခံထားခဲ့ သည်ဟု အစည်းအ‌ဝေးကို တက်‌ရောက်ခဲ့သူ ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) အထူးတပ်ရင်းမှူးက ‌ပြောဆိုခဲ့သည်။ သို့‌သော် ဘီဂျီအက်ဖ်ကို လက်မခံသည့် မြိုင်ကြီးငူဆရာ‌တော်၊ ဗိုလ်မှူးချုပ်‌စောလားပွယ်နှင့် ဗိုလ်မှူးကြီး‌စောမုတ်သုန်တို့ အပါအဝင် ဒီ‌ကေဘီ‌အေ အရာရှိအချို့က ‌ဆွေး‌နွေးပွဲကို တက်‌ရောက်ခြင်း မရှိခဲ့‌ပေ။

နယ်ခြား‌စောင့်တပ်နှင့်ပတ်သက်၍ ဒီ‌ကေဘီ‌အေ အဖွဲ့အတွင်းတွင် လက်ခံသူများနှင့် လက်မခံသူများဟူ၍ သ‌ဘောထားကွဲ လွဲမှုများ ဖြစ်‌ပေါ်‌နေပြီး နယ်ခြား‌စောင့်တပ်ကို လက်ခံခဲ့သည့် ဒီ‌ကေဘီ‌အေ ‌ခေါင်း‌ဆောင်အချို့၏ ဆုံးဖြတ်ချက်အ‌ပေါ် ကျန် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် တပ်သားများက ‌ကျေနပ်မှုမရှိ ဖြစ်‌နေသည်။

အမည်မ‌ဖော်လိုသူ ဒီ‌ကေဘီ‌အေဗိုလ်ကြီးတဦးက “ဒီအ‌ခြေအ‌နေအတိုင်းဆိုရင် ဒီ‌ကေဘီ‌အေဟာ ‌အော်တိုမစ်တစ် နှစ်ခြမ်းကွဲ ‌တော့မယ်။ ကျ‌နော်တို့က‌တော့ ဘယ်လိုပဲဖြစ်ဖြစ် ကြုံလာမဲ့ အ‌ခြေအ‌နေ‌တွေကို ရင်ဆိုင်သွားမှာပဲ။ တိုက်မယ်ဆိုလည်း တိုက် ရမှာပဲ”ဟု ပြီးခဲ့သည့်အပတ်က ‌ကေအိုင်စီကို ‌ပြောဆိုခဲ့သည်။

ဒီ‌ကေဘီ‌အေ၌ စစ်‌သေနာပတိချုပ် ဗိုလ်ချုပ်‌စော‌ကျော်သန်း အပါအဝင် ဗိုလ်မှူးကြီး‌စောချစ်သူနှင့် အ‌ပေါင်းပါအချို့သည် နယ် ခြား‌စောင့်တပ်ကို လက်ခံထားသူများဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ဆိုသည်။

(လူထုကြားက ဒီ‌ကေဘီ‌အေ ရဲ‌ဘော်များ)

ပြီးခဲ့သည့်လလယ်ခန့်က ဗိုလ်မှူးကြီး‌စောချစ်သူက ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်နီထံ ဖုန်းဆက်ရာတွင် နယ်ခြား‌စောင့်တပ်ကို လက်မခံဘဲ တိုက်ပွဲများဖြစ်လာလျှင် ကရင်ပြည်သူများ စစ်‌ဘေးဒဏ်ကို ပြင်းထန်စွာ ခံစားကြရမည်ဖြစ်၍ မည်သို့လုပ်သင့်‌ကြောင်း ‌မေးလာသည့်အ‌ပေါ် “ကိုယ့်ဖာသာကိုယ် ကြည့်လုပ်ပါ။ ဘာမှမ‌ပြောတတ်ဘူး” ဟူသည့် တုန့်ပြန်မှုကိုသာ ရရှိခဲ့သည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောချစ်သူသည် နအဖနှင့် ပူး‌ပေါင်း၍ ၂၀၀၉ခုနှစ်၊ ဇွန်လ၌ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်၊ တပ်မဟာ(၇)ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် အဓိက စီစဉ်ညွှန်ကြားခဲ့ပြီး တိုက်ပွဲအ‌တောအ တွင်း ကရင်ပြည်သူ ၄,၀၀၀‌ကျော် ၎င်းတို့ရွာမှ စစ်‌ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံအတွင်းသို့ ဝင်‌ရောက်လာခဲ့ရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ နအဖ စစ်အစိုးရက ၎င်းနှင့် မသက်ဆိုင်ဘဲ ကရင်အချင်းချင်း ဖြစ်သည့်ကိစ္စသာဖြစ်‌ကြောင်း သတင်း မီဒီယာများကို ‌ပြောဆိုခဲ့သည်။

၁၉၉၄ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ခွဲထွက်ကာ လက်ရှိ ခန့်မှန်း‌ခြေအင်အား ၅,၀၀ဝရှိသည့် ဒီ‌ကေဘီ ‌အေအ‌နေဖြင့် နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးမ‌ပြောင်း‌ရေး ဆုံးဖြတ်ချက်သည် ၎င်းတို့၏ သမိုင်းအ‌ပြောင်းအလဲတခုပင် ဖြစ်သည်။

နအဖ၏ နယ်ခြား‌စောင့်တပ် ပြဌာန်းချက်အရ တပ်မ‌တော်တခုတည်းထားပြီး အုပ်ချုပ်‌ရေးနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အားလုံးကို အစိုးရစစ်တပ်ကသာ တိုက်ရိုက်ချုပ်ကိုင်ထားမည်ဖြစ်‌သော‌ကြောင့် ဒီ‌ကေဘီ‌အေအတွင်း၌ လက်မခံနိုင်မှုက ပိုများ သ‌ယောင်‌ယောင် ရှိသည်။

ထိုင်းနိုင်ငံအ‌ခြေစိုက် မြန်မာ့နိုင်ငံ‌ရေး၊ စစ်‌ရေး ‌လေ့လာသုံးသပ်သူ ကို‌အောင်သူငြိမ်းက စစ်အစိုးရသည် ဒီ‌ကေဘီ‌အေအပြင် ၎င်းတို့နှင့် အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားများကို အကျိုးစီးပွားအရ သ‌ဘောထား‌ပျော့‌ပြောင်းသူနှင့် အမျိုးသား‌ရေး စိတ်ဓာတ်အရ သ‌ဘောထားတင်းမာသူဟူ၍ နှစ်ဖွဲ့ခွဲကာ အားနည်း‌အောင်လုပ်‌နေသည့်အ‌ပေါ် ‌ကေအဲန်ယူနှင့် ပြန်လည်ပူး ‌ပေါင်းသင့်‌ကြောင်း ယခုလို သုံးသပ်သည်။

“ဒီလို ရှုတ်‌ထွေး‌နေတဲ့ အ‌ခြေအ‌နေမျိုးမှာ နယ်ခြား‌စောင့်တပ်ကို လက်မခံတဲ့ ဒီ‌ကေဘီ‌အေအ‌နေနဲ့ မိခင်အဖွဲ့အစည်း ‌ကေအဲန် ယူထဲ ပြန်‌ပေါင်းသင့်တယ်။ ပြန်လာပူး‌ပေါင်းလာ‌အောင် ‌ကေအဲန်ယူလည်း ပိုပြီး စည်းရုံးလုပ်‌ဆောင်သင့်တယ်။ သူတို့အ‌နေနဲ့ တိုက်ရိုက်မဟုတ်‌တောင်မှ တခြားသွယ်ဝိုက်တဲ့နည်းနဲ့ ပြန်လည်ပူး‌ပေါင်းသင့်တယ်”ဟု ဆိုသည်။

နယ်ခြား‌စောင့်တပ်ကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေအတွင်း သ‌ဘောထားကွဲလွဲမှုများရှိ‌နေချိန်၌ ၂၀၀၇ ခုနှစ်က နအဖနှင့် ငြိမ်းချမ်း‌ရေးယူခဲ့သည့် ဗိုလ်ချုပ်‌စောထင်‌မောင် ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီက နယ်ခြား‌စောင့်တပ် လုံးဝ လက်မခံ‌ကြောင်း ဧပြီလ ၂၂ရက်‌နေ့စွဲဖြင့် နအဖထံ စာ‌ရေးအ‌ကြောင်းပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ဒီ‌ကေဘီ‌အေထဲမှာ နယ်ခြား ‌စောင့်တပ်ကို လက်ခံတဲ့အဖွဲ့က‌တော့ ဗမာစစ်တပ်က ခိုင်းသမျှလုပ်၊ ‌ကျွေးတာကို စားရမယ်။ ‌နောက် ‌လေး၊ ငါးနှစ်ကြာရင် တပ်မ‌တော်တရပ်ပဲ ရှိရမယ်ဆိုပြီး ထွက်ဆိုရင်လည်း ထွက်ရမယ်။ ဖြစ်နိုင်ရင် လက်မခံတဲ့အဖွဲ့က‌တော့ ‌စောဘဦးကြီး ချမှတ် ထားတဲ့ မူ‌လေးချက်ကို ဆွဲကိုင်ပြီး ‌ကော်သူး‌လေပြည်နယ်ထဲမှာ ‌ကေအဲန်ယူနဲ့ ပြန်‌ပေါင်း‌စေချင်တယ်”ဟု ‌ကေအိုင်စီကို ‌ပြော သည်။

ဆက်လက်၍ သူက ဒီ‌ကေဘီ‌အေသည် လက်နက်ကိုင်‌နေသည့် ‌ယောက်ျား‌ကောင်းများဖြစ်ကြပြီး ‌ကေအဲန်ယူနယ်‌မြေထဲ၌ သစ်ပင်၊ မြစ်‌ချောင်းမကျန် သိနှင့်ပြီးသူများဖြစ်သည့်အတွက် ၎င်းတို့၏ အ‌တွေ့အကြုံ ဗဟုသုတတို့ကို ပြန်လည်စဉ်းစားသုံး သပ်ကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်‌စေချင်‌ကြောင်းလည်း တိုက်တွန်းထားသည်။

(ကရင်ပြည်နယ်အတွင်းရှျိ နအဖ တပ်စခန်းတခု)

တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်စပ်မှ ရွာသား ၃၀၀‌ကျော်သည် ပြီးခဲ့သည့် ဧပြီလ ‌နောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံနယ်စပ်၊ မဲ‌ဆောက်မြို့‌တောင်ပိုင်းရှိ ‌ဝေါ်‌လေ‌ကျေးရွာဘက်သို့ ထွက်‌ပြေးတိမ်း‌ရှောင်လာ ခဲ့သည်။

စစ်အစိုးရက ၎င်းနှင့် အပစ်အခတ် ရပ်စဲထား‌သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့‌ပေါင်း ၁၇ဖွဲ့အ‌နေဖြင့် နယ်ခြား‌စောင့် တပ်အသွင်‌ပြောင်း‌ရေးကို လက်မခံပါက ၁၉၈၉ ခုနှစ် မတိုင်ခင် အ‌ခြေအ‌နေသို့ ပြန်‌ရောက်သွားနိုင်သည်ဟု ခြိမ်း‌ခြောက်ထား ‌သော်လည်း ဝ၊ ကချင်၊ ကိုးကန့်၊ မွန်၊ ရှမ်း၊ မိုင်းလား အထူး‌ဒေသ(၄) စသည့် အဖွဲ့တို့သည် နယ်ခြား‌စောင့်တပ် အသွင် ‌ပြောင်း‌ရေး သတ်မှတ်ရက်ကုန်ဆုံးသည်အထိ လက်ခံခြင်းမရှိ‌သေး‌ပေ။

နအဖ စစ်အစိုးရတပ်များသည် ဧပြီလကုန်ပိုင်းနှင့် ‌မေလဆန်းပိုင်းတွင် မြဝတီမြို့သို့ တပ်ရင်း ၂ဝနီးပါး ထပ်မံ ‌ရောက်ရှိလာပြီး ဒီ‌ကေဘီ‌အေတပ်များနှင့် ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌ခြေစိုက်ရာ ‌ကော့ကရိတ်မြို့နယ်ရှိ ထို့‌ကော်ကိုး‌ကျေးရွာအနီးတွင် လက်နက် ကြီးငယ်တပ်ဆင်ကာ ‌ခြေကုပ်‌နေရာယူထား‌ကြောင်း မျက်မြင်သက်‌သေ လူထုအချို့က ‌ပြောသည်။

လက်ရှိ အ‌နေအထားအရ ‌ကော့ကရိတ်မြို့နယ်အတွင်း ပုံမှန်လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေတပ်များနှင့် နအဖတပ်များအတွင်း တိုက်ပွဲများ အချိန်မ‌ရွေး ဖြစ်လာနိုင်သဖြင့် ဒီ‌ကေဘီ‌အေအတွက် စိုးရိမ်မိ‌ကြောင်းနှင့် ၎င်းတို့မှန်သည်ထင်သည့်လမ်းကို ဆက် ‌လျှောက်ရန်လည်း ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောဆိုလိုက်သည်။

‌ကေအဲန်ယူသည် အင်အားကြီးမားသည့် ‌တော်လှန်‌ရေးအဖွဲ့အစည်းတခုဖြစ်ပြီး ၁၉၄၉ ခုနှစ်မှစ၍ ကရင်တမျိုးသားလုံး လွတ် ‌မြောက်‌ရေးနှင့် တန်းတူအခွင့်အ‌ရေးရရှိရန် စစ်အစိုးရကို ယခုအချိန်ထိ လက်နက်ကိုင်စွဲကိုင် ‌တော်လှန်‌နေဆဲ ဖြစ်သည်။