Home ထိပ်တန်းသတင်း လိုင်စင်မရှိ ဆိုင်ကယ်များအပြင် လိုင်စင်ရှိပြီးသားများပါ စစ်‌ဆေးခံရ

လိုင်စင်မရှိ ဆိုင်ကယ်များအပြင် လိုင်စင်ရှိပြီးသားများပါ စစ်‌ဆေးခံရ

1743
ဇူလိုင်လ ၁၃ရက်။ ‌စော‌ကျော်အဲ (‌ကေအိုင်စီ)

တရားမဝင် လိုင်စင်မဲ့ ဆိုင်ကယ်များကို လွန်ခဲ့သည့်အပတ် ဇူလိုင်လ ၁ရက်‌နေ့က စတင်ဖမ်းဆီးမည်ဟု တစ်နိုင်ငံလုံး ‌ကြေ ညာထားခဲ့ပြီး‌နောက် လိုင်စင်ရှိပြီးသား ‌မော်‌တော်ဆိုင်ကယ်များကိုလည်း ဖမ်းဆီးကာ ဒဏ်‌ငွေ‌ဆောင်ခိုင်းခြင်းများရှိသည်ဟု ‌ကော့ကရိတ်မြို့တွင်း ဆိုင်ကယ်တက္ကစီသမားများက ‌ပြောဆို‌နေကြသည်။
ယခုနှစ် ဇန်နဝါရီလမှစ၍ ဇွန်လဆန်းပိုင်းအထိ လိုင်စင်မရှိသည့် ဆိုင်ကယ်များအပြင် လိုင်စင်ရှိပြီးသား ဆိုင်ကယ်များကို လည်း စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည်ကို စစ်‌ဆေး‌တွေ့ရှိပါက ဒဏ်‌ငွေ‌ဆောင်ခိုင်းခြင်းဖြစ်‌ကြောင်း ဆိုင်ကယ် တက္ကစီသမားတစ်ဦးက ‌ပြောသည်။

“ကျ‌နော်တို့ဆိုင်ကယ်‌တွေ အပြင်ထွက်ရင် မှန်၊ ဒူးကာ၊ အချက်ပြမီး‌တွေ လိုက်ကြည့်တာ‌တောင်မက ‌လေထိုးတာ တင်းသ လား၊ ‌ပျော့သလားအထိ စစ်‌ဆေးတယ်။ အဲလိုစစ်‌ဆေးလို့ တစ်ခုခု ချွတ်ယွင်းတာ‌တွေ့ရင် ကျပ်‌ငွေ ၂,၀၀ဝက‌နေ ၇,၀၀ဝ အထိ ဒဏ်ရိုက်တယ်‌လေ။”ဟု ‌ကော့ကရိတ်မြို့ခံ ဆိုင်ကယ်တက္ကစီ‌မောင်းသမားတစ်ဦးက ‌ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့အစည်းများက ဖမ်းဆီးခြင်း၊ အဆမတန် ဒဏ်‌ငွေရိုက်ခြင်း ခံရသည့် ဆိုင်ကယ် အများအပြား ရှိရာ လိုင်စင်မရှိသည့် ဆိုင်ကယ်များကို ဝှက်ထားရ‌ကြောင်း ‌ဒေသများ၏ ‌ပြောပြချက်အရ သိရသည်။

‌ကော့ကရိတ်မြို့မှ အစိုးရဝန်ထမ်းတစ်ဦး၏ အဆိုအရ “ဒီတစ်‌ခေါက် ဆိုင်ကယ်လိုင်စင်ဖမ်းတာ အဖွဲ့‌ပေါင်းစုံပဲ။ နတလ၊ စည်ပင်၊ ဆည်‌မြောင်း စတဲ့အဖွဲ့‌တွေပါတယ်။ ဆိုင်ကယ်လိုင်စင်‌ကြေး များသွားတာကလည်း ‌ဒေါ်လာ‌ဈေးနဲ့ကိုက်‌အောင် တွက်ထားတဲ့အတွက် ‌ဈေးမြင့်သွားတာဖြစ်နိုင်တယ်။”ဟု သုံးသပ်‌ပြောဆိုခဲ့သည်။
ဆိုင်ကယ်လိုင်စင်လုပ်ရာတွင် လိုင်စင်ရှိပြီးသား ဆိုင်ကယ်များနှင့် လိုင်စင်မရှိ‌သေးသည့် ဆိုင်ကယ်များကို ‌မော်ဒယ်လ်အ လိုက် ကုန်ကျမှုခြင်း မတူညီ‌ကြောင်းကို ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးသည့် မြဝတီမြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

“၂၀၀၉ခုနှစ်တုန်းက ၂၀၀၇-၀၈ ‌မော်ဒယ်လ်ဆိုရင် ၃သိန်း‌ကျော် အခု သက်တမ်းပြန်တိုးတာက ‌မော်ဒယ်အားလုံး ၄‌သောင်း ‌ကျော်သက်သက်ပဲ။ လိုင်စင်မရှိတဲ့ ၂၀၀၈-၀၉ ‌မော်ဒယ်လ်‌တွေက ကျပ် ၆သိန်းက‌နေ ၇သိန်းအထိ ‌ပေးရတယ်”ဟု သူက ‌ပြောသည်။

သို့‌သော် ယမန်နှစ်က ပြုလုပ်‌ပေးသည့် ဆိုင်ကယ်လိုင်စင်များမှာ ကရင်ပြည်နယ်အတွင်းသာ သွားလာခွင့်ရှိပြီး ယခုနှစ် လုပ်‌ပေးသည့် လိုင်စင်မှာမူ မြန်မာတစ်နိုင်ငံလုံးသို့ သွားလာနိုင်‌သော်လည်း ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက်မူ တစ်နိုင်ငံလုံးအထိ သွားလာရန် မလိုအပ်‌ကြောင်း ‌ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုသည်။
ယခုလို ဆိုင်ကယ်လိုင်စင်လုပ်ရာတွင် ‌ငွေ‌ကြေးတတ်နိုင်သူများအတွက် အဆင်‌ပြေမှုရှိ‌သော်လည်း ‌ငွေ‌ကြေးမတတ်နိုင်သူ များအတွက်မူ အခက်အခဲဖြစ်‌နေသဖြင့် ဤလဆန်းပိုင်းအတွင်း ‌ကော့ကရိတ်မြို့တွင်းဖြစ်‌စေ၊ ‌ကျေးရွာများသို့ဖြစ်‌စေ ဆိုင် ကယ်သွားလာမှုမှာ အလွန်နည်းပါးသွားသည်ဟု သိရသည်။