Hay Htoo
တိုက်ပွဲကို ဖိတ်ခေါ်တဲ့ မသမာမှုများနဲ့ ရွေးကောက်ပွဲ
အယ်ဒီတာ့အာဘော်
နိုင်ငံရေးပါတီ ၃၇ပါတီ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည် ဆိုသော်လည်း လွတ်လပ် မျှတသည့် မဲဆွယ်စည်းရုံးမှု အခွင့်အရေးကို ပါတီအများစုက မရရှိခဲ့ကြ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ထားသည့် အချိန်တိုအတွင်း ကသောကမျော နယ်ဆင်းစည်းရုံးမှုများကို လုပ်ဆောင်ခဲ့ကြရသည်။
ထိုလုပ်ငန်းစဉ်ကို လက်ရှိ စစ်အုပ်စုက ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စု...
ရွေးကောက်ပွဲတွင် ကရင်လွှတ် တော်ကိုယ်စားလှယ်လောင်း ၁၆ဦး အရွေးခံရ
နိုဝင်ဘာလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက် ရွေးကောက်ပွဲတွင် ကရင်ပါတီ ၃ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ဦးသည် မိမိတို့ ဝင်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်မြေ၌ မဲရွေးချယ်ခံရကာ အနိုင်ရရှိခဲ့သည်ဟု သိရသည်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)မှ...
ဘုရားသုံးဆူရှိ ဒီကေဘီအေ တပ်စခန်းကို နအဖတပ် ဝင်ရောက်နေရာယူ
နိုဝင်ဘာလ ၁၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ ဒီကေဘီအေ တပ်စခန်းတခု ဖြစ်သည့် ရာဘာခြံ (ခေါ်) အင်းဝဂိတ်တွင် ယနေ့ နေ့လည်ပိုင်း၌ ဝင်ရောက်နေရာယူလိုက်ကြပြီဖြစ်ကြောင်း မြို့ခံများက ပြော သည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “ဗိုလ်အေဝမ်းတို့အဖွဲ့ အကုန်ထွက်သွားတော့...
၂၀၁၁ခုနှစ် WCPRC ဆုရရှိသူများ အတွက် ထိုင်း-မြန်မာနယ်စပ် ကလေးငယ်များ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
နိုဝင်ဘာလ ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယခု ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာတဝန်းရှိ ကလေးအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူ ပုဂ္ဂိုလ် ၃ဦးအား ဂုဏ်ပြု သည့်အနေဖြင့် ထိုင်း-မြန်မာနယ်စပ်၊ ရွှေ့ပြောင်းအလုပ်သမားကျောင်းများမှ ကျောင်းသား/သူများက ယနေ့ သတင်းစာရှင်း လင်းပွဲ အခမ်းအနားတခု ပြုလုပ်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြုလုပ်သည့် အဆိုပါသတင်းစာရှင်းလင်းပွဲ၌...
ဒီကေဘီအေနှင့် နအဖ နောက်ဆက်တွဲ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၄၀၀ကျော် ထပ်မံထွက်ပြေးလာ
နိုဝင်ဘာလ ၁၅ရက်။ ကေအိုင်စီ
ကရင်ပြည်နယ် နယ်စပ်တနေရာဖြစ်သည့် ဝေါ်လေဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ ယမန်နေ့ညက တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ၎င်းဒေသရှိ ရွာသူရွာသား ၄၀ဝနီးပါးမှာ ဒုက္ခသည်များအဖြစ် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးရောက် ရှိလာခဲ့သည်ဟု သိရသည်။
ထိုင်းရွာသားတစ်ဦးက “မနေ့ညက ဟိုဘက်ကမ်းမှာ တိုက်ပွဲဖြစ်တော့ ရွာသားတွေ ထွက်ပြေးလာတာ...
ဒီကေဘီအေက ဖမ်းဆီးရမိခဲ့သော နအဖ တပ်မှူးအား ပြန်လွှတ်လိုက်ပြီ
နိုဝင်ဘာ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)မှ နိုဝင်ဘာလ ၈ရက်နေ့က မြဝတီခရိုင် ဝေါ်လေဒေသ တွင် ဖမ်းဆီးရမိခဲ့သော နအဖ စကခ(၈) နည်းဗျူဟာ(၃)မှ G-3 တပ်မှူးတဦးအား နယ်စပ်လမ်းတနေရာမှ ယနေ့ မွန်းလွဲပိုင်းအ ချိန်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု သိရှိရသည်။
အမည်မဖော်လိုသည့်...
မှတ်ကျောက်တင်ခန်း
အခြေအနေ အချိန်အခါမှာ
နေသာတခါ၊ မိုးရွာတလှည့်ရှိမယ်။
ရဲရင် တိုက်ကြစမ်းကိုယ့်လူ
ရဲသူအတွက် အောင်ပွဲဘဲ
ငရဲဆိုတာမရှိဘူး။
ပဒေသာပင်မြေကမပေါက်နိုင်
ထိုင်ဆုတောင်းနေယုံမပြီးသေးလေ
မိုးကျရွှေကိုယ်တွေလည်းမရှိတဲ့ကမ္ဘာ
အကြောင်းရာတွေဟာလုပ်မှဖြစ်တဲ့အတွက်
အနီးကပ်စောင့်ကြည့်ယုံနဲ့မပြီး
လုံချည်ခြုံထဲက လက်သီး
အချည်းအနှီးသာဖြစ်တယ်။
သိက္ခာ၊ အာဏာ၊ ရာထူးတွေငဲ့နေလား
မှင်တက်နေတာလား၊ ကြောင်နေသလား
ဝေဝါးဝါးအတွေးအခေါ်ချော်ချော်
တော်လှန်ရေးမလုပ်စေချင်
“သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး”
ဒီကန္တာ၊ဒီခရီး၊ ဒီမီး
အသည်းကြီးကြီး၊ ဇွဲကြီးကြီး
ရင်းနှီးမှဖြစ်နိုင်တယ်။
ဝါးလုံးခေါင်းထဲ “လ”မသာဘူး
ပခုံးပြောင်းတာဝန်တွေယူ
နှလုံးကောင်းသူတွေလာကြပြီ
ကိုးဒီသွေးတွေနီရဲစွာ
ထော့မဲပါမြေးတွေအမှန်ပင်မို့
မှတ်ကျောက်တင်ခံဖို့လိုနေပြီ။
(လကင်္ာဒီပ)
နိုဝင်ဘာ ၁၁၊ ၂၀၁၀
မှတ်ချက်-လကင်္ာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူတစ်ဦးဖြစ်သည်။
နအဖတပ် ပစ်ခတ်မှုကြောင့် ၁၃နှစ်အရွယ် မိန်းကလေး တဦးသေဆုံး
နိုဝင်ဘာလ ၁၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ နအဖ တပ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှစ၍ မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ယမန်နေ့ညက ပစ်ခတ်မှုကြောင့် မိန်းကလေးတဦး သေဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ကြာအင်းဆိပ်ကြီးမြို့ရှိ နအဖ ခလရ(၂၈၃)၊...
နအဖ ဖမ်းဆီးခြင်းခံရသည့် ဂျပန် သတင်းထောက်၏ သတင်းစာ ရှင်းလင်းပွဲ မဖြစ်မြောက်
နိုဝင်ဘာလ ၁၁ရက်။ ကေအိုင်စီ
မြဝတီမြို့တွင်းသို့ တရားမဝင် ဝင်ရောက်သတင်းရယူမှုကြောင့် ပြန်လည်လွတ်မြောက်လာသည့် ဂျပန်သတင်းထောက် မစ္စတာ တိုရုယာမဂျိ(Toru Yamaji)က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယနေ့ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်မရသဖြင့် ပျက်ပြားခဲ့ရသည်။
ယမန်နေ့က ပြန်လည်လွတ်မြောက်လာသည့် အသက် ၄၉နှစ်အရွယ်ရှိ (Asia Press Front-APF) ဗွီဒိုယိုသတင်းထောက်...
ဘုရားသုံးဆူဒေသ နိုဝင်ဘာလ ၁၁ရက်နေ့ မနက်တိုက်ပွဲ
နိုဝင်ဘာလ ၁၁ရက်။ ကေအိုင်စီ
(နိုဝင်ဘာလ ၁၁ရက်၊ မနက် ၅နာရီစပြီး ဘုရားသုံးဆူမြို့နယ်၊ နယ်စပ် ရွာသစ်ဘက်မှာ နအဖ ခမရ(၄၀၅)နဲ့ ဒီကေဘီအေတပ်တွေ အပြန်အလှန် တိုက်ပွဲဖြစ်ကြတယ်လို့ ထိုင်းစစ်တပ်အသိုင်းအဝိုင်းက ပြောပါတယ်။
မနက် ၆နာရီကစပြီး နအဖဘက်က လက်နက်ကြီးနဲ့ပစ်တာ အခု ၇နာရီခွဲကျော်အထိ လက်နက်ကြီး အလုံး ၂ဝနီးပါးလောက်ရှိပြီလို့လည်း...





