Hay Htoo
တောင်ငူမြို့နယ်တွင် KPP ပါတီ မဲအပြတ်အသတ် အနိုင်ရ
နိုဝင်ဘာလ ၁ဝရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီလေးခုအနက် ကရင်ပြည်သူ့ပါတီ(KPP) မှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
တောင်ငူမဲဆန္ဒနယ်မြေတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (NUP)တို့အပြင် တိုင်းရင်းသားပါတီများဖြစ်သည့် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ လွှတ် တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ KPP...
ကယန်းပြည်သစ်ပါတီ အခြေစိုက်ရာဒေသမှာ နအဖ တပ်အင်အားတိုးချဲ့
နိုဝင်ဘာလ ၁ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့အသွင်ပြောင်းလဲရန် ငြင်းဆန်နေသည့် ကယန်းပြည် သစ်ပါတီ(KNLP) အခြေချနေထိုင်သည့်နေရာကို ယခုရက်ပိုင်းများအတွင်း နအဖ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) လက် အောက်ခံ တပ်ရင်း ၄ရင်း လာရောက်အင်အားတိုးချဲ့နေသည်ဟု စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ရက်နေ့မှစ၍ အဆိုပါဒေသကို နအဖ...
ကြိုတင်မဲများကြောင့် ရွေးကောက်ပွဲ ရက်တွင် မဲရုံမရှိ၊ လူမရှိ
နိုဝင်ဘာလ ၉ရက်။ ကေအို်င်စီ
ဖာပွန်မြို့တွင် ရွေးကောက်ပွဲနေ့ မတိုင်ခင် သုံးရက် ဆက်တိုက် ကြိုတင်မဲကောက်ခံထားမှုကြောင့် မဲထည့်သည့် နိုဝင်ဘာလ ၇ရက်နေ့တွင် မဲရုံဟူ၍ သီးသန့်မရှိဘဲ မြို့နယ်အားကစားရုံ၌သာ မဲထည့်ရန်ကျန်ရှိသူများက သွားရောက်မဲထည့်ခဲ့ကြောင်း သိ ရသည်။
မြို့ခံတစ်ဦးက “မဲတွေက ဟိုး ၄ရက်၊ ၅ရက်၊ ၆ရက်နေ့တွေက ကြိုတင်မဲထည့်လိုက်တာ...
ဘုရားသုံးဆူတိုက်ပွဲ ဆက်လက်ဖြစ်ပွားဆဲ
နိုဝင်ဘာ ၈ရက် (ထိုင်းစံတော်ချိန် မွန်းလွဲ ၃း၃ဝနာရီ)။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားနေသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်နှင့် နအဖ စစ်တပ်တို့၏တိုက်ပွဲသည် ယနေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၂နာရီခွဲအချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။
ရွှေနဂါးတောင် အခြေစိုက်စခန်းနှင့် ရပ်ကွက်(၃)တပ်ကုန်းမှ နအဖတပ်ဖွဲ့ဝင်များသည် ဒီကေဘီအေတပ်ဖွဲ့များ အခြေစိုက်ရာ...
ဝေါ်လေဒေသ၌ ပြည်သူ ၄၀၀ကျော် ထိုင်းဘက်ခြမ်းကူးပြီ
နိုဝင်ဘာ ၉ရက်။ ကေအိုင်စီ
မြဝတီခရိုင် တောင်ဘက်ခြမ်းရှိ ဝေါ်လေကျေးရွာ အနီးတဝိုက်တွင် နအဖစစ်တပ်မှ 81 လက်နက်ကြီး ၄လုံးနှင့် လှမ်း၍ ပစ်ခတ် မှုကြောင့် ရွာသား ၄၀၀ကျော် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေပြီဟု ရွာသားများက ပြောသည်။
ဝေါ်လေရွာသားတဦးက “ဒီမနက် ၁ဝနာရီမှာ ဗမာတပ်ဖက်က ဒီကေဘီအေတွေ ရှိနိုင်မယ့်နေရာတွေကို...
သောင်းချီသည့် မြဝတီလူထု ထိုင်းနိုင်ငံ မဲဆောက်ဘက် ပြောင်းရွှေ့ရောက်ရှိ
နိုဝင်ဘာလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ် မြဝတီမြို့၌ ယနေ့မနက် ၉နာရီကျော်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ)နှင့် နအဖ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် မြဝတီပြည်သူ ထောင်ချီ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းကို ကူး လာခဲ့သည်။
ယနေ့ညနေ ၅နာရီအချိန်တွင် ထွက်ပြေးလာသော မြဝတီမြို့ခံလူထုမှာ...
ဒီကေဘီအေ တပ်ဖွဲ့က ဘုရားသုံးဆူမြို့ကို စတင် သိမ်းပြီ
နိုဝင်ဘာလ ၈ရက်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက် ၁၁နာရီကျော်အချိန် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် ဒီကေဘီအေဘက်က ဘုရားသုံးဆူမြို့ကို စတင် သိမ်းလိုက်ပြီဟု သိရသည်။
ကေအဲန်ယူ တပ်မဟာ(၆)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေက “ဒီမနက် ၁၁း၁၅မိနစ်အချိန်မှာ ဗိုလ်နော်တယာ ဦးဆောင်...
မြဝတီမြို့အတွင်း ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားပြီ
နိုဝင်ဘာလ ၈ရက်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)နှင့် နအဖ စစ်တပ်တို့ ကြား ယနေ့မနက် မြန်မာစံတော်ချိန် ၉နာရီမှစ၍ ယခုနေ့ခင်းပိုင်းအချိန်ထိ မြဝတီမြို့တွင်း၌ ဒီကေဘီအေနှင့် နအဖ စစ်တပ်များ ပစ် ခတ်မှု သုံးနေရာ ဆက်တိုက် ဖြစ်ပွားခဲ့ရာ...
မဲမသမာမှုကြောင့် ကရင်ပြည် နယ်တွင် လူမျိုးအခြေခံသည့်ပါတီ ကို ကြံ့ဖွံ့ပါတီက မဲအနိုင်ရဖွယ်ရှိ
နိုဝင်ဘာလ ၇ရက်။ ကေအိုင်စီ
ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အတော်များများ၌ မဲမသမာမှုများ ရှိနေသည့်အတွက် လက်ရှိ အာဏာပိုင်များနှင့် ဆက်စပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သာ အနိုင်ရဖွယ်ရှိကြောင်း မဲ ဆန္ဒရှင် အတော်များများက ပြောဆိုနေကြသည်။
ဖားအံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ အသက် ၃ဝအရွယ်ရှိ မဲဆန္ဒရှင်တစ်ဦးက “ကျနော်တို့...
နယ်စပ်ပဋိပက္ခ နောက်ဆုံး အခြေအနေ
နိုဝင်ဘာလ ၇ရက်၊ ည ၁ဝး၂၅နာရီ။ ကေအိုင်စီ
မြဝတီတွင် ဖြစ်ပွားခဲ့သည့် ဒီကေဘီအေ ဝင်စီးထားသည့်သတင်း၏ နောက်ဆက်တွဲမှာ မနက်ဖြန်တွင် နအဖနှင့် ဒီကေဘီအေ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ကို မြို့တွင်းမှ ယာယီ ဆုတ်ခွာထားကြောင်း နောက်ဆုံးသတင်းကို ဒီကေဘီအေ အသိုင်းအဝိုင်းများ မှတဆင့် ကြားသိရသည်။
ယနေ့ည ၁ဝနာရီနီးပါးအထိ...





