Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

မိုး‌ရေ မလုံ‌လောက်‌သော‌ကြောင့် စပါးပင်များ မကြီးထွားနိုင်

‌အောက်တိုဘာလ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွင်းက‌လေး‌ကျေးရွာအုပ်စု၌ ယခုနှစ်တွင် မိုး‌ရေ အလုံအ‌လောက် မရရှိ‌သော ‌ကြောင့် မိုး‌ရေကို အားထားကာ စိုက်ပျိုးရသည့် လယ်စပါးများမှာ ယခုအချိန်တွင် ပင်စည်နှင့် အရွက်များ ဝါလာပြီး မကြီးထွား နိုင်ဘဲ ဖြစ်‌နေ‌ကြောင်း ‌ဒေသခံ လယ်သမားများက...

တစ်လ‌ကျော်အတွင်း အပစ်ရပ်ကရင်အဖွဲ့နှစ်ဖွဲ့မှ အင်အား ၅၉ဦး KNU နှင့် ပူး‌ပေါင်းခဲ့

‌အောက်တိုဘာလ ၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) နယ်ခြား‌စောင့်တပ်(BGF)နှင့် ‌ကေအဲန်ယူ-‌ကေအဲန်အယ်လ်‌အေ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KPC)မှ တပ်ဖွဲ့ဝင် ၅၉ဦးသည် ဩဂုတ်လကုန်ပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နှင့် လာ‌ရောက်ပူး‌ပေါင်း ခဲ့‌ကြောင်း KNU ဘက်က ထုတ်‌ဖော်‌ပြောဆိုသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၈ရက်‌နေ့က တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(DKBA) နယ်ခြား‌စောင့်အဖြစ်...

ထိခိုက်မှုမရှိသည့် မြဝတီ ဗုံး‌ပေါက်ကွဲမှု လုပ်ကြံမှုသာဖြစ်နိုင်

‌အောက်တိုဘာလ ၆ရက်။ ‌ကေအိုင်စီ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တီဗီထပ်ဆင့်လွှင့်ဌာန(မိုက်ခရို‌ဝေ့ဗ်)အနီးတွင် ယမန်‌နေ့ည မြန်မာစံ‌တော်ချိန် ၁ဝနာရီ‌ကျော်၌ ဗုံး‌ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့‌သော်လည်း လူများ ထိခိုက်‌သေ‌ကြေမှုမရှိ‌ကြောင်း သိရသည်။ မျက်မြင်သက်‌သေတစ်ဦးက “ဗုံးက ‌ပေါက်ကွဲသံ အ‌တော်ကျယ်တယ်။ ဒါ‌ပေမဲ့ ယမ်းအားပဲရှိပြီး ယမ်းစာမပါဘူး‌လေ။ ‌နောက်တ ‌ကြောင်းက ညဘက် လူအသွားအလာပြတ်ချိန်ဆို‌တော့ ဘယ်သူ့ကိုမှ...

ဗိုလ်ချုပ်မှူးကြီး သန်း‌ရွှေနှင့် ဇနီး ‌ဒေါ်ကြိုင်ကြိုင် ချစ်ကြည်‌ရေး ခရီးစဉ်

‌အောက်တိုဘာလ ၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) နအဖ စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေနှင့် ဇနီး ‌ဒေါ်ကြိုင်ကြိုင်သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ယ‌နေ့မနက် ၁ဝနာရီ‌ကျော်တွင် ချစ်ကြည်‌ရေးခရီးစဉ်ထွက်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေနှင့် ဇနီးသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၆ရက်တွင် အိန္ဒိယနိုင်ငံသို့လည်း‌ကောင်း၊ စက်တင်ဘာလ ၄ရက်‌နေ့တွင် တရုတ်နိုင်ငံသို့လည်း‌ကောင်း ၅ရက်တာ...

‌နောက်ဆုံး စက္ကန့်ပိုင်းသို့တိုင်

M.ထက်‌ခေါင် (၁) ၎င်းတို့ကျင်းပမည့် ‌ရွေး‌ကောက်ပွဲ၌ ၎င်းတို့သာ အနိုင်ရရှိ‌ရေး အဓမ္မလုပ်ရပ်များကို မျက်နှာ‌ပြောင်စွာ လုပ်‌ဆောင်‌နေ‌သော စစ် အုပ်စုက ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍ လူထုအကြား ‌ဝေဖန်‌ပြောဆိုခြင်း မပြုရန် အမိန့်ထုတ်လာပြီး လူထုကြားထဲ မ‌ကျေမ နပ် တအုံ‌နွေး‌နွေး ဖြစ်‌နေချိန်၊ ပြီးခဲ့သည့်လ အနည်းငယ်မှစ၍ ဆရာဦးစိန်ဝင်း(လူထု)လို ပုဂ္ဂိုလ်များက...

မွန်ပြည်သူများ ‌ရွေး‌ကောက်ပွဲကို သပိတ်‌မှောက်ကြရန် မွန်အမျိုးသား ‌ရေးရာအဖွဲ့ချုပ် လှုံ့‌ဆော်မည်

‌အောက်တိုဘာ ၁ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) နအဖစစ်အစိုးရ ကျင်းပမည့် ၂၀၁၀‌ရွေး‌ကောက်ပွဲသည် တရားမျှတမှုမရှိသည့် ‌ရွေး‌ကောက်ပွဲဖြစ်‌သော‌ကြောင့် မွန်ပြည်သူ များ အ‌နေဖြင့် သပိတ်‌မှောက်ကြရန် မွန်အမျိုးသား‌ရေးရာအဖွဲ့ချုပ် (MAU)က စည်းရုံး လှုံ့‌ဆော်မည်ဟု ယမန်‌နေ့က‌ကြေညာချက် တ‌စောင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်‌နေ့မှ ၂၇ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ကျင်းပပြုလုပ်သည့် မွန်အမျိုး...

မယ်လဒုက္ခသည်စခန်းရှိ ‌ဈေးဆိုင်ဖွင့်သူများအား ရိက္ခာ‌လျှော့ဖွယ်ရှိ

‌အောက်တိုဘာလ(၁)ရက်။ ‌နော်ဖြူဖြူသင်း(‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ‌နေထိုင်သူများထဲမှ မိသားစုစီးပွား‌ရေးအတွက် ‌ဈေး ဆိုင်ခန်းဖွင့်‌သော အိမ်‌ထောင်စုများကို စခန်းတာဝန်ရှိသူများက ယ‌နေ့တွင် ‌တွေ့ဆုံစိစစ်ပြီး ရိက္ခာ‌လျှော့ သင့်ပါက ‌လျှော့‌ပေးသွားမည်ဟု စခန်းတာဝန်ရှိသူတဦး ‌ပြောသည်။ “ဒီ‌နေ့ မနက် ၉နာရီမှာ ကျ‌နော်တို့ စခန်းတာဝန်ရှိသူ‌တွေက ဇုံ‌အေနှင့် ဇုံဘီရှိတဲ့ ဆိုင်‌ရောင်းတဲ့...

၂၀၁ဝ ‌ရွေး‌ကောက်ပွဲမှာ စစ်အုပ်စုက မတရားမှု‌တွေကို ဘယ်လိုကျူးလွန်ကျင့်သုံးနိုင်သလဲ

တူ‌မောင်ညို (၂၀၁ဝ စက်တင်ဘာ ၂၁ ) ဆင်‌ကောင်ကြီး‌တွေ့‌နေတာ‌တောင် မင်းက ဆင်‌ခြေရာရှာဦးမလို့လားလို့ ‌မေးချင်စရာပါ။ အ‌ခြေခံဥပ‌ဒေ (၂၀၀၈) ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ဥပ‌ဒေ နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေ နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပ‌ဒေများ ပြည်သူ့လွှတ်‌တော်‌ရွေး‌ကောက်ပွဲဥပ‌ဒေ၊ ပြည်သူ့လွှတ်‌တော်‌ရွေး‌ကောက်ပွဲနည်းဥပ‌ဒေ၊ အမျိုးသားလွှတ်‌တော် ‌ရွေး‌ကောက်ပွဲဥပ‌ဒေ အမျိုးသားလွှတ်‌တော် ‌ရွေး‌ကောက်ပွဲနည်းဥပ‌ဒေ တိုင်း‌ဒေသကြီးလွှတ်‌တော် သို့မဟုတ် ပြည်နယ်လွှတ်‌တော်‌ရွေး‌ကောက်ပွဲဥပ‌ဒေ တိုင်း‌ဒေသကြီးလွှတ်‌တော် သို့မဟုတ် ပြည်နယ်လွှတ်‌တော်‌ရွေး‌ကောက်ပွဲနည်းဥပ‌ဒေ ရာဇသတ်ကြီးဥပ‌ဒေနှင့်အခြားတည်ဆဲဥပ‌ဒေများ/ အမိန့်‌ကြေညာချက်များ /ညွန်ကြားချက်များ အုပ်ချုပ်‌ရေးယန္တရားအဆင့်ဆင့် (ရဲ/‌ထောက်လှမ်း‌ရေး...

ဂျပန်နိုင်ငံ‌ရောက် ကရင်ဒုက္ခသည်များ သတ်မှတ်ထားသည့်မြို့ မ‌ရောက်‌သေး

စက်တင်ဘာလ ၃ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ဂျပန်နိုင်ငံသို့ ‌ရောက်ရှိသွားသည့် ကရင်ဒုက္ခသည်မိသားစု ၃စုမှ က‌လေးနှစ်ဦးသည် နာမကျန်းဖြစ်‌သော‌ကြောင့် ၎င်းတို့ကို အ‌ခြေချ‌ပေးမည့် Shijukuku မြို့သို့ မ‌ရောက်ရှိ‌သေးဘဲ ဂျပန်အစိုးရက တိုကျိုရှိ အားကစားရုံ ‌ဘော်ဒါ‌ဆောင်တစ်ခုတွင် ယာယီ ထားရှိသည်ဟု သိရသည်။ လက်ရှိအချိန်၌ ၎င်းတို့ကို ဂျပန်နိုင်ငံ...

နယ်ခြား‌စောင့်တပ်စုတစု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)ထံ ဘက်‌ပြောင်းလာ

စက်တင်ဘာ၃၀။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် အ‌ခြေစိုက် ကရင်နယ်ခြား‌စောင့်တပ်(BGF) တပ်စုတစု ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)ထံသို့ ပြီးခဲ့သည့်အပတ်က ဘက်‌ပြောင်း‌ရောက်ရှိလာသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။ တပ်စုမှူး‌စော‌အောင်ထူး ဦး‌ဆောင်သည့် နယ်ခြား‌စောင့်တပ် တပ်ရင်း (၁၀၂၂)မှ တပ်ဖွဲ့ဝင် ၈ဦးသည် ဘုရားသုံးဆူအ‌ခြေစိုက် ဗိုလ် ကြီး‌စော‌အေဝမ်းဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)...
Donate