Home ထိပ်တန်းသတင်း မဲမသမာမှု‌ကြောင့် ကရင်ပြည် နယ်တွင် လူမျိုးအ‌ခြေခံသည့်ပါတီ ကို ကြံ့ဖွံ့ပါတီက မဲအနိုင်ရဖွယ်ရှိ

မဲမသမာမှု‌ကြောင့် ကရင်ပြည် နယ်တွင် လူမျိုးအ‌ခြေခံသည့်ပါတီ ကို ကြံ့ဖွံ့ပါတီက မဲအနိုင်ရဖွယ်ရှိ

1596
နိုဝင်ဘာလ ၇ရက်။ ‌ကေအိုင်စီ

ယ‌နေ့ ကျင်းပသည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အ‌တော်များများ၌ မဲမသမာမှုများ ရှိ‌နေသည့်အတွက် လက်ရှိ အာဏာပိုင်များနှင့် ဆက်စပ်သည့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP)သာ အနိုင်ရဖွယ်ရှိ‌ကြောင်း မဲ ဆန္ဒရှင် အ‌တော်များများက ‌ပြောဆို‌နေကြသည်။

ဖားအံမြို့နယ် မဲဆန္ဒနယ်‌မြေအမှတ်(၂)မှ အသက် ၃ဝအရွယ်ရှိ မဲဆန္ဒရှင်တစ်ဦးက “ကျ‌နော်တို့ အမှတ်(၃)မဲရုံမှာ မဲ‌ပေးတဲ့သူ အ‌တော်များများက ဖလုံ-စ‌ဝေါ်ပါတီကိုပဲ ‌ပေးကြတာများတယ်။ ဒါ‌ပေမဲ့ ပယ်မဲဖြစ်မှာက များတယ်။ ဘယ်လို့လဲဆို‌တော့ ‌တော က လူ‌တွေက စာလည်း မဖတ်တတ်ကြ‌တော့ အမှတ်ခြစ်တာ ပ‌စောက်ပုံဖြစ်‌နေတယ်။ တချို့ဆို ‌ဘောလ်ပင်‌တောင် မကိုင် တတ်ဘူး။ ‌နောက်တခုက ကိုယ်‌ပေးချင်တဲ့ ပါတီတံဆိပ် ဖားစည်က ပုံနှိပ်ထားတာ မထင်ရှားလို့ အချို့ရွာသား‌တွေက ထင်ရှား တဲ့ ခြ‌သေင့်္ပုံပါတီကိုပဲ ခြစ်လိုက်ကြတာ‌လေ။”ဟု ‌ပြောသည်။

၎င်းအပြင် မဲစာရွက်တွင် ကရင်ပါတီတံဆိပ်ကို ထင်ရှားမှုမရှိ‌အောင် ဖန်တီးထားပြီး ထိပ်ဆုံးတွင်မူ ခြ‌သေင့်္တံဆိပ်ပါ ကြံ့ဖွံ့ပါတီ ကို ထင်ရှားစွာ မြင်ရသဖြင့် အချို့မဲဆန္ဒရှင်များမှာ ကြံ့ဖွံ့ကိုသာ မဲ‌ပေးဖြစ်ခဲ့‌ကြောင်း သိရသည်။

အလားတူ ‌ကော့ကရိတ်မြို့နယ်တွင်လည်း မဲရုံများတွင် ကြံ့ဖွံ့ပါတီဝင်များက မဲ‌ပေးသူများအား မဲဆွယ်စည်းရုံး‌နေသလို ‌ကျေး ရွာလူကြီးနှင့် ဘုန်း‌တော်ကြီးများက ကြံ့ဖွံ့ပါတီကို မဲ‌ပေးရန် လူထုကို စည်းရုံး‌ပြောဆိုခဲ့‌ကြောင်း ဖလုံ-စ‌ဝေါ်ပါတီမှ ‌ကော်မတီအ ဖွဲ့ဝင် လူငယ်တစ်ဦးက ယခုလို ‌ပြောသည်။

“‌ကော့ကရိတ်မှာက ‌ကျေးရွာသူကြီး‌တွေ၊ ဘုန်းကြီး‌တွေက‌နေပြီး‌တော့ လူထု‌တွေကို လိုက်‌ပြောတယ်။ ကရင်ပါတီကို မဲမထည့် ဖို့ ကြံ့ဖွံ့ကို‌ပေးဖို့ ‌ပြောထား‌တော့ ကရင်ပါတီကို မဲမ‌ပေးတာများတယ်။ ဘုန်းကြီးတပါးဆိုရင် ရွာထဲမှာ လိုက်‌အော်ပြီး ခြ‌သေင့်္ရုပ် ကို ထည့်ပါလို့‌ပြောတယ်။ ညစ်ပတ်တာက အများကြီးပဲ။ လုံခြုံ‌ရေးချထား‌တော့ ရွာသား‌တွေက ဖလုံ-စ‌ဝေါ်ပါတီကို လုံးဝ မ ထည့်ရဲ‌အောင် ဖြစ်‌နေတယ်။”ဟု ဆိုသည်။

မြဝတီမဲဆန္ဒနယ်‌မြေတွင်မူ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ဦးမန်း‌အောင်ပြည်စိုးက ဝင်‌ရောက်ယှဉ်ပြိုင်ပြီး ကရင်ပြည် နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)မှ ဦးစိုင်းချစ်လှိုင်ကလည်း ဝင်‌ရောက်အ‌ရွေးခံသလို တစညနှင့် ကြံ့ဖွံ့ပါ တီမှ ကိုယ်စားလှယ်များလည်း ‌ရွေး‌ကောက်ပွဲ ယှဉ်ပြိုင်ခဲ့‌ကြောင်း သိရသည်။

မြဝတီမြို့ ထီးဝါပ‌လော‌ကျေးရွာသားတစ်ဦးက “ကျ‌နော်တို့ကို ရွာသူကြီးက မဲ‌ပေးရင် ဦးချစ်လှိုင်ကိုပဲ ‌ပေးပါလို့‌ပြောတယ်။ ဦး ချစ်လှိုင်က ကရင်လူမျိုးမဟုတ်‌ပေမဲ့ ကရင်ပါတီထဲမှာ ပါတယ်တဲ့ အဲလိုပဲ‌ပြော‌တော့ အဲဒါကိုပဲ ‌ပေးတာ‌လေ။ သူမဲရရင် ဘာလုပ် ‌ပေးမလဲ ဘာတခုမှ‌တော့ လာ‌ပြောဖူးတာ‌တော့ မဟုတ်ပါဘူး။ သူကြီးက မှာထားတာမို့ပါ။”ဟု ဆိုသည်။

ထို့အပြင် မြဝတီမြို့တွင်း၌လည်း ရပ်ကွက်တခုနှင့်တခု မဲပုံးအ‌ရေအတွက်ချင်း မတူညီကြသလို မိမိထည့်လိုသည့် ပါတီမပါ သည်များလည်း ဖြစ်‌နေ‌ကြောင်း သိရသည်။

ရပ်ကွက်(၃)မှ အိမ်‌ထောင်ဦးစီးတစ်ဦးက “ကျ‌နော်က ဖလုံ-စ‌ဝေါ်ကိုထည့်မလို့ဟာ မဲပုံးက အဲဒီပါတီမပါဘူး။ ဒါနဲ့ ဘာထည့်ရ မှန်း မသိတာနဲ့ ဇွဲကပင်ပုံပါတီကိုပဲ ထည့်လိုက်တယ်။ ဘာမှ‌တော့ ‌မျှော်လင့်ချက်မရှိပါဘူး။ အိမ်သား‌တွေ မသွား‌တော့ တာဝန် ‌ကျေ‌အောင် သွားထည့်လိုက်တာပါ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဒီ‌ကေဘီ‌အေ ဥက္ကဌဖြစ်ခဲ့သူ ဦး‌စောသာထူး‌ကျော်သည် လှိုင်းဘွဲမြို့နယ်တွင် (KSDDP)၏ ပါတီကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင် ခဲ့ပြီး ပြီးခဲ့သည့် ၅ရက်‌နေ့ကတည်းက ထို‌ဒေသရှိ ‌ရွေး‌ကောက်ပွဲ ကျင်းပခွင့်မရှိသည့် ‌ကျေးရွာများမှ ရွာသူရွာသားများကို ရွာသူ ကြီးမှတဆင့် လူစု‌ခေါ်ကာ ကြိုတင်မဲ‌ပေးခိုင်းခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

သို့‌သော် မြို့နယ်တိုင်းတွင် အိမ်‌ထောင်စုစာရင်းနှင့် သန်း‌ခေါင်စာရင်းရှိသူများကိုသာ ရပ်ကွက်မှူးများက မဲလက်မှတ်များ ‌ဝေငှ ‌ပေးထားပြီး မိမိ‌နေထိုင်သည့် မြို့နယ်များတွင် သန်း‌ခေါင်စာရင်းမရှိသူများအား ‌ပေး‌ဝေခြင်းမရှိသဖြင့် မဲမ‌ပေးရသူများလည်း ရှိ ‌နေသည်။

ကြံ့ဖွံ့ပါတီဝင်များသည် ကရင်လူထုများက ကရင်ပါတီကို မဲထည့်မှုများမည်စိုး၍ ယင်းသို့ နည်းလမ်းစုံ မဲဆွယ်‌နေ‌သော်လည်း တစညပါတီဝင်များမှာ ထူးခြားသည့် မဲဆွယ်မှုများ ပြုလုပ်ခြင်းမရှိ‌ကြောင်း ဖားအံမြို့ခံတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

KSDDP ပါတီမှာ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့ဝင်များသာ ဖြစ်သဖြင့် ၎င်းပါတီမှ ရရှိသည့်မဲများမှာ ကြံ့ဖွံ့ပါတီရရှိသည့်မဲ နှင့် ‌ပေါင်းနိုင်‌ကြောင်း ‌ဝေဖန်မှုများလည်း ရှိသည်။