Hay Htoo
နယ်ခြားစောင့်တပ်က သက်ကြီးရွာသားတဦးကို အကြောင်းမဲ့ ပစ်ခတ်
ဖေဖော်ဝါရီလ ၃ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
မြဝတီမြို့နယ်၊ မဲ့ကနဲကျေးရွာအနီးရှိ ကရင်နယ်ခြားစောင့်တပ်ဂိတ်မှ အသက်ကြီး ရွာသားတစ်ဦးကို ယမန်နေ့က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် မြဝတီဆေးရုံသို့ အချိန်မီ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ကာ ကိုယ်တွင်းမှ ကျည်ဆံကို ခွဲထုတ်ရမည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။
သေနတ်ဖြင့် အပစ်ခံရသူမှာ အသက် ၅၇နှစ်ရှိ...
ကော့ကရိတ်မြို့ရှိ မိုက်ခရိုဝေ့ဗ် ကို ကရင်တပ်ဖွဲ့ဝင်များ ပစ်ခတ် ဖျက်ဆီး
ဖေဖော်ဝါရီလ ၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့နားရှိ တောင်သုံးလုံးစခန်းကို ကရင်တပ်ဖွဲ့ဝင်များက ယမန်နေ့ညက လက်နက်ကြီး ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး မိုက်ခရိုဝေ့ဗ်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မြို့ခံတစ်ဦးက “မနေ့ည ၁၁နာရီမှာ ချက်ပွိုင့်ဘက်မှာ လက်နက်ကြီးတွေနဲ့ လာပစ်တာ အလုံးတွေက အများကြီး တရစပ်ပဲ။...
နအဖ လက်နက်ကြီးကျရောက်၍ ယာယီစခန်းမှ ဒုက္ခသည်များ ကစဉ့်ကလျားထွက်ပြေး
ဖေဖော်ဝါရီလ ၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
မြဝတီမြို့နယ်၊ ဝေါ်လေဒေသအတွင်းရှိ နအဖတပ်ဖွဲ့များက ယနေ့မနက်တွင် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ စစ်ပြေးဒုက္ခသည်များ ရောက်ရှိခိုလှုံသည့်နေရာအနီး ကျရောက်ပေါက်ကွဲသဖြင့် စစ်ပြေးဒုက္ခသည်များ အပါအဝင် ထိုဒေသခံ ထိုင်းရွာသူရွာသားများပါ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။
ယနေ့မနက် ၈နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ မောကဲထိုင်းကျေးရွာတွင်...
၆၂နှစ်မြောက် ကရင်တော်လှန် ရေးနေ့ KNU တပ်မဟာ (၅)တွင် ကျင်းပခဲ့
ဇန်နဝါရီလ ၃၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားများ၏ ၆၂နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အ တွင်းရှိ KNU တပ်မဟာ(၅) နယ်မြေတနေရာတွင် ယနေ့မနက်တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုအဆင့်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး KNU အထွေထွေအတွင်းရေးမှူးချုပ်...
ပြုစားသည်ဟု စွပ်စွဲကာ ရွာသူကြီး ဇနီးမောင်နှံကို BGF သတ်ဖြတ်
ဇန်နဝါရီလ ၃၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ညာ့လိအားထာ့ရွာမှ ရွာသူကြီးဖြစ်သူ စောချောမီဖိုးနှင့် ဇနီးကို နယ်ခြားစောင့်တပ်-BGF (၁၀၂၀)တပ်ရင်းမှ တပ်ကြပ်စောမာကျော်နှင့် တပည့်နှစ်ယောက်တို့က ယခုလ ၂၄ရက်နေ့ ည ၉နာရီကျော်အချိန်တွင် ပစ် သတ်ခဲ့သည်ဟု သိရသည်။
တပ်ကြပ်စောမာကျော်က လေဖြတ်ခံရသည့် ၎င်း၏ တပ်ခွဲမှူး ဗိုလ်ကြီးစောတင်ဝင်းကို...
ဆွဲမိုင်းကြောင့် နအဖတပ်များ အထိနာ
ဇန်နဝါရီလ ၃၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကော့ကရိတ်-မြဝတီကားလမ်းတနေရာတွင် ယမန်နေ့မနက် ၈နာရီကျော်အချိန်၌ DKBA တပ်ဖွဲ့၏ ဆွဲမိုင်းကြောင့် နအဖ တပ်ရင်း(၂၇၅)မှ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိကာ အထိနာခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
DKBA (၉၀၈)တပ်ရင်းမှ ဗိုလ်မှူးစောကျော်တလို့ ဦးဆောင်သည့် တပ်ဖွဲ့သည် ၎င်းနအဖတပ်ဖွဲ့ စီးလာသည့်...
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု ယနေ့ မကြေညာနိုင်သေး
ဇန်နဝါရီလ ၃၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ယနေ့ကျရောက်သည့် ၆၂နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့တွင် တတိယမြောက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင် ဆုကို မကြေညာဖြစ်သေးကြောင်း ဖန်းဖောင်ဒေးရှင်း တည်ထောင်သူတစ်ဦးက ကေအိုင်စီကို ပြောသည်။
ဖန်းဖောင်ဒေးရှင်းကို တည်ထောင်သူတစ်ဦးဖြစ်သည့် စောစေးစေးဖန်းက “အမှန်တကယ်ဆို ဒီဆုကို ကျနော်တို့ ဖန်းဖောင်ဒေး ရှင်းက တော်လှန်ရေးနေ့မှာ ကြေညာပြီး ဆုရှင်ကို...
နအဖ တပ်ဖွဲ့ဝင် ၃ဦး ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံး
ဇန်နဝါရီလ ၂၉ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖ ခမရ(၃၄၃)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ် လ်အေ) တပ်ရင်း(၂၁)တို့ ယနေ့မနက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်ကြပ်တဦး အပါအဝင် ၃ဦး ကျဆုံးခဲ့ သည်ဟု သိရသည်။
“ဖြစ်တာက ဒီမနက် ၆နာရီ ဝ၅မိနစ်မှာပဲ လှိုင်းဘွဲမြို့နယ်၊ တရေဖိုးကွီးနဲ့...
၄ကြိမ်မြောက် ကေဝိုင်အိုကွန်ဂရက် အောင်မြင်စွာ ကျင်းပပြီးစီး
ဇန်နဝါရီလ ၂၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
(၄)ကြိ်မ်မြောက် ကရင်လူငယ်အစည်းအရုံး(ကေဝိုင်အို) ကွန်ဂရက်ကို ကရင်ပြည်နယ်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေတနေရာ တွင် ဇန်နဝါရီလ ၁၉ရက်နေ့မှ ၂၆ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
၎င်းကွန်ကရက်တွင် ကရင်ပြည်နယ် ခရိုင်(၇)ခုမှ ကရင်လူငယ်အစည်းအရုံး ကိုယ်စား လှယ်များ၊ ဗဟိုကော်မတီဝင်များ၊ KNU၊ KWO မှခေါင်းဆောင်များ၊...
အကျဉ်းသားပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများရှိ
ဇန်နဝါရီလ ၂၈ရက်။ ကေအိုင်စီ
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောသို့ ရောက်ရှိလာသည့် နအဖ စစ်ကြောင်းများက ၎င်းတို့ခေါ်ဆောင် လာသည့် အကျဉ်းသားပေါ်တာများကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများရှိနေသည်ဟု ဇန်နဝါရီလ ၂၆ရက်က ထွက်ပြေးလွတ် မြောက်လာသူ အကျဉ်းသားပေါ်တာများက ပြောသည်။
ထိုနေ့မနက်နှင့် ညနေဘက်တွင် နအဖ ခမရ(၂၀၈)မှ အကျဉ်းသားပေါ်တာ ၁၃ဦးသည်...





