Home ထိပ်တန်းသတင်း ဂျပန်နိုင်ငံ‌ရောက် ကရင်ဒုက္ခသည်များ သတ်မှတ်ထားသည့်မြို့ မ‌ရောက်‌သေး

ဂျပန်နိုင်ငံ‌ရောက် ကရင်ဒုက္ခသည်များ သတ်မှတ်ထားသည့်မြို့ မ‌ရောက်‌သေး

1916
စက်တင်ဘာလ ၃ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဂျပန်နိုင်ငံသို့ ‌ရောက်ရှိသွားသည့် ကရင်ဒုက္ခသည်မိသားစု ၃စုမှ က‌လေးနှစ်ဦးသည် နာမကျန်းဖြစ်‌သော‌ကြောင့် ၎င်းတို့ကို အ‌ခြေချ‌ပေးမည့် Shijukuku မြို့သို့ မ‌ရောက်ရှိ‌သေးဘဲ ဂျပန်အစိုးရက တိုကျိုရှိ အားကစားရုံ ‌ဘော်ဒါ‌ဆောင်တစ်ခုတွင် ယာယီ ထားရှိသည်ဟု သိရသည်။

လက်ရှိအချိန်၌ ၎င်းတို့ကို ဂျပန်နိုင်ငံ တိုကျိုမြို့ Olympics Memorial Center တွင် ထားရှိပြီး ဖျားနာ‌နေသည့် က‌လေးငယ်နှစ် ဦးမှာ (၂)နှစ်အရွယ် ‌ယောက်ျား‌လေးတဦးနှင့် ၁ဝနှစ်နီးပါးရှိ မိန်းခ‌လေးတဦးတို့ ဖြစ်သည်ဟု ထိုသူများကို သွား‌ရောက်ကြိုဆိုခဲ့ သူ ဂျပန်နိုင်ငံ‌ရောက် ကရင်ဒုက္ခသည် အမျိုးသမီးတဦးက ‌ကေအိုင်စီကို ယမန်‌နေ့က ‌ပြောသည်။

“ဒီက‌လေးနှစ်‌ယောက်က ‌လေယာဉ်‌ပေါ်က ဆင်းဆင်းချင်း ဖျား‌နေတာ‌လေ။ ခရီးပမ်းတာလည်း ပါမှာ‌ပေါ့။ ဂျပန်အစိုးရက က‌လေး‌တွေ အဲလိုဖျားနာ‌နေ‌တော့ သတ်မှတ်ထားတဲ့ Shijukuku မြို့ကို မပို့‌သေးဘဲ ‌ဘော်ဒါ‌ဆောင်တစ်ခုမှာ ‌ကောင်း‌ကောင်း ‌ပေးနားထားပါတယ်။”ဟု ဆိုသည်။

ဂျပန်နိုင်ငံသို့ တတိယနိုင်ငံ အစီအစဉ်ဖြင့် လာ‌ရောက်မည့် ကရင်ဒုက္ခသည်မှာ ၂၇ဦးဖြစ်‌သော်လည်း မိသားတစ်စုမှာ ဖျားနာ သည့်အတွက် ထိုင်းနိုင်ငံတွင် ကျန်ခဲ့ရ‌ကြောင်းနှင့် ယခု ‌ရောက်ရှိလာသူ ဒုက္ခသည် ၁၈ဦးကိုလည်း ဂျပန်သို့‌ရောက်ရှိပြီး ‌နောက် တ‌နေ့ဖြစ်သည့် စက်တင်ဘာလ ၂၉ရက်‌နေ့တွင် နယ်စပ်ရှိ ‌ဆွေမျိုးမိတ်‌ဆွေများထံ ဖုန်းဆက်ခွင့်ရရှိခဲ့ကြသည်ဟုလည်း သိရ သည်။

ဂျပန်‌ရောက် ဒုက္ခသည်၏ ‌ဆွေမျိုးဖြစ်သူ မယ်လစခန်းမှ ‌နော်‌ကော်လာမုက “မ‌နေ့က ကျမ သားမက် ‌စော‌ကျော်စိန် ဖုန်းဆက် လာတယ်။ ဂျပန်ကို ‌ကောင်း‌ကောင်းမွန်မွန် ‌ရောက်တယ်တဲ့။ ဒါ‌ပေမဲ့ သူတို့ မိသားစု ၇‌ယောက်ထဲမှာ အသက် ၂နှစ်အရွယ် အငယ်ဆုံး သား‌ယောက်ျား‌လေးက ဖျားတယ်တဲ့။ ဂျပန်မထွက်ခင် ထိုင်းနိုင်ငံမှာလည်း တခါဖျားခဲ့ပြီးပြီ။ အခု ထပ်ဖျားတာပဲ။” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဒုက္ခသည်မိသားစု(၃)စု ဂျပန်နိုင်ငံသို့ ‌ချော‌ချော‌မွေ့‌မွေ့ ‌ရောက်ရှိသွား‌သော်လည်း ကျန်ဒုက္ခသည်မိသားစု (၂)စုမှာ ၎င်းတို့၏ က‌လေးငယ် ကျန်းမာ‌ရေး အ‌ခြေအ‌နေ‌ကြောင့် ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့နှင့် ဘန်‌ကောက်မြို့တွင် ‌သောင်တင်‌နေသည်။

ဘန်‌ကောက်မြို့ရှိ International Organization for Migration(IOM) ရုံးတွင် ရှိ‌နေသည့် ‌စော‌ဆွေတင် ၃၆နှစ်က “‌လေယာဉ် ပျံ‌ပေါ် တက်လုဆဲဆဲမှာပဲ ‌ဆေးဆရာမက လာစစ်‌ဆေးပြီး ကျ‌နော့်ခ‌လေး တနှစ်‌ကျော်က နည်းနည်းအပူတက်လို့ မသွားရ ‌တော့တာ။ အခု ကျ‌နော်နဲ့ သမီးနှစ်‌ယောက်‌တော့ ဒီ (IOM)ရုံးမှာပဲ။ က‌လေးနဲ့ သူ့အ‌မေက‌တော့ ဘန်‌ကောက်‌ဆေးရုံမှာ။ က‌လေး‌နေပြန်‌ကောင်းရင် ဘယ်‌တော့ ထွက်ရမလဲ မသိ‌သေးဘူး။”ဟု ရှင်းပြသည်။

မဲ‌ဆောက်မြို့ ‌ဟွေးခလို့‌ကျေးရွာ (IOM) ရုံးမှ ‌စောအဲလယ်တို့ မိသားစုမှာ ‌နေမ‌ကောင်းသည့် ၂နှစ်အရွယ် သမီးငယ်ကို မဲ‌ဆောက်‌ဆေးရုံတွင် ကုသထား‌နေရသည်။ ဂျပန်နိုင်ငံထွက်ခွာမည့် ကရင်ဒုက္ခသည် ၂၇ဦးမှာ မယ်လစခန်းမှဖြစ်ကြပြီး ယခု လ ၂၂ရက်‌နေ့က စခန်းတွင်းမှ စတင်ထွက်ခွာကာ ၂၈ရက်‌နေ့တွင် ဂျပန်သို့ အ‌ရောက်သွားရမည်ဖြစ်သည်။

ဂျပန်နိုင်ငံသည် မြန်မာဒုက္ခသည်များကို တတိယနိုင်ငံ ခိုလှုံခွင့်‌ပေးသည့် ပထမဦးဆုံး အာရှနိုင်ငံတစ်ခုဖြစ်ပြီး ‌နောက်ထပ် ၂နှစ်လည်း ထပ်မံ ‌ခေါ်ယူသွားမည်ဟု ဂျပန်သတင်း‌ထောက်တစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။