Home ထိပ်တန်းသတင်း ၆နာရီကြာ တိုက်ပွဲတွင် ‌ကေအဲန်အယ်လ်‌အေနှင့် နအဖ ထိခိုက်ကျဆုံးမှုရှိ

၆နာရီကြာ တိုက်ပွဲတွင် ‌ကေအဲန်အယ်လ်‌အေနှင့် နအဖ ထိခိုက်ကျဆုံးမှုရှိ

1786
‌မေလ ၁၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖါးပြဂွင်တွင် ယမန်‌နေ့မနက်က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေ အဲန်အယ်လ်‌အေ)နှင့် နအဖစစ်တပ်တို့အကြား (၆)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်‌သေဆုံးမှုရှိ‌ကြောင်း သိရှိ ရသည်။

ယမန်‌နေ့မနက်တွင် ကြာအင်းဆိပ်ကြီးမှ ခလယ်တံခွန်တိုင်ဘက်သို့ တက်လာသည့် အင်အား (၄၀)‌ကျော်ရှိ နအဖ စစ်ကွပ်ကဲ ‌ရေးဌာနချုပ်-စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၁)တပ်ရင်းမှ စစ်‌ကြောင်း(၂)ကို ကျုံခွန်နှင့် ‌တောင်ဒီး‌ကျေးရွာစပ်ကြားတွင် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)က ယ‌နေ့မနက် ၄နာရီခန့်မှ ၁ဝနာရီခွဲအထိ ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၁ဝဦး ထိခိုက် ‌သေဆုံးပြီး ‌ကေအဲန်အယ်လ်‌အေမှ ၁ဦး ကျဆုံးခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)က ‌ပြောသည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၆)မှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က “ကျုံခွန်နဲ့ ‌တောင်ဒီး‌ကျေးရွာကြားမှာ မနက် ၄နာရီ ‌လောက်က‌နေ ၁ဝနာရီခွဲအထိ ကျ‌နော်တို့ အပြန်အလှန် ပစ်ခတ်ကြတယ်။ တိုက်ပွဲက ဆက်တိုက်‌တော့ မဟုတ်ဘူး။ ပြတ် ‌တောင်းပြတ်‌တောင်း ပစ်ခတ်တာပါ။ ကျ‌နော်တို့ဘက်ကလည်း အင်အား ၅ဝနီးပါး‌ပေါ့။ အ‌လောင်း‌ကောက်လို့ ရသ‌လောက်က နအဖ ၇‌ယောက် ‌သေတယ်။ ၃‌ယောက် ဒဏ်ရာပြင်းတယ်။ ကျ‌နော်တို့ဘက်က‌တော့ ရဲ‌ဘော်တစ်‌ယောက် ဒဏ်ရာနည်းနည်းရ တယ်”ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် နအဖထံမှ လက်နက် (၄)လက် ‌ကေအဲန်အယ်လ်‌အေ သိမ်းဆည်းမိပြီး တိုက်ပွဲ‌ကြောင့် ကြာအင်းဆိပ်ကြီး မှ အင်အား ၃၀ဝခန့်ရှိ စကခ(၈)လက်‌အောက်ခံ ခမရ(၄၀၄)၊ ခမရ(၄၀၉)၊ ခလရ(၆၂)တပ်ရင်းတို့ စစ်ကူတက်လာသလို ‌လော ‌လောဆယ်တွင် ကျုံခွန်၊ ခလယ်တံခွန်တိုင်၊ ‌တောင်ဒီး‌ကျေးရွာသူကြီးများကို အဆိုပါ နအဖတပ်များမှ ဆင့်‌ခေါ်ထားသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒီ‌ကေဘီ‌အေ တပ်မှူးတဦးက “တိုက်ပွဲဖြစ်တာ အ‌တော်ကြာတယ်လို့ သိရတယ်။ နအဖ က တိုက် ပွဲဖြစ်တိုင်း တပ်သားကျဆုံးတဲ့အ‌ကြောင်းကို ‌ပြော‌လေ့‌ပြောထမရှိဘူး‌လေ။ တ‌နေရာမှာ ‌သေရင် တခါတည်း တန်းမြှုပ်ပစ်တာပဲ။ ‌ကော်သူး‌လေ (‌ကေအဲန်အယ်လ်‌အေ)ဘက်က အပိုင်‌နေရာယူထား‌တော့ သူတို့ပဲ သာမှာပါ”ဟု ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေတွင် ၂၀၀၇ခုနှစ်‌နောက်ပိုင်း နအဖနှင့် ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်တို့ မကြာခဏ တိုက် ပွဲဖြစ်ပွား‌လေ့ရှိ‌သော်လည်း ယခုတကြိမ်သည် အချိန်ကြာမြင့်ပြီး နအဖဘက်က အများအပြား ထိခိုက်‌သေဆုံးမှုရှိသည်။

နအဖ ခမရ(၄၀၁)တပ်ရင်းသည် မွန်ပြည်သစ်ပါတီက နယ်ခြား‌စောင့်တပ်ကို ငြင်းပယ်လိုက်သည့်‌နောက်ပိုင်း ယခုတိုက်ပွဲဖြစ် ပွားသည့် နယ်‌မြေသို့ဝင်‌ရောက်လာသည့်အ‌ပေါ် ‌ကေအဲန်အယ်လ်က ‌စောင့်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖားပြ‌ကျေးရွာနှင့် (၇)မိုင်အကွာအ‌ဝေးရှိ အဆိုပါတိုက်ပွဲဖြစ်ပွားရာ‌ဒေသတွင် စကခ(၈) လက်‌အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ(၄၀၁)၊ (၄၀၉)နှင့် ခမရ(၄၀၄)က နယ်‌မြေခံတပ်များအဖြစ်လည်း‌ကောင်း၊ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခလရ(၂၈၄)၊ တပ်မ(၂၂)လက်‌အောက်ခံ ခလရ(၂၀၉)တပ်ရင်းများက ဧပြီလဆန်းပိုင်းကတည်းက စစ်ကူအဖြစ် ‌ရောက်ရှိလာ ပြီး ‌ကေအဲန်အဲလ်‌အေတပ်ရင်း (၁၆)နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်‌ကြောင်း ‌ဒေသခံများက ထင်မြင်ယူဆ‌နေကြသည်။