Hay Htoo
လက်နက်ကိုင်တိုင်းပြည်တွင် ရွေးကောက်ပွဲ ကျင်းပရန်မလို
အယ်ဒီတာ့အာဘော်
ရက်ပေါင်း ၃ဝနီးပါးသာ လိုတော့သည့် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ဒေသလုံခြုံရေး၊ ရပ်ရွာတည်ငြိမ်ရေး အကြောင်းပြ ကာ စက်တင်ဘာလအတွင်း နအဖ စစ်အုပ်စုက စစ်တပ်အင်အားကို နယ်စပ်တစ်ကြောတွင် တိုးချဲ့ကာ စစ်ရေးကို မသိမသာ လှုပ်ရှားလာခဲ့သည်။ သဘောမှာ ရွေးကောက်ပွဲအတွက် နယ်စပ်လုံခြုံရေးကို ကြိုတင်ပြင်ဆင်ထားခြင်းဟု ဆိုနိုင်သလို ရွေး...
ဖမ်းဆီးထားသည့် ကားများကို နေပြည်တော်ပို့ရန် စစ်တပ်မှ အင်အားအပြည့်နှင့် လုံခြုံရေးယူ
စက်တင်ဘာလ ၂၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြဝတီမြို့နယ် ရဲစခန်းတွင် သိမ်းဆည်းရပ်တန့်ထားသည့် လိုင်စင်မဲ့ကားများကို ယနေ့မနက်တွင် နေပြည်တော်သို့ ပို့ ဆောင်ရန်အတွက် သကင်္န်းညီနောင် အခြေစိုက် စကခ(၁၉) လက်အောက်ခံ တပ်ရင်းများက ကား ဆယ်စီးကျော်ဖြင့် လုံခြုံရေးယူကာ လိုက်ပါပို့ဆောင်သည်ဟု မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီကို ပြောသည်။
စစ်တပ်နှင့် နီးစပ်သူတစ်ဦးက...
အချိန်တိုအတွင်း PSDP မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ အလျင်စလို လုပ်နေရ
စက်တင်ဘာလ ၂၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
ရွေးကောက်ပွဲ ကျင်းပရန် တလကျော်သာ လိုတော့သည့် ယခုအချိန်တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်များအတွင်းရှိ လူထုများအား ပါတီ၏ လုပ်ငန်းမူဝါဒများ ချပြနိုင်ရန်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များ အလျင်စလို လုပ်နေရသည်ဟု ဖလုံ-စဝေါ် ဒီမိုက ရက်တစ်ပါတီ(PSDP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။
ဖားအံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁)...
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ PSDP ၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ
ကိုယ်စားလှယ်လောင်း လွှတ်တော် မဲဆန္ဒနယ်
၁။ နန်းစေအွာ ပြည်သူ့လွှတ်တော် ဖားအံ
၂။ စောသိန်းအောင် ပြည်သူ့လွှတ်တော် လှိုင်းဘွဲ
၃။ နော်လားခု ပြည်သူ့လွှတ်တော် သံတောင်ကြီး
၄။ စောအောင်ကျော်နိုင် အမျိုးသားလွှတ်တော် ဖားအံမဲဆန္ဒနယ် အမှတ်(၁)
၅။ စောမြထွန်း အမျိုးသားလွှတ်တော် ဖားအံမဲဆန္ဒနယ် အမှတ်(၂)
၆။ စောငြိမ်းသင် အမျိုးသားလွှတ်တော် လှိုင်းဘွဲမဲဆန္ဒနယ် အမှတ်(၃)
၇။ စောသန်းထွန်း အမျိုးသားလွှတ်တော် လှိုင်းဘွဲမဲဆန္ဒနယ် အမှတ်(၄)
၈။ စောကြည်လင်း ပြည်နယ်လွှတ်တော် ဖားအံမဲဆန္ဒနယ် အမှတ်(၁)
၉။ စောခင်မောင်မြင့် ပြည်နယ်လွှတ်တော် ဖားအံမဲဆန္ဒနယ် အမှတ်(၂)
၁၀။ စောမူးအောင်လင်း ပြည်နယ်လွှတ်တော် လှိုင်းဘွဲမဲဆန္ဒနယ် အမှတ်(၁)
၁၁။ စောရှားထွန့်ဖောင် ပြည်နယ်လွှတ်တော် လှိုင်းဘွဲမဲဆန္ဒနယ် အမှတ်(၂)
၁၂။ စဘီကျင်ဦး ပြည်နယ်လွှတ်တော် ကော့ကရိတ်မဲဆန္ဒနယ် အမှတ်(၁)
၁၃။ နော်ယုဇနဝါ ပြည်နယ်လွှတ်တော် ကော့ကရိတ်မဲဆန္ဒနယ် အမှတ်(၂)
၁၄။...
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် လျှို့ဝှက်စည်းဝေး
စက်တင်ဘာလ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
စစ်အစိုးရကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်း ဆန်နေသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ စုစုပေါင်း (၆)ဖွဲ့ စက်တင်ဘာလ ၂၄ရက်နေ့မှ ၂၆ရက်နေ့အထိ ဒုတိယအ ကြိမ် လျှို့ဝှက်အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ အစည်းအဝေးတွင်...
တုပ်ကွေးရောဂါကြောင့် မယ်လအူး စခန်းတွင် စာသင်ကျောင်းအားလုံး ပိတ်ထားရ
စက်တင်ဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်လအူးဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့်အပတ်က ကူးစက်ဖြစ်ပွားခဲ့သည့် တုပ် ကွေးရောဂါကြောင့် ယနေ့အထိ စာသင်ကျောင်းအားလုံး အရေးပေါ် ယနေ့ ပိတ်ထားရသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရ သည်။
မယ်လအူးစခန်း အမှတ်(၁) အထက်တန်းကျောင်းမှ ဆရာစောဖိုးနီးနီးက “ကျောင်းသူကျောင်းသားတွေက တုပ်ကွေးဖြစ်ကြ တာ...
နယ်ခြားစောင့်တပ်နေရာတွင် နအဖ တပ်ရင်း ၅ရင်း ရောက်ရှိနေရာယူနေ
စက်တင်ဘာလ ၂၇ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်တပ်များသည် စစ်သင်တန်းတက်မည့် ကာလအတွင်း ၎င်းတို့ထိန်းချုပ်ထားသည့် နယ်စပ် ဒေသနေရာများကို လက်ရှိအချိန်တွင် နအဖ တပ်ရင်း (၅)ရင်း ရောက်ရှိလာကာ လုံခြုံရေးအတွက် နေရာဝင်ယူပေးနေသည်ဟု နယ်စပ်သတင်းများအရ သိရသည်။
အဆိုပါ နအဖ တပ်များသည် နယ်ခြားစောင့်တပ်များတည်ရှိရာ မြိုင်ကြီးငူဒေသများ၌ တပ်ရင်း...
မယ်လစခန်းတွင် AH1N1 ရောဂါ ထပ်မံတွေ့ရှိ
စက်တင်ဘာ ၂၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့မြောက်ဘက် (၄၅)ကီလိုမီတာ အကွာအဝေးရှိ မယ်လဒုက္ခသည်စခန်းတွင် AH1N1 ခေါ် Swine Flu ရောဂါပိုးရှိသူ ၂ဦးကို ယခု လလယ်ပိုင်းတွင် ထပ်မံ စမ်းသပ်တွေ့ရှိသည်ဟု မယ်လစခန်းဆေးရုံတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်နေ့တွင် Shoklo...
တယောက်စ, တကမ္ဘာလုံး
(မင်းစိုးစံ)
လောင်းကစားမှာ ဝါသနာထုံ
ဘုံလုံတလှည့် ငါတလှည့်ပေါ့
အလှည့်မရောက် တောင်လျှောက်ရှုံးပွဲ
ဘူ ချည်းပဲကျ သုံးမရ,တဲ့
နေ့တနေ့။
ဒီလိုနေ့များ လာမတားနဲ့
စကားများလျင် နားသွားမယ်။
ဒီနေ့တော့လား မှတ်ထားငါဟဲ့
တစ်နဲ့စားတယ် လာထားကွယ်တို့
နိုင်တယ်ဆိုတာ ဒါမျိုးကွ။
ဒီလိုနေ့လား လာမတားနဲ့
အနားကပ်လျင် နားသွားမယ်။
ဒီလိုနေ့ကျ ကစားရ,တာ
ခါးက,လည်းတောင့် ဇက်ကြောအောင့်ပြီး
မြီးညှောင့်ရိုးကျဉ် ခြေထောက်ကဉ်နဲ့
ထုံကျဉ်ကိုက်ခဲ သားရေပွဲ။
ဒီလိုနေ့လား လာမတားနဲ့
ကစားနေတယ် နားသွားမယ်။
လောင်းကစားလောက,
သွားရေကျလည်းမပျော်
နိုင်တော့လည်းမတော်ချင်
ရှုံးလျင်တော့ပိုဆိုးလာ
ဘာအကျိုးမျှမရှိ
သိပြီးတဲ့နောက်
တယောက်တည်းငါဆင်း
ရေတွင်းဟောင်းထဲ
ဖဲထုပ်ကို အကောင်းဆုံးပြင်
ငါသာလျှင်ဒိုင်ချုပ်
ထိုးသားလုပ်လည်းငါ
ငါ့ဖဲငါချိုး
မိုးချုပ်က,နေ မိုးလင်းပေါက်
တမိုးသောက်လို့ နောက်တမိုးမချုပ်ခင်
ရေတွင်းအပြင်က,ပြန်ထွက်
ဖဲထုပ်ကို ချန်ရစ်ခဲ့တယ်။
တယောက်တည်းကစားတဲ့ပွဲ
ရန်လည်းနည်းကင်း
ငြိမ်းချမ်းခြင်းတို့ဝေဆာလှိုုင်
နိုင်လည်းမနိုင်
ရှုံးလည်းမရှုံး
နောက်ဆုံးတွက်စစ်
မီးခြစ်နဲ့ ဖယောင်းတိုင်တွေ
ဆိုင်မှာဝယ်ခဲ့ရ,တာလေဗျာ။
ငြိမ်းချမ်းခြင်း...
မြောင်းမြနှင့် ဝါးခယ်မတွင် ကြံ့ဖွံ့ပါတီ အဓမ္မစည်းရုံးရေး ဆင်းနေ
စက်တင်ဘာလ ၂၅ရက်။ ကေအိုင်စီ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်များတွင် ယခု လလယ်ပိုင်း၌ မြို့နယ်စည်းရုံးရေးမှူးများသည် ကျေးရွာအချို့တွင် အဓမ္မ စည်းရုံးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြော ဆိုနေကြသည်။
မြောင်းမြမြို့နယ် စကမြားကျေးရွာအုပ်စုမှ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးဇော်မင်းသန်းသည် ၎င်းကျေးရွာအုပ်စုရှိ ရွာအချို့တွင်...





