Hay Htoo
နအဖ ပူးပေါင်းတပ် ထပ်မံ ထိခိုက်ကျဆုံး
မတ်လ ၂၈ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ၊ နယ်ခြားစောင့် BGF ပူးပေါင်းတပ်များနှင့် KNU တပ်မဟာ(၇) လက်အောက်ခံတပ် တို့ကြား ပြီးခဲ့သည့်ရက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ နအဖနှင့် BGF ပူးပေါင်းတပ်မှ ထပ်မံ ထိခိုက်သေဆုံးသည်ဟု ကေအဲန်ယူ တပ်မဟာ(၇) က...
တာလေဒေသခံ ငလျင်ဒုက္ခသည် အချို့ လူမှုအကူအညီများ အရေး တကြီး လိုအပ်နေ
မတ်လ ၂၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇အဆင့်ရှိ မြေ ငလျင်လှုပ်ခတ်မှု ၅ရက်ကြာလာသည်နှင့်အမျှ နိုင်ငံတကာနှင့် မြန်မာပြည်တွင်းရှိ NGOs အဖွဲ့များက အကူအညီပေးမှုများ စတင် နေပြီဖြစ်သော်လည်း ငလျင်ဗဟိုပြုဒေသမှ ဒုက္ခသည်အချို့မှာ လူမှုအကူအညီများ အရေးတကြီး...
နေရပ်ပြန် ဝေါ်လေရွာသူရွာသားများ မြေမြှပ်မိုင်းဒဏ် ခံစားနေရ
မတ်လ ၂၈ရက်၊ နန်းထူးစံ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ဝေါ်လေကျေးရွာတွင် ပြီးခဲ့သည့် နှစ်ရက်အ တွင်း ၎င်းရွာသားရွာသူ ၂ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်သည့်အတွက် ယခုအချိန်တွင် မဲဆောက်ဆေးရုံ၌ ဆေးကုသမှု ခံ ယူနေရကြောင်း ရွာသူရွာသားများ၏ ပြောပြချက်အရ သိရသည်။
ဝေါ်လေကျေးရွာတွင် နေထိုင်သည့်...
ပြောက်ကျားတိုက်ခိုက်မှုကြောင့် နအဖ နှင့် BGF ၉ဦး ထိခိုက်သေဆုံး
မတ်လ ၂၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) မော်ဖိုး ကလိုးရှိ KNLA လှုပ်ရှားတပ်ဖွဲ့သည် နအဖနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ကို ယမန်နေ့က ပြောက်ကျားတိုက်စစ် ဖြင့် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ၉ဦး ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ကရင်အမျိုးသားလွတ်ရေးတပ်မတော်(KNLA)တပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရသည့် တပ်ဖွဲ့မှာ နအဖ...
ဝေါ်လေဒေသမှ စစ်တပ်နှင့် ဒေသခံအာဏာပိုင်များ လူထုများကို ခေါ်တွေ့စည်းရုံးနေ
မတ်လ ၂၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီခရိုင်၊ ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် နအဖစစ်တပ်များနှင့် ဒေသခံအာဏာပိုင်များသည် ထိုဒေသရှိ ပြည်သူများကို ခေါ်တွေ့စည်းရုံးမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ဝေါ်လေကျေးရွာဥက္ကဌ ဦးထွန်းရီ၊ အတွင်းရေးမှူး မျိုးကြည်နှင့် စကခ (၅) ဗျူဟာ(၁)မှ အာဏာပိုင်တချို့သည် ဝေါ်လေဒေ သရှိ...
နိုင်ငံခြားသား တစ်ဦးကို ဝေါ်လေတွင် နအဖ တပ် ဖမ်းဆီးထား
မတ်လ ၂၄ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဝေါ်လေကျေးရွာတွင် ရွာတွင်းသို့ ဝင်ရောက်ပြီး ဓါတ်ပုံများ ရိုက်ယူနေသည့် နိုင်ငံခြား သားတစ်ဦးကို ကျေးရွာအတွင်း အခြေစိုက်ထားသည့် နအဖတပ်က ယမန်နေ့၌ ဖမ်းဆီးလိုက်သည်ဟု ရွာသားများက ပြောသည်။
ယမန်နေ့မနက် ၁ဝနာရီခန့်တွင် အဆိုပါ နိုင်ငံခြားသားက ထိုင်းဘက်ခြမ်းမှနေ၍ မြန်မာဘက်ခြမ်းကို ဝင်လာပြီး...
ထားဝယ်ခရိုင် မြစ်တန်းမြို့နယ်တွင် သွားလာနေသည့်ကားများ ဆက်ကြေးပေးနေရ
မတ်လ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တနသင်္ာရီတိုင်းအတွင်းရှိ ထားဝယ်-မြစ်တန်း-မောထာ့သို့ သွားလာနေသည့် ခရီးသည်တင်ကား၊ ကုန်တင်ကားများနှင့် ဆိုင် ကယ်များကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အခွန်ကောက်ခံလျှက်ရှိသည်ဟု ခရီးသည်များနှင့် ယာဉ်မောင်းသူများက ပြော သည်။
ယင်းသို့ အခွန်ငွေကောက်ခံသူများမှာ ကေအဲန်ယူအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသို့ ဝင်ထွက်သွားလာနေသည့် ခရီးသည်တင်ကား၊ ကုန်တင်ကားများနှင့်...
ယာယီအပစ်အခတ်ရပ်စဲရေး မှ ပြည်တွင်းစစ် သို့
တူမောင်ညို (၂၀၁၁ ခုနှစ် မတ်လ ၂၃ ရက်)
သို့ဖြင့်
“အမျိုးသားညီလာခံကျင်းပခြင်း၊ အခြေခံဥပဒေ (၂၀၀၈) ပြည်သူ့ဆန္ဒခံယူခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုခြင်း၊ လွှတ်တော်ခေါ်ယူ ခြင်း” စတဲ့ ဖြစ်စဉ်ဖြစ်ရပ်များကို ပုဒ်မချလိုက်သောအခါ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကံကြမ္မာသည် ဘယ်အချိန်ကထက် မဆို ပို၍ရှင်းလင်းလာခဲ့ပြီ။
နယ်ခြားစောင့်တပ်(BGF)အဖြစ်သို့ အသာတကြည် ပြောင်းမည်လော။
စစ်ပြန်တိုက်ကြမည်လော။ (အချို့နေရာများတွင်...
(၁၁)နှစ်မြောက် AAPP နှစ်ပတ်လည်နေ့ ကျင်းပပြီးစီး
မတ်လ ၂၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ(AAPP)က ၎င်းတို့အဖွဲ့ ဖွဲ့စည်းခဲ့သည့် (၁၁)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတခုကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ ကျင်းပပြီးစီးခဲ့ရာ လူထုပရိဿတ် ၃၀ကျော် တက် ရောက်ခဲ့သည်။
မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်လက်အောက်တွင် ဆက်လက် အကျဉ်းချခံနေဆဲဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ၏ အခက် အခဲများကို...
အရပ်သားများကို နအဖက အဓမ္မရိက္ခာပို့ခိုင်းပြီး အကာ အကွယ်ယူနေ
မတ်လ ၂၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် နအဖ တပ်များသည် ၎င်းတို့ စစ်တပ်စခန်းရှိရာ သံလွင်မြစ်နံဘေးတ လျှောက် ရိက္ခာပို့ရန် ဒေသခံအရပ်သားလူထုများကို အဓမ္မခိုင်းသည့်အပြင် အကာအကွယ်အဖြစ် အသုံးပြုနေသည်ဟု ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရသည်။
ရှေ့တန်းတပ်စခန်းသို့ ရိက္ခာပို့နေသည့် အဆိုပါ နအဖ...





