Home ထိပ်တန်းသတင်း ဒီ‌ကေဘီ‌အေ တပ်စုတစု ‌ကေအဲန်ယူထံ လာ‌ရောက်ပူး‌ပေါင်း

ဒီ‌ကေဘီ‌အေ တပ်စုတစု ‌ကေအဲန်ယူထံ လာ‌ရောက်ပူး‌ပေါင်း

1825
ဇူလိုင်လ ၁၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲ့စရီဂွင်အတွင်း လှုပ်ရှား‌နေသည့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်မဟာ(၉၉၉) အထူးတပ်ရင်းမှ တပ်စုတစုသည် လက်နက်အပြည့်အစုံနှင့်အတူ ‌ကေအဲန်ယူ တပ်မဟာ(၇)ထံ ယမန်‌နေ့က လာ‌ရောက်ပူး‌ပေါင်းခဲ့သည်။

‌ကေအဲန်ယူထံ လာ‌ရောက်ပူး‌ပေါင်း‌သော ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များ (ဓါတ်ပုံ - ‌ကေအိုင်စီ)

အဆိုပါ ဒီ‌ကေဘီ‌အေ တပ်ရင်း၊ တပ်ခွဲ(၁)မှ တပ်စုမှူး ဒုဗိုလ်‌စောမျိုးမျိုး ဦး‌ဆောင်‌သော တပ်ဖွဲ့ဝင် ၇ဦးသည် ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌မြောက်ဘက် (၁၁၃)ကီလိုမီတာအကွာရှိ မဲ့စရီ‌ကျေးရွာတစ်ဘက်ကမ်း က‌လေ့ထာ့တွင် အ‌ခြေစိုက်လှုပ်ရှားလျှက် ရှိပြီး ‌ရှေ့တန်း၌ တပ်ရိက္ခာ‌ထောက်ပံ့မှု မပြည့်စုံခြင်းနှင့် နယ်ခြား‌စောင့်တပ် လက်မခံနိုင်ခြင်းတို့‌ကြောင့် ယခုလို ‌ကေအဲန်အယ် လ်‌အေ တပ်မဟာ(၇) တပ်ရင်း(၁၀၁)ထံ လာ‌ရောက်ပူး‌ပေါင်းရခြင်းဖြစ်သည်ဟု တပ်စုမှူး ဒုဗိုလ်‌စောမျိုးမျိုးက ‌ပြောသည်။

သူက “‌ရှေ့တန်းမှာ‌နေတာ လက‌တော့ကုန်ပြီ။ ရိက္ခာသွားထုတ်ခွင့်မရ‌သေးဘူး။ သွားထုတ်‌တော့လည်း အပြည့်အဝ မရဘူး။ သားငါးတကီလို‌လောက် ဝယ်စားဖို့အတွက် ရဲ‌ဘော်‌တွေ မီး‌သွေးဖုတ် ‌ရောင်းရတဲ့အဖြစ်ဆို‌တော့ တပ်စုမှူးတစ်‌ယောက်အ‌နေနဲ့ မခံစားနိုင်ဘူး။ ‌နောက်တစ်ခုက ဗမာ့တပ်မ‌တော်တံဆိပ်တပ်ပြီး ဗမာစစ်သားသွားလုပ်ရမဲ့ဥစ္စာကို ကျ‌နော်တို့ လုံးဝ သ‌ဘောမတူဘူး။ အဲဒါ‌ကြောင့် ဒီက ဆရာသမား၊ ညီအစ်ကို‌တွေဆီ ပြန်လာတာ အ‌ကောင်းဆုံးနည်းလမ်းပဲ‌လေ”ဟု ‌ပြောသည်။

အဆိုပါ လာ‌ရောက်ပူး‌ပေါင်းကြသူများမှာ ဒုဗိုလ်‌စောမျိုးမျိုး ၂၉နှစ်၊ တပ်ကြပ်ကြီး ‌စောက‌လော်ဟီး ၅၄နှစ်၊ တပ်ကြပ် ‌မောင်ဝင်း ‌နေ ၂၆နှစ်၊ တပ်သား‌အောင်စိန် ၂၇နှစ်၊ တပ်သားမိုးကြိုး ၂၅နှစ်၊ တပ်သားစိုးလင်း ၂ဝနှစ်နှင့် တပ်သား‌စောလားဖိုး ၁၈နှစ်တို့ ဖြစ်ပြီး ၎င်းတို့နှင့်အတူ 9-MM တစ်လက်၊ M-79 တစ်လက်၊ Carbine တစ်လက်၊ AK သုံးလက်၊ M-16 နှစ်လက်နှင့် ကျည်ဆံ တချို့ ပါဝင်သည်ဟု သိရသည်။

‌ကေအဲန်ယူထံလာ‌ရောက်ပူး‌ပေါင်းမှု‌ကြောင့် ဒီ‌ကေဘီ‌အေ တပ်စုမှူးဒုဗိုလ်‌စောမျိုးမျိုးနှင့် တပ်ကြပ်ကြီး ‌စောက‌လော်ဟီးတို့၏ မိသားစုများကို ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)အထူးတပ်ရင်းမှ ဖမ်းဆီးချုပ်‌နှောင်ထားကာ ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်‌နေ ‌ကြောင်း သိရသည်။

တပ်ကြပ်ကြီး ‌စောက‌လော်ဟီးက “ကျ‌နော်တို့ ဒီဘက်ကို ‌ရောက်‌ရောက်ချင်းမှာပဲ သူတို့‌တွေ ကျ‌နော့်မိန်းမနဲ့ က‌လေး ၂ ‌ယောက်ကို အချုပ်ခန်းထဲကို ဖမ်းထည့်ပြီး ခြိမ်း‌ခြောက်အကြပ်ကိုင်တာ‌တွေ လုပ်‌နေတယ်လို့ သိရတယ်။ က‌လေးက ၂နှစ်နဲ့ ၅နှစ်ပဲ ရှိ‌သေးတယ်၊ ဘာမှသိတာမဟုတ်ဘူး။ ဒီလုပ်ရပ်‌တွေဟာ တိရိစ္ဆာန်ထက်‌တောင် ပိုဆိုးတယ်”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေတွင် (၂)လသာ တာဝန်ထမ်း‌ဆောင်ရ‌သေးသူ တပ်သား‌အောင်စိန်ကလည်း “မိန်းမနဲ့ က‌လေး‌တွေကို စိုးရိမ်လွန်း လို့ ကျ‌နော် ငိုခဲ့ရတာ အကြိမ်‌ပေါင်း မနည်း‌တော့ဘူး။ အခု ကျ‌နော့် မိန်းမနဲ့က‌လေး‌တွေကလည်း အချုပ်ခန်းထဲမှာပဲလား မသိဘူး။ တ‌ယောက်က နို့စို့အရွယ်ပဲရှိ‌သေး‌တော့ အရမ်း စိုးရိမ်တာ‌ပေါ့။”ဟု ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)မှ အထူးတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စော‌မောင်ဝင်းကို ‌ကေအိုင်စီက ယ‌နေ့ ဆက်သွယ်‌မေးမြန်းရာ ဖုန်းလိုင်းမရရှိခဲ့‌ပေ။

ယခုပြန်လည်‌ရောက်ရှိလာကြသူများထဲတွင် ယခင်က ‌ကေအဲန် ယူတွင် တာဝန်ထမ်း‌ဆောင်ခဲ့ဖူးကြသူများ ပါဝင်သလို အတင်း အဓမ္မ စစ်သားစု‌ဆောင်းခံရသူများလည်း ပါဝင်ပြီး အချို့မှာ ‌ကေအဲန်ယူနှင့်လက်တွဲကာ တိုက်ပွဲဝင်မည့်သူများရှိသလို သာမန် အရပ်သားအဖြစ် ‌နေထိုင်သွားမည့်သူများလည်းရှိသည့်အတွက် ၎င်းတို့၏ဆန္ဒအတိုင်း စီစဉ်လိုက်‌လျောသွားမည်ဟု ‌ကေအဲန် အယ်လ်‌အေ တပ်ရင်း (၁၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌ဖောဒိုက ‌ပြောသည်။

လက်ရှိအချိန်တွင် အင်အား ၄၀၀၀‌ကျော်ရှိသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့တွင် (၉၉၉)တပ်မဟာသည် အင်အားအများဆုံး ဖြစ် သည်။