Home ထိပ်တန်းသတင်း ထားဝယ်ခရိုင် မြစ်တန်းမြို့နယ်တွင် သွားလာ‌နေသည့်ကားများ ဆက်‌ကြေး‌ပေး‌နေရ

ထားဝယ်ခရိုင် မြစ်တန်းမြို့နယ်တွင် သွားလာ‌နေသည့်ကားများ ဆက်‌ကြေး‌ပေး‌နေရ

1593
မတ်လ ၂၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

တနသင်္ာရီတိုင်းအတွင်းရှိ ထားဝယ်-မြစ်တန်း-‌မောထာ့သို့ သွားလာ‌နေသည့် ခရီးသည်တင်ကား၊ ကုန်တင်ကားများနှင့် ဆိုင် ကယ်များကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အခွန်‌ကောက်ခံလျှက်ရှိသည်ဟု ခရီးသည်များနှင့် ယာဉ်‌မောင်းသူများက ‌ပြော သည်။

ယင်းသို့ အခွန်‌ငွေ‌ကောက်ခံသူများမှာ ‌ကေအဲန်ယူအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသို့ ဝင်ထွက်သွားလာ‌နေသည့် ခရီးသည်တင်ကား၊ ကုန်တင်ကားများနှင့် ဆိုင်ကယ်များကို နှစ်ဦးနှစ်ဖက် သ‌ဘောတူညီမှုရယူပြီး အခွန်‌ကောက်ခံခြင်းဖြစ် သည်ဟု ယာဉ်‌မောင်းသူတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “‌ကေအဲန်ယူက အတင်းအဓမ္မ‌တောင်းတာ‌တော့ မဟုတ်ဘူး။ သူတို့နဲ့ ကျ‌နော်တို့ယာဉ်‌မောင်းသူ‌တွေ နှစ်ဦးနှစ်ဖက် သ‌ဘောတူညီမှုစာချုပ်နဲ့ လက်မှတ်‌ရေးထိုးပြီး‌တော့ တလစာအတွက် လစဉ် ပုံမှန်‌ပေးရတာဖြစ်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြော သည်။

အဆိုပါ ‌ငွေ‌ကောက်ခံမှုကို ယခုနှစ်ဆန်းပိုင်းက စတင် ‌ကောက်ခံခြင်းဖြစ်ပြီး တလစာအတွက် ခရီးသည်နှင့် ကုန်ပစ္စည်းများ တင်‌ဆောင်သည့် ‌မော်‌တော်ယာဉ်တစီးကို ဘတ်‌ငွေ ၄၀၀၀၊ ဆိုင်ကယ်တစီးကို ဘတ်‌ငွေ ၃၀၀ဝဖြင့် လစဉ်‌ကောက်ခံသည်ဟု ခရီးသည်နှင့် ယာဉ်‌မောင်းသူများ၏ ‌ပြောပြချက်အရ သိရသည်။

နအဖ နည်းဗျူဟာ(၂)က အဆိုပါ‌ငွေ‌ကောက်ခံမှုမှာ ထိုင်း-မြန်မာနယ်စပ်ရှိ မြစ်တန်းမြို့နယ် ဆင်ဖြူဒိုင်‌ကျေးရွာတွင် အ‌ခြေ စိုက်သည့် ‌ကေအဲန်ယူ တပ်မဟာ(၄)မှ တပ်ဖွဲ့ဝင်များဖြစ်‌ကြောင်း ပြီးခဲ့သည့် မတ်လ ၂ဝရက်‌နေ့တွင် ထို‌ဒေသတွင် လှုပ်ရှား ‌နေသည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၁၁) လက်‌အောက်ခံ ခမရ(၅၅၇) စစ်‌ကြောင်း(၂)ထံ သတင်းပို့ထားပြီး အတည်ပြုနိုင်ရန် ညွှန်ကြားထား‌ကြောင်း နအဖသတင်းရပ်ကွက်အရ သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ‌ကေအဲန်ယူ တပ်မဟာ(၄) ဘိတ်-ထားဝယ်ခရိုင် အတွင်း‌ရေးမှူး ပဒို‌သောသီ‌ဖေက ထို‌ဒေသသည် နအဖစစ်တပ်၏ အ‌ခြေချလှုပ်ရှားရာ ‌နေရာဖြစ်၍ ၎င်းတို့တပ်ဖွဲ့ဝင်များ မရှိ‌ကြောင်း ယခုလို တုန့်ပြန်‌ပြောဆိုခဲ့သည်။

သူက “အဲဒီ‌နေရာတစ်‌လျှောက်ဟာ နအဖတပ်ဖွဲ့‌တွေ စခန်းထိုင်တဲ့‌နေရာပဲ။ ကျ‌နော်တို့လူ‌တွေ နင်းလို့မရတဲ့ ‌နေရာ‌တွေဖြစ် ‌တော့ ဘယ်လိုလုပ် အခွန်‌တွေ သွား‌ကောက်နိုင်မလဲ။ ကျ‌နော်တို့လူ‌တွေမရှိဘဲ အခွန်‌ကောက်တယ်ဆိုတာ ကျ‌နော်လည်း နား မလည်‌တော့ဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြစ်တန်းမြို့နယ်ခွဲ ဆင်ဖြူဒိုင်‌ကျေးရွာကို ကုန်း‌ကြောင်းဖြင့် သွားလာနိုင် သလို တနသင်္ာရီမြစ်အတိုင်း ‌ရေ‌ကြောင်းခရီးဖြင့်လည်း သွားလာနိုင်သည်ဟု သိရသည်။