Hay Htoo
နအဖ စစ်ခေါင်းဆောင်များအား ICC တွင် တရားစွဲနိုင်ရေး WLB ကြိုးပမ်း သွားမည်
ဇန်နဝါရီလ ၂၈ရက်။ ကေအိုင်စီ
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခွင့်ပြုနေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နအဖ စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားခုံရုံးတွင် တရားစွဲဆိုနိုင်ရန်အတွက် ဆက် လက် ကြိုးပမ်းသွားမည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
WLB အထွေထွေအတွင်းရေးမှူး...
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ တွင် နအဖနှင့် နယ်ခြားစောင့်တပ် များ သေကြေထိခိုက်မှုရှိ
ဇန်နဝါရီလ ၂၇ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ် နယ်စပ်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် နအဖ စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်များမှ အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း ကေအိုင်စီက ယနေ့ စုံစမ်းသိရှိရသည်။
ယနေ့မနက် ၇နာရီဝန်းကျင်တွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့်...
နအဖ စစ်သည် ၄ဦး KNDO ထံသို့ လာရောက်ပူးပေါင်း
ဇန်နဝါရီလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဘူးသိုမြို့နယ်တွင် အခြေချလှုပ်ရှားသည့် နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ တပ်ရင်းနှစ်ရင်းမှ စစ်သည် ၄ဦးသည် ပြီးခဲ့သည့်အပတ်က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၂၂ရက်နေ့က ရတခ လက်အောက်ခံ ခမရ(၃၄၀)မှ တပ်ကြပ်ကြီးအောင်ထွေး...
နအဖ တပ်သားငယ် ၂ဦး ကေအဲန်ယူထံ ထွက်ပြေးလာ
ဇန်နဝါရီလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU တပ်မဟာ(၆)သို့ နအဖ စကခ(၅)လက်အောက်ခံတပ်ရင်း ခမရ(၅၄၃)မှ တပ်သားနှစ်ဦးဖြစ်သူ မောင်ဝဏ္ဏ ၁၈နှစ်နှင့် မောင်ဝင်းဘို ၂ဝနှစ်တို့သည် ဇန်နဝါရီ ၂၃ရက်နေ့က နယ်မြေခံ KNLA တပ်ရင်း (၁၇)ထံ ထွက်ပြေးရောက်ရှိလာသည်ဟု သိရှိရသည်။
ထွက်ပြေးရောက်ရှိလာသည့် မောင်ဝင်းဘိုက...
ဖလူးဒေသတွင်း တိုက်ပွဲ နအဖ တပ်သား ၃၀ကျော် ထိခိုက်သေဆုံး
ဇန်နဝါရီလ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဝေါ်လေဂွင်၊ ဖလူးကျေးနယ်၊ ကျောက်ခက်ဒေသအတွင်း ယမန်နေ့ မနက်က နအဖနှင့် ကရင်တပ်ဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်ဖွဲ့ဝင် ၃၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့များ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ တိုက်ပွဲတွင် ကရင်တပ်ဖွဲ့မှ ကိုက် ၃၀ဝခန့် နောက်ဆုတ်ပေးခဲ့ရသော်လည်း...
စစ်တပ် လွှတ်တော်ကိုယ်စားလှယ် စာရင်းထုတ်ပြန်ကြေညာပြီ
ဇန်နဝါရီလ ၂၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပတော့မည့် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးအတွက် လွှတ်တော် ၃ရပ် တွင် ပါဝင်ရမည့် တပ်မတော် ကိုယ်စားလှယ်အမည်စာရင်းကို စစ်အစိုးရက ယခုဇန်နဝါရီလ ၂ဝရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
လာမည့်ဇန်နဝါရီလ ၃၁ရက်နေ့တွင် ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူမည်ဖြစ်သည့်အတွက် ယမန်နေ့က ထုတ်ပြန်...
BGF ဒုတပ်ကြပ်တဦးနှင့် ရဲဘော်တဦး KNU ထံ လာရောက်ပူးပေါင်း
ဇန်နဝါရီလ ၂၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
KNU တပ်မဟာ(၇)နယ်မြေအတွင်း လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၈)တပ်ရင်းမှ ဒုတပ်ကြပ်ဖြစ်သူ စောသောင်းထွန်းကျော်နှင့် တပ်သားဖြစ်သူ စောအောင်စိုးမင်းတို့သည် AR သေနတ် ၂လက်၊ မက္ကစင်း ၆ချပ်၊ ကျည် တောင့် ၂၀ဝနှင့်အတူ ယမန်နေ့ညနေ ၃နာရီခန့်တွင် နယ်မြေခံ KNLA...
အကျဉ်းသားပေါ်တာ ၇ဦး ထပ်မံထွက်ပြေး
ဇန်နဝါရီလ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
နအဖ တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၀၁)၊ (၂၀၂)နှင့် (၂၀၄)မှ အကျဉ်းသားပေါ်တာ ၇ဦး ၁၉ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ(၇)သို့ ထပ်မံ ထွက်ပြေးရောက်ရှိလာခဲ့သည်။
ဇန်နဝါရီလ ၁၆ရက်နေ့မှ စတင် ထွက်ပြေးလာကြသည့် ၎င်းအကျဉ်းသားပေါ်တာများမှာ ပဲခူးတိုင်း သာယာဝတီထောင်မှ အနိုင် ၂၃နှစ်၊ စိန်ကျော်ထွေး...
တောင်ငူမြို့တွင် လုံခြုံရေး ပိုတင်းကြပ်လာ
ဇန်နဝါရီလ ၁၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း (ပဲခူးတိုင်းအရှေ့ခြမ်း)ရှိ တောင်ငူမြို့တွင် ယခုအချိန်တွင် သက်ဆိုင်ရာအာဏာပိုင်များက မြို့တွင်းမြို့ပြင် လုံခြုံရေး ပိုမိုချထားလာသည့်အပြင် တောင်ပေါ်ဒေသနှင့် ဆက်သွယ်သွားလာသော ကားလမ်းများကိုလည်း ပိတ်ဆို့ထားလိုက်သည့် အတွက်ကြောင့် ဒေသခံများ၏ မိသားစုစီးပွားရေးကို ထိခိုက်စေသည်ဟု ဒေသခံများက ပြောသည်။
တောင်ငူမြို့ခံတဦးက “အခုချိန်မှာ တောင်ငူမှာက စစ်တပ်တွေက...
KSDDP ပါတီ စည်းရုံးရေးမှူးတဦး ကေအဲန်ယူထံ ထွက်ပြေးရောက်ရှိ
ဇန်နဝါရီလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP)၏ မြဝတီမြို့နယ်မြောက်ပိုင်း စည်းရုံးမှူးတဦးဖြစ်သူ စောဖိုး ကလိသည် ပါတီတွင် မလုပ်ကိုင်လိုတော့သည့်အတွက် ယနေ့မနက်တွင် ကေအဲန်ယူ တပ်မဟာ(၇)ထံ ထွက်ပြေးရောက်ရှိလာ ခဲ့သည်။
မြဝတီမြို့နယ် နယ်ခြားစောင့်တပ် BGF (၁၀၁၈) တပ်ရင်းစခန်းရှိရာ ရွှေကုက္ကိုကျေးရွာတွင် နေထိုင်သည့် အဆိုပါ...





