Home ထိပ်တန်းသတင်း မိုးနည်း၍ စပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံ‌နေရ

မိုးနည်း၍ စပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံ‌နေရ

1966
ဇွန်လ ၁ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယခုနှစ် မိုးရာသီတွင် မိုးနည်း‌သော‌ကြောင့် ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌ညောင်‌လေးပင်ခရိုင်တွင် ‌ဒေသခံလယ်သမားများ လယ်ယာ စပါးစိုက်ပျိုးရန် အခက်ကြုံ‌နေရသည်ဟု သိရသည်။

‌ညောင်‌လေးပင်ခရိုင်အတွင်းရှိ ‌ကျောက်ကြီး၊ မုံးနှင့် ‌ရွှေကျင် မြို့နယ်သုံးခုအတွင်း ‌နေထိုင်သည့် လူထုများသည် ‌တောင်ယာစိုက်ပျိုး ‌ရေးထက် လယ်ယာစိုက်ပျိုး‌ရေးကိုသာ မှီခိုအားထားသူများဖြစ်သည့်အတွက် ယခုနှစ် မိုးနည်းသည့်အ‌ပေါ် လာမည့်နှစ်တွင် ၎င်းတို့ စားဝတ်‌နေ‌ရေးကို ထိခိုက်နိုင်သည်ဟု ပြည်တွင်းဌာ‌နေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ(စီအိုင်ဒီ‌ကေပီ) တာဝန်ရှိပုဂ္ဂိုလ်တဦး ဖြစ်သူ ‌စောမူး‌ဒေးက ယခုလို ‌ပြောသည်။

သူက “အမှန်မှန်က ဒီလို ဇူလိုင်လမှာ လယ်ထွန်၊ စပါးစိုက်ရတဲ့လပဲဗျ။ အခု မိုးမရွာ‌တော့ အဲဒီမှာရှိတဲ့ လယ်သမား‌တွေ ဘယ်လိုမှ စပါးစိုက်လို့ မရဘူး။ ‌ညောင်‌လေးပင်ခရိုင်မှာရှိတဲ့ လယ်သမား‌တွေ ‌တော်‌တော်ညည်းညူတာကို ‌တွေ့ရတယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့‌တွေဟာ စပါးစိုက်ဖို့ ခုထိ မ‌သေချာ မ‌ရေရာတဲ့ အ‌ခြေအ‌နေမှာ ရှိတယ်”ဟု ‌ပြောသည်။

‌ကျောက်ကြီးမြို့နယ်ရှိ၊ ပါ့တလာ‌ကျေးနယ်အုပ်စု၊ ဟီဖိုးဒဲ‌ကျေးရွာ‌နေ လယ်သမားတဦးက “ဒီနှစ်‌တော့ မိုးနည်းတဲ့အတွက် ခုထိ စပါး စိုက်လို့ မရ‌သေးဘူး။ မိုးတွင်းဆို‌ပေမယ့် ၃၊ ၄ရက်မှ တကြိမ်‌လောက်ပဲ မိုးရွာတယ်။ ရွာ‌တော့လည်း မဖြစ်စ‌လောက်ပဲ။ မိုးရွာတဲ့အ ချိန် လယ်ကို ထယ်နဲ့ထွန်တုန်း မိုးထပ်မရွာ‌တော့ အဲဒီအတိုင်းပဲ ထားပစ်ရတယ်။ ဒီအတိုင်းဆိုရင် ‌နောက်နှစ်အတွက် ရိက္ခာ ပြဿနာ ကြုံရနိုင်တယ်”ဟု ဆိုသည်။

‌ညောင်‌လေးပင်ခရိုင်အတွင်းရှိ မြို့နယ်သုံးခုတွင် ခန့်မှန်း‌ခြေ လယ်ဧက‌ပေါင်း (၅,၀၀၀)‌ကျော်ရှိပြီး ‌ဒေသခံလူထု၏ ၇ဝရာခိုင်နှုန်း သည် လယ်ယာစိုက်ပျိုး‌ရေးကိုသာ အားထား‌နေကြသည်။

အဆိုပါ‌ဒေသတွင် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် ဩဂုတ်လမှ နိုဝင်ဘာလအတွင်း လယ်စပါးသီးချိန်တွင် ‌တောကြွက်များ ဝင်‌ရောက်ဖျက် ဆီးမှု‌ကြောင့် စပါးသီးနှံ အထွက်နှုန်း ကျဆင်းခဲ့သည်။

အလားတူ ကရင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်၊ ခရိုင်များလည်း ယခုချိန်ထိ မိုးပုံမှန်မရွာ‌သေးသဖြင့် ‌ဒေသခံလယ်သမားများက မိုးစပါး စိုက်ပျိုးရန် အခက်ကြုံကြပြီး လာမည့်နှစ်တွင် စပါး အသီးမ‌အောင်၊ အထွက်နှုန်း ‌လျှော့နည်းသွားမည်ကို စိုးရိမ်‌နေကြသည်။