Hay Htoo
ကရင်ပြည်နယ်တွင် ငြိမ်းအဖွဲ့ပါတီ KSDDP မှ လွှတ်တော် ကိုယ်စား လှယ် ၄ဦးသာ ရွေးကောက်ပွဲဝင်မည်
အောက်တိုဘာ ၁၃ရက်။ နန်းထူးစံ (ကေအိုင်စီ)
လာမည့် နိုဝင်ဘာ ၇ရက်နေ့၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Kayin State Democracy and Development Party-KSDDP)မှ လွှတ်တော်ကိုယ်စားလှယ် ၄ဦး ဝင်ရောက်အရွေးခံမည်ဟု သိရသည်။
ပါတီ၏ အဓိကခေါင်းဆောင်များဖြစ်သည့် ဥက္ကဌ စောသာထူးကျော်၊...
နအဖနှင့် ဒီကေဘီအေ နှစ်ဘက် အခြေအနေ ပိုမိုတင်းမာလာ
အောက်တိုဘာလ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို ငြင်းဆန်နေသည့် ဒီကေဘီအေတပ်ဖွဲ့နှင့် နအဖ အာဏာပိုင် တို့ကြား နှစ်ဘက်တင်းမာမှုအခြေအနေ ယခင်ထက် ပိုမိုတင်းမာလာကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
လွန်ခဲ့သည့်လက စတင် တင်းမာလာသည့် ဒုဗိုလ်မှူးကြီးကျော်သက်ဦးစီးသော ဒီကေဘီအေ တပ်ရင်း(၉၀၂)တပ်ဖွဲ့နှင့် နအဖ စစ် တပ်တို့သည်...
နယ်စပ်ဂိတ်၊ အခွန်ကြီးမြင့်မှုနှင့် ဖမ်းဆီးမှုများကြောင့် ကုန်သည်များအခက်ကြုံ
အောက်တိုဘာလ ၁၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် မြန်မာပြည်အတွင်းပိုင်းသို့ တင်ပို့သော ထိုင်းနိုင်ငံထွက် ကုန်ပစ္စည်းများကို စက်တင်ဘာလ ကုန်ပိုင်းမှစ၍ အာဏာပိုင်များ ဖမ်းဆီးမှုကြောင့် ကုန်သယ်ယူပို့ဆောင်ရေးတွင် အချိန်ကြန့်ကြာမှုများနှင့် အခွန်အကောက်များ လာကာ ကုန်သည်များမှာ အရောင်းအဝယ် ခက်ခဲနေသည်ဟု သိရသည်။
မြန်မာအာဏာပိုင်များသည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက ထိုင်း-မြန်မာနယ်စပ်...
လွှတ်တော်အလိုက် ရွေးကောက်ပွဲဝင်မည့် ကရင်ပြည်သူ့ပါတီ(KPP)မှ ကိုယ်စားလှယ်များ အမည်စာရင်း
အမှတ်-၆၃၂ (ဃ-၁၆)၊ ၅ ရပ်ကွက်။ အာဇာနည်လမ်း၊ အမှတ် (၄)လမ်းမကြီး လမ်းဆုံ။ ဖုန်း-၆၁၁၆၁၂
၁။ ကရင်ရေးရာကိုယ်စားလှယ်
(၁) စောထွန်းအောင်မြင့် ရန်ကုန်တိုင်း ၀၉-၅၀၀၆၃၄၁၊ ၆၄၃၅၀၁
(၂) စောစိုင်မွန် ...
ဖလုံ-စဝေါ် ပါတီဆိုင်းပုဒ်ထောင်ပွဲ ပြုလုပ်ပြီးစီး
အောက်တိုဘာလ ၁၁ရက်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)က ၎င်းတို့၏ ပါတီရုံးရှေ့၌ ပါတီဆိုင်းပုဒ်ကို အောက်တို ဘာလ ၉ရက်နေ့၊ စနေနေ့မနက်တွင် တည်ထောင်လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။
“အတိအကျ ပြောရရင် ၁ဝနာရီနဲ့ ၃၁မိနစ်အချိန်မှာ ပါတီဆိုင်းပုဒ်ကို ထောင်ပါတယ်။...
ရွာသားများ သွားလာမှု ကန့်သတ်ခံရခြင်းနှင့် အဓမ္မကောက်ခံငွေ ပေးဆောင်နေရ
အောက်တိုဘာ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ တိပ်ပုဂွင်ရှိ ရွာသူရွာသားများသည် အလုပ်ခွင်သို့သွားပါက သက် ဆိုင်ရာ နအဖ စစ်တပ်အာဏာပိုင်များထံ လက်မှတ်ရေးပြီးမှ သွားခွင့်ရကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့မှစ၍ ယနေ့အချိန်ထိ တိပ်ပုဂွင်တွင် ခြေချလှုပ်ရှားလျှက်ရှိသော ခလရ (၁၀၂)တပ်ရင်းက...
ဖားအံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
အမည် နန်းစေအွာ
မွေးသက္ကရာဇ် ၁၉၅၉ခုနှစ်
ဇာတိ ဖားအံမြို့နယ်၊ သံလွင်အနောက်ဘက်ခြမ်း ရသေ့ပျံကျေးရွာ
ပညာအရည်အချင်း B.Sc (Zoology)
၁၉၇၇ခုနှစ်တွင် ဖားအံမြို့ အမှတ်(၂) အထက်တန်းကျောင်းတွင် ဆယ်တန်းအောင်မြင်ခဲ့သည်။
၁၉၇၈-၇၉ စာသင်နှစ်တွင် ဖားအံဒေသကောလိပ်၌ ပညာသင်ကြားခဲ့ပြီး ၁၉၈၁ခုနှစ်တွင် ဇီဝဗေဒ အဓိကဘာသာရပ်ဖြင့် Bachelor of Science ဘွဲ့ကို ရရှိခဲ့သည်။
၎င်းနောက် ကရင်ပြည်နယ် ဖားအံမြို့နှင့် လှိုင်းဘွဲမြို့များတွင် မူလတန်းပြနှင့် အလယ်တန်းပြ...
ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲအခမ်းအနား ဩစတြေးလျား၌ကျင်းပခဲ့
အောက်တိုဘာလ ၁ဝရက်။ စောကျော်ခွီး (ကေအိုင်စီ)
ဩစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ Granville Town Hall တွင် ကရင့်စွမ်းရည်ပြပွဲပြိုင်ပွဲ အခမ်းအနားတခုကို အောက်တိုဘာလ (၉)ရက် စနေနေ့က ကျင်းပခဲ့ရာ လူပရိဿတ် ၃၀၀ကျော် လာရောက်အားပေးခဲ့ကြသည်ဟု သိရသည်။
ဩစတြေးလျားကရင်အမျိုးသားအဖွဲ့အစည်း (AKO) ဆစ်ဒနီမှ စီစဉ်ကျင်းပသော အဆိုပါ အခမ်းအနားမှာ...
ရာဇဝင်ရိုင်းရဲ့ အရိုးတွန်သံ
မန်းတောလောင်း
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နန္ဒဝန်အိမ်ရာရှိ သူငယ်ချင်းထံ မြို့ထဲမှ တက္ကစီငှားပြီး လာခဲ့သည်။ မိုးကလည်း သဲကြီးမဲကြီး ရွာ နေသည်။ ကမ္ဘာအေးဘုရားရှေ့လမ်းမပေါ်အရောက် နောက်မှ ရဲကားတစ်စီးက ဥဩသံပေး၍ အရှိန်ပြင်းပြင်းနှင့် မောင်းနှင် လာသောကြောင့် ကျနော်စီးလာသော တက္ကစီကားလည်း လမ်းဘေးကိုကပ်၍ ရပ်ပေးလိုက်ရသည်။လူကြီးတစ်ယောက် ယောက်လာ၍များ ဤကဲ့သို့...
ကရင်ဒုက္ခသည်စခန်းနှစ်ခုတွင် H1N1 လူနာ ၅ဦး တွေ့ရှိ
အောက်တိုဘာလ ၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်ရှိ မယ်ရာမိုနှင့် မယ်လအူး ကရင်ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့်အပတ်မှစ၍ တုပ် ကွေးရောဂါဖြစ်ပွားခဲ့ရာ AH1N1 ခေါ် Swine Flu ရောဂါပိုးရှိသူ လူနာ ၅ဦးကို စမ်းသပ်တွေ့ရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိ ရှိရသည်။
တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ အရှိန်အဟုန် မြင့်တက်လာသဖြင့်...





