Home ထိပ်တန်းသတင်း ၄ကြိမ်‌မြောက် ‌ကေဝိုင်အိုကွန်ဂရက် ‌အောင်မြင်စွာ ကျင်းပပြီးစီး

၄ကြိမ်‌မြောက် ‌ကေဝိုင်အိုကွန်ဂရက် ‌အောင်မြင်စွာ ကျင်းပပြီးစီး

1720
ဇန်နဝါရီလ ၂၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

(၄)ကြိ်မ်‌မြောက် ကရင်လူငယ်အစည်းအရုံး(‌ကေဝိုင်အို) ကွန်ဂရက်ကို ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတ‌နေရာ တွင် ဇန်နဝါရီလ ၁၉ရက်‌နေ့မှ ၂၆ရက်‌နေ့အထိ ‌အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။

၎င်းကွန်ကရက်တွင် ကရင်ပြည်နယ် ခရိုင်(၇)ခုမှ ကရင်လူငယ်အစည်းအရုံး ကိုယ်စား လှယ်များ၊ ဗဟို‌ကော်မတီဝင်များ၊ KNU၊ KWO မှ‌ခေါင်း‌ဆောင်များ၊ ကရင်ဒုက္ခသည်စခန်းများမှ ကရင်လူငယ်အစည်းအရုံး၏ အဖွဲ့ဝင်များနှင့် ‌လေ့လာသူများ အပါအ ဝင် စုစု‌ပေါင်း လူဦး‌ရေ ၁၂၃ဦး တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ ကွန်ဂရက်အတွင်း ၂၀၀၅မှ ၂၀၁ဝခုနှစ်အထိ ကရင်လူငယ်အစည်းအရုံး ဗဟို အလုပ်အမှု‌ဆောင်‌ကော်မတီဝင်များနှင့် ခရိုင်အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို ပြန်လည်သုံးသပ်ခဲ့ကြသည့်အပြင် လာမည့် ကွန်ဂရက်သက်တမ်း (၄)နှစ်အတွက် ဆက် လက်တာဝန်ထမ်း‌ဆောင်မည့် ဗဟို‌ကော်မတီအသစ်၁၁ဦးကိုလည်း ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်ဟု ဥက္ကဌအဖြစ် ‌ရွေးချယ် တင်‌မြှောက်ခံခဲ့ရသူ ‌စော‌ရော်ကီခုပီတခါက ‌ပြောသည်။

၄ ကြိမ်‌မြောက် ‌ကေဝိုင်အိုကွန်ဂရက်မှမှတ်တမ်းဓါတ်ပုံ
၎င်းက “အစည်းအ‌ဝေးမှာ ပြီးခဲ့တဲ့ ၄နှစ်အတွင်း ကျ‌နော်လှုပ်ရှားမှု‌တွေကို ပြန်လည်သုံးသပ်ကြတယ်။ ‌ရှေ့လုပ်ငန်းစဉ်‌တွေ ချ မှတ်နိုင်ခဲ့ပြီး‌တော့ ‌နောက်ထပ် ‌လေးနှစ်သက်တမ်းအတွက် တာဝန်ယူမယ့် ဗဟို‌ကော်မတီ ၁၁‌ယောက်ကိုလည်း တက်‌ရောက် လာသူ ကိုယ်စားလှယ်‌တွေထဲက ‌ရွေးချယ်တင်‌မြှောက်ခဲ့ပါတယ်။”ဟု ‌ပြောသည်။

ယခုကွန်ဂရက်တွင် ဥက္ကဌအဖြစ် ‌စော‌ရောကီခုပီတခါ၊ ဒုဥက္ကဌအဖြစ် ‌စောအယ်ကလူ‌စေး၊ အတွင်း‌ရေးမှူး ‌စောအယ်ထူးစိုး၊ အတွင်း‌ရေးမှူး(၁) ‌စောဂျစ်ပစီ၊ အတွင်း‌ရေးမှူး(၂) ‌နော်‌အေ‌ဘေ‌နေ့စာ့၊ လူမှု‌ရေးတာဝန်ခံ ‌စောဆာအယ်ထူး၊ စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးတာဝန်ခံ ‌နော်ကဲဘလူထူး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေးတာဝန်ခံ ‌နော်မူးဝါး၊ မဟာမိတ်‌ရေး ရာတာဝန်ခံ ‌စောဗီတာလင်း၊ ဘဏ္ဍာ‌ရေးမှူး ‌နော်ခီးလာနှင့် စာရင်းစစ် ‌နော်ဟဲလယ်ထူးတို့ကို ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်။

၎င်းကွန်ဂရက်တွင် ကရင့်‌တော်လှန်‌ရေး မျိုးဆက်သစ်များ ရရှိရန်အတွက် လူငယ်များ စည်းရုံးရန်၊ ကရင်လူထုများကို နိုင်ငံ‌ရေး သ‌ဘောတရားများ သိရှိနားလည်‌အောင် ပညာ‌ပေးရန် ပါဝင်သည့် ‌ရှေ့လုပ်ငန်းစဉ် ၁၄ချက်ကို ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ကွန်ဂရက်သို့ တက်‌ရောက်ခဲ့သူ ‌ညောင်‌လေးပင်ခရိုင်မှ ကရင်လူငယ်အစည်းအရုံး အတွင်း‌ရေးမှူး ‌စော‌ဝေါ်ထူးက “ဒီကွန်ဂရက် မှာ ခရိုင်အသီးသီးကလာတဲ့ ကိုယ်စားလှယ်‌တွေဟာ သူတို့‌ဒေသမှာ ၂၀၀၅က‌နေ ၂၀၁ဝခုနှစ်အထိ ကျ‌နော်တို့‌တွေ ဘာ‌တွေ လုပ်နိုင်ခဲ့လဲ။ မလုပ်နိုင်ခဲ့လဲဆိုတာကိုလည်း သိရှိရတယ်။ အဲဒီ အားနည်းချက်၊ အားသာချက်‌တွေအ‌ပေါ် ‌ရှေ့ဆက် ဘယ်လို လုပ်‌ဆောင်သွားရမလဲဆိုတာကိုလည်း ‌ကောင်းစွာ နားလည်သ‌ဘော‌ပေါက်လာတယ်။”ဟု ‌ပြောသည်။

အီတိုးထာ့ ပြည်တွင်းဒုက္ခသည်စခန်းမှ ‌ကေဝိုင်အို ရုံးထိုင်မှူး ‌စောအယ်ကလူ‌တောကလည်း “‌ကေဝိုင်အို ကွန်ဂရက်ကို ကျ‌နော် က ပထမဦးဆုံး တက်‌ရောက်ခွင့်ရတာပါ။ အခုလို တက်‌ရောက်ခွင့်ရ‌တော့ ဒီကွန်ဂရက်ကို တက်‌ရောက်လာတဲ့ ကိုယ်စားလှယ် ‌တွေ တင်ပြခဲ့တဲ့ သူတို့ရဲ့လှုပ်ရှားမှုနဲ့ အမြင်သ‌ဘောထား၊ ‌ဆွေး‌နွေးချက်‌တွေကို ကျ‌နော် အများကြီး သင်ယူခဲ့ပါတယ်။ သူတို့ ‌တွေရဲ့ တင်ပြ‌ဆွေး‌နွေးချက်‌တွေကို မှတ်သားထားပြီး‌တော့ စခန်းထဲကလူငယ်‌တွေကို ပြန်ပြီး‌တော့ မျှ‌ဝေနိုင်လိမ့်မယ်လို့ ယုံ ကြည်ပါတယ်။”ဟု ‌ပြောသည်။

‌ကေဝိုင်အိုသည် မျိုးချစ်လူငယ်‌ခေါင်း‌ဆောင်များကို ‌မွေးထုတ်‌ပေးရန်၊ ကရင်လူငယ်ထုအတွင်း ဘဝဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ မူးယစ်‌ဆေးဝါး ကာကွယ်တားဆီး‌ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေးနှင့် လူမှုဖွံ့ ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၉ခုနှစ်၌ မာနယ်ပ‌လောနယ်‌မြေ (‌ကေအဲန်ယူ ဗဟိုဌာနချုပ်‌ဟောင်း)တွင် ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်‌ပေါင်း ၄၃,၁၅၄ဦးရှိသည်ဟု ‌ကေ ဝိုင်အိုမှတ်တမ်းများအရ သိရသည်။