Home ထိပ်တန်းသတင်း ၆၂နှစ်‌မြောက် ကရင်‌တော်လှန် ‌ရေး‌နေ့ KNU တပ်မဟာ (၅)တွင် ကျင်းပခဲ့

၆၂နှစ်‌မြောက် ကရင်‌တော်လှန် ‌ရေး‌နေ့ KNU တပ်မဟာ (၅)တွင် ကျင်းပခဲ့

1758
ဇန်နဝါရီလ ၃၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားများ၏ ၆၂နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အ တွင်းရှိ KNU တပ်မဟာ(၅) နယ်‌မြေတ‌နေရာတွင် ယ‌နေ့မနက်တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုအဆင့်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်ကိုယ်တိုင် တက်‌ရောက်ကာ ကရင်တမျိုးသားအ‌နေဖြင့် မပြီးဆုံး ‌သေးသည့် ‌တော်လှန်‌ရေးကို တတ်နိုင်သည့်ဘက်မှ လုပ်‌ဆောင်ကြရန် ယခုလို မိန့်ခွန်း‌ပြောဆို တိုက်တွန်းခဲ့သည်။

သူမက “ကျမတို့ ကိုယ့်ကရင်လူမျိုး အဖိနှိပ်ခံဘဝက‌နေ လွတ်‌မြောက်ဖို့အတွက် ကရင့်‌တော်လှန်‌ရေးကို ဆင်နွှဲလာခဲ့တာ အခုဆိုရင် နှစ် ၆၀‌ကျော်လာပြီဖြစ်‌ပေမဲ့ ‌တော်လှန်‌ရေးဟာ မပြီး‌သေးပါဘူး။ ဒီမပြီးဆုံး‌သေးတဲ့ ‌တော်လှန်‌ရေးကို ကျမတို့ တ‌ယောက်တည်းနဲ့ လုပ်လို့မရဘူး။ ဒါ‌ကြောင့် ကျမတိုက်တွန်းချင်တာက ‌တော်လှန်‌ရေး‌အောင်မြင်ဖို့ဆိုရင် ကရင်လူမျိုး တိုင်း ကိုယ့်အသိစိတ်နဲ့ တ‌ထောင့်တ‌နေရာက‌နေ တတ်နိုင်သမျှ ဝိုင်းဝန်းလုပ်‌ဆောင်ကြပါ။”ဟု ‌ပြောသည်။

ကရင့်‌တော်လှန်‌ရေး‌နေ့ကို တာဝန်ယူ ကျင်းပ‌ပေးခဲ့သည့် KNU တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စော‌ဘော‌ကျော်ဟဲ က “ကျ‌နော်တို့‌တွေ ကိုယ့်‌တော်လှန်‌ရေး‌အောင်မြင်ဖို့ ၁၉၄၉ခုနှစ်တုန်းကလို အမျိုးသားစိတ်ဓါတ်ကို ‌မွေးကြဖို့ ‌ပြောချင် တယ်။ ‌တော်လှန်‌ရေးဟာ အားနည်းချက်ရှိ‌သေးလို့ မ‌အောင်မြင်တာ။ ဒါ‌ကြောင့် လူတိုင်း ကိုယ့်အားနည်းချက်ကို ကိုယ်ပြင် ပြီး ကိုယ့်လူမျိုးအတွက် အကျိုးရှိမဲ့ဟာကိုပဲ လုပ်ကြပါ။”ဟု ‌ပြောဆိုခဲ့သည်။

မနက် ၇နာရီမှ ‌နေ့လည် ၁၂နာရီအထိ ကျင်းပသည့် ထိုအခမ်းအနားတွင် ကရင့်အမျိုးသားအလံကို အ‌လေးပြုခြင်း၊ ‌ကေ အဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များ၏ စစ်‌ရေးပြ ချီတက်ခြင်းနှင့် ‌တော်လှန်‌ရေးအ‌ကြောင်း ‌ဟော‌ပြောခြင်းများ ပြုလုပ်ခဲ့ကြပြီး ခရိုင်၊ တပ်မဟာအသီးသီးမှ ကိုယ်စားလှယ်များ၊ စစ်သည်များ၊ ‌ကျောင်းဆရာ/မနှင့် ‌ကျောင်းသူ‌ကျောင်းသားများ အပါအ ဝင် လူထုပရိဿတ် ၁၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

၎င်း‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် ကရင်လူငယ်အစည်းအရုံး(KYO) ဥက္ကဌ ‌စော‌ရော့ကီခုက လူငယ်သည် ‌နောင်ဝယ် တွင် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် ‌တော်လှန်‌ရေးနှင့် ပတ်သက်၍ မိမိကျရာကဏ္ဍ၌ တာဝန်ယူ လုပ်‌ဆောင်ကြ ရန်နှင့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)အဖွဲ့ဝင်တဦးဖြစ်သူ ‌နော်မြိုင်ဖိုးကလည်း ‌တော်လှန်‌ရေးအကျိုးပြု‌ရေး အမျိုးသ မီးများပါ လုပ်‌ဆောင်ရန် တိုက်တွန်း‌ပြောဆိုခဲ့သည်။

‌တော်လှန်‌ရေး‌နေ့အတွက် ‌ပေးပို့သည့် KNU ဥက္ကဌ ‌စောတာမလာ‌ဘော၏ မိန့်ခွန်းတွင် ၆၂နှစ်ကာလအတွင်း ကြမ်းတမ်း ‌သော ထိုးစစ်များနှင့် ထိုးခွဲမှုများကို ခါးသီးစွာ ခံခဲ့ရ‌သော်လည်း ယ‌နေ့တိုင် ‌တော်လှန်‌ရေးတည်ရှိ‌နေသည်မှာ ရဲ‌ဘော်ရဲဘက် များအားလုံး ခိုင်မာ‌သောစိတ်ဓါတ်၊ စစ်မှန်‌သော ယုံကြည်ခြင်းနှင့် မ‌လျှော့‌သောဇွဲ၊ လုံ့လတို့ဖြစ်သလို မကြာမီ ထွက်‌ပေါ်လာ ‌တော့မည့် ရုပ်‌သေအစိုးရအား လက်မခံဘဲ စစ်မှန်‌သော‌တော်လှန်‌ရေး၏ ရည်မှန်ချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ပြည် ‌ထောင်စုစနစ် တည်‌ဆောက်နိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ‌ပြောဆိုခဲ့သည်။

အလားတူ တပ်မဟာ(၆) နယ်‌မြေတွင် ပါဝင်သည့် အူးက‌လေးထာ့‌နေရာတွင် ပြုလုပ်သည့် ‌တော်လှန်‌ရေး‌နေ့အခမ်းအနား ကို ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၀၃)နှင့် ဗျူဟာတပ်ဖွဲ့ဝင်များ၊ ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်အချို့ အပါအဝင် လူထု ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ကရင်တမျိုးသား တန်းတူအခွင့်အ‌ရေးရရှိ‌ရေးအတွက် ကရင်အမျိုးသား‌ခေါင်း‌ဆောင်ကြီးများက ဖဆပလအစိုးရထံ နိုင်ငံ ‌ရေးအရ ‌တောင်းဆိုသည်ကို လက်မခံဘဲ အကြမ်းဖက်နှိမ်နင်းခဲ့သည့်အတွက် ၁၉၄၉ခုနှစ် ဇန်နဝါရီလ ၃၁ရက်တွင် ကရင့် ‌တော်လှန်‌ရေးကြီး စတင်လာခဲ့ပြီး ထို‌နေ့ကို အစွဲပြု၍ ကရင်လူထုတရပ်လုံးက ကရင့်‌တော်လှန်‌ရေး‌နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ဂုဏ်ပြုလာခဲ့ခြင်း ဖြစ်သည်။