Home ထိပ်တန်းသတင်း အကျဉ်းသား‌ပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများရှိ

အကျဉ်းသား‌ပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများရှိ

1548
ဇန်နဝါရီလ ၂၈ရက်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ မာနယ်ပ‌လောသို့ ‌ရောက်ရှိလာသည့် နအဖ စစ်‌ကြောင်းများက ၎င်းတို့‌ခေါ်‌ဆောင် လာသည့် အကျဉ်းသား‌ပေါ်တာများကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများရှိ‌နေသည်ဟု ဇန်နဝါရီလ ၂၆ရက်က ထွက်‌ပြေးလွတ် ‌မြောက်လာသူ အကျဉ်းသား‌ပေါ်တာများက ‌ပြောသည်။

ထို‌နေ့မနက်နှင့် ည‌နေဘက်တွင် နအဖ ခမရ(၂၀၈)မှ အကျဉ်းသား‌ပေါ်တာ ၁၃ဦးသည် ‌ကေအဲန်ယူ တပ်မဟာ(၇)သို့ ထွက် ‌ပြေး‌ရောက်ရှိလာခဲ့ပြီး ၎င်းတို့မှာ ပြည်၊ ဖျာပုံ၊ အင်းစိန်၊ လားရှိုးနှင့် ဖားအံ‌ထောင်များမှ ဖြစ်ကြသည်။

ပြည်‌ထောင်မှ ‌မောင်ဂျိုးဇက် ၂၇နှစ်က “စစ်တပ်က ဝန်ထမ်း‌ပေါ်တာ‌တွေကို ‌တောင်‌ပေါ်မတက်နိုင်ရင် တုတ်နဲ့ရိုက်တယ်။ ‌တောင်‌ပေါ်က မဆင်းနိုင်ရင် ကန်ချတယ်။ လုံးဝ မထမ်းနိုင်တဲ့သူ‌တွေကို ပစ်သတ်လိုက်တာ‌တွေရှိတယ်။ ‌နောက်ပြီး မိုင်းရှင်းတဲ့ ရဲ‌ဘော်‌တွေ မိုင်းထိမှုများလာ‌တော့ ကျ‌နော်တို့ ‌ပေါ်တာ‌တွေကို ‌ရှေ့ကပဲ သွားခိုင်း‌တော့မယ်လို့ သူတို့အချင်းချင်း ‌ပြော‌နေတာ ကြားလို့ ‌သေမှာ‌ကြောက်ပြီး ထွက်‌ပြေးလာတာပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဇန်နဝါရီလဆန်းပိုင်းက ၎င်းနယ်‌မြေသို့‌ရောက်ရှိလာသည့် နအဖတပ်များသည် စစ်‌ကြောင်းသွားရာလမ်းတစ်‌လျှောက် မိုင်းထိ မှန်သူများထဲမှ အကျဉ်းသား‌ပေါ်တာများကို ‌ဆေးကုသမှုမရှိဘဲ ၎င်းတို့တပ်ဖွဲ့ဝင်များအနက် မိုင်းထိတပ်သားများကို ‌ဆေးကုသ ‌ပေးကာ အရာရှိများကို ‌နောက်တန်းသို့ ပို့‌ဆောင်‌ပေးခဲ့သည်ဟု ဖျာပုံ‌ထောင်မှ ‌ပေါ်တာအဖြစ်ပါလာသူ အကျဉ်းသား ‌မောင်ကံ ထွန်း ၂၃နှစ်က ယခုလို ‌ပြောသည်။

“ကျ‌နော့်မျက်စိ‌ရှေ့မှာတင် ‌ပေါ်တာတ‌ယောက်၊ ရဲ‌ဘော်နှစ်‌ယောက် မိုင်းထိတာ‌တွေ့တယ်။ ဗိုလ်ကြီးရန်‌နောင်ဆိုတာလည်း ‌ရေခပ်ဆင်းရာက ပြန်တက်လာ‌တော့ မိုင်းနင်းမိပြန်‌ရော။ အဲဒီအခါ ဟိုဗိုလ်ကြီးကိုကျ‌တော့ ‌နောက်တန်းပို့တယ်။ ရဲ‌ဘော်ကို ‌ဆေးကု‌ပေးတယ်။ ‌ပေါ်တာကိုကျ‌တော့ ဘာမှမလုပ်‌ပေးဘူး။ ‌နောက်ပိုင်း ဘာလုပ်လိုက်လဲ ကျ‌နော်လည်း ဆက်ထမ်းလာ‌တော့ မသိ‌တော့ဘူး‌လေ။”ဟု ဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များသည် ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေရှိ ကြယ်‌ပြောင်ကုန်းမှ ‌ရှေ့တန်း‌နေရာများသို့ တက်လာရာတွင် မထမ်းနိုင်သည့်‌ပေါ်တာများ၊ မိုင်းနင်းမိကာ ‌ခြေပြတ်လက်ပြတ်ဖြစ်သူ ‌ပေါ်တာများကို ၎င်းတို့တပ်အရာရှိများကိုယ်တိုင်က ‌တောင်‌ပေါ်မှ ကန်ချခဲ့သည်ကို ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ အင်းစိန်‌ထောင်မှ အကျဉ်းသား‌ပေါ်တာ ‌အောင်မိုး‌ကျော်က ‌ပြောသည်။

သူက “ကျ‌နော်တို့ ‌တောထဲမှာ လာရတာ ‌တောင်တက်‌တောင်ဆင်း သက်သက်ပဲ။ ပြီးခဲ့တဲ့ ၁ဝရက်ကဆိုရင် ‌တောင်မတက် နိုင်‌တော့တဲ့ ကျ‌နော်တို့သူငယ်ချင်း စံ‌ပေါက အနား‌တောင်းတာကို (၂၀၈)က ဗိုလ်မှူးတ‌ယောက်က ဓါးထုတ်ပြီး ရင်ဘတ်ကို ၂ချက်ထိုး ‌ချောက်ထဲ ကန်ချလိုက်တယ်။ ‌နောက်တ‌ယောက်က ကုလား။ သူက ဝန်ထမ်းရင်း မိုင်းထိ‌တော့ ‌ခြေ‌ထောက်ပြတ် သွားတာ ‌ချောက်ထဲမှာ ကန်ချခံရတယ်။ ‌အောက်မှာကျ‌တော့ မ‌သေ‌သေးဘဲ ကယ်ကြပါဦးဆိုပြီး ‌အော်တာ‌ပေါ့‌နော်။ အဲဒီအသံ ကို ခုထိ ကျ‌နော့်နားထဲမှာ ကြား‌ယောင်တုန်းပဲ။”ဟု ရှင်းပြသည်။

ဖျားနာ‌နေသည့်ကြားမှ ကိုယ်တိုင် နှိပ်စက်ခံရသူ အင်းစိန်‌ထောင်အကျဉ်းသား လင်းမာန်‌အောင်ကလည်း “ကျ‌နော် ‌ထောင်ထဲရှိ ကတည်းက အဖျားရှိ‌ပေမဲ့ ဒီကို ပို့တယ်။ အဖျားရှိတဲ့အခါကျ‌တော့ ပစ္စည်း‌လေး သိပ်မထမ်းနိုင်ဘူး။ မထမ်းနိုင်‌တော့ ကျ‌နော့်ကို သူတို့(နအဖ)က ကန်တယ်။ ‌သေနတ်ဖင်နဲ့ နံရိုးကို ထုတယ်။ အခုထိ ‌အောင့်‌နေတုန်းပဲ။ ထီး‌သေ့ခိဆိုတဲ့‌နေရာကို ‌ရောက်တုန်း က ကျ‌နော့် သူငယ်ချင်းနှစ်‌ယောက်ဆိုရင် နားထင်ကို ‌သေနတ်နဲ့ ပစ်သတ်ခဲ့တာ ကျ‌နော့် မျက်စိ‌ရှေ့မှာပဲ။ အခု ဒီကို‌ရောက် လာတာ ကျ‌နော်တို့ အရမ်းဝမ်းသာမိတယ်။”ဟု ‌ပြောသည်။

ဇန်နဝါရီလ ၂၆ရက်‌နေ့အထိ ‌ကေအဲန်ယူတပ်ဖွဲ့များထံ ထွက်‌ပြေး‌ရောက်ရှိလာသူ အကျဉ်းသား‌ပေါ်တာ အ‌ယောက် ၃ဝရှိပြီဟု ‌ကေအဲန်ယူ တပ်မဟာ(၇)၏ မှတ်တမ်းများအရ သိရသည်။