Home ထိပ်တန်းသတင်း ပြုစားသည်ဟု စွပ်စွဲကာ ရွာသူကြီး ဇနီး‌မောင်နှံကို BGF သတ်ဖြတ်

ပြုစားသည်ဟု စွပ်စွဲကာ ရွာသူကြီး ဇနီး‌မောင်နှံကို BGF သတ်ဖြတ်

1572
ဇန်နဝါရီလ ၃၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ညာ့လိအားထာ့ရွာမှ ရွာသူကြီးဖြစ်သူ ‌စော‌ချောမီဖိုးနှင့် ဇနီးကို နယ်ခြား‌စောင့်တပ်-BGF (၁၀၂၀)တပ်ရင်းမှ တပ်ကြပ်‌စောမာ‌ကျော်နှင့် တပည့်နှစ်‌ယောက်တို့က ယခုလ ၂၄ရက်‌နေ့ ည ၉နာရီ‌ကျော်အချိန်တွင် ပစ် သတ်ခဲ့သည်ဟု သိရသည်။

တပ်ကြပ်‌စောမာ‌ကျော်က ‌လေဖြတ်ခံရသည့် ၎င်း၏ တပ်ခွဲမှူး ဗိုလ်ကြီး‌စောတင်ဝင်းကို ပြုစားသည်ဟု စွပ်စွဲကာ အဆိုပါ သူကြီးဇနီး‌မောင်နှံကို သတ်ဖြတ်ခဲ့ခြင်းဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “ဇန်နဝါရီ ၂၄ရက်‌နေ့ ညအချိန်မှာ သူတို့လင်မယားနှစ်‌ယောက် ‌နေထိုင်‌နေတဲ့ ‌တောင်ယာတဲမှာ သွားပြီး ပစ်သတ်လိုက် တာ။ တ‌ယောက်ကို ၂ချက်စီ ပစ်တယ်။ ‌ယောက်ျားက ‌ကျောခုံးကို အပစ်ခံရတယ်။ သူ့မိန်းမက ‌ခေါင်းကို အပစ်ခံရတယ်။ ဒီလို အ‌ခြေအမြစ်မရှိတဲ့ စွပ်စွဲချက်နဲ့ ရွာသူကြီးကို ပစ်သတ်တာဟာ ဓါးပြဆန်တယ်ဗျာ။ ‌နောက် သူတို့(BGF)က မူးယစ်‌ဆေးဝါး သုံး ‌နေတဲ့သူ‌တွေ‌လေ။”ဟု ဆိုသည်။

အဆိုပါ BGF တပ်ဖွဲ့ဝင် တပ်ကြပ် ‌စောမာ‌ကျော်က ယင်းသို့ပစ်သတ်ခဲ့သည့်အပြင် ရွာသူကြီး၏ ဆွဲကြိုး ၄ကုံး၊ လက်စွပ် ၅ကွင်းနှင့် ဘတ်‌ငွေ ၁သိန်းကို သိမ်းဆည်းခဲ့သည်ဟု သိရသည်။ ညာ့လိအားထာ့ရွာတွင် အင်အား ၁ဝဦးခန့်ရှိသည့် BGF (၁၀၂၀) တပ်ရင်းစခန်းတခုရှိပြီး ရွာအနီးအနားတွင် လက်ညိုးပွင့်၊ ‌ရေ‌ကျော်၊ ထီး‌ကော်‌ထောနှင့် ‌ကျောက်ဖျာရွာများရှိသည်။

ညာ့လိအားထာ့ရွာမှ သူကြီးနှင့်ဇနီးဖြစ်သူအား ယခုလို BGF တပ်ဖွဲ့ဝင်များ၏ စွပ်စွဲသတ်ဖြတ်မှု‌ကြောင့် ရွာသူရွာသားများ စိုးရိမ် ထိတ်လန့်‌နေကြ‌သော်လည်း မည်သို့မျှ ‌ပြောဆိုတိုင်ကြားရဲခြင်း မရှိ‌ပေ။

နယ်ခြား‌စောင့်တပ် (၁၀၂၀)၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး‌စောဆန်းလင်းဖြစ်သည်။