Home ထိပ်တန်းသတင်း (၁၁)နှစ်‌မြောက် AAPP နှစ်ပတ်လည်‌နေ့ ကျင်းပပြီးစီး

(၁၁)နှစ်‌မြောက် AAPP နှစ်ပတ်လည်‌နေ့ ကျင်းပပြီးစီး

1247
မတ်လ ၂၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ(AAPP)က ၎င်းတို့အဖွဲ့ ဖွဲ့စည်းခဲ့သည့် (၁၁)နှစ်‌မြောက် နှစ်ပတ်လည် အခမ်းအနားတခုကို ထိုင်း-မြန်မာနယ်စပ် တ‌နေရာတွင် ယ‌နေ့ ကျင်းပပြီးစီးခဲ့ရာ လူထုပရိဿတ် ၃၀‌ကျော် တက် ‌ရောက်ခဲ့သည်။

မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်လက်‌အောက်တွင် ဆက်လက် အကျဉ်းချခံ‌နေဆဲဖြစ်သည့် နိုင်ငံ‌ရေးအကျဉ်းသားများ၏ အခက် အခဲများကို ကူညီနိုင်ရန်အတွက် ယင်းသို့ အကျဉ်းကျခံခဲ့ရသည့် နိုင်ငံ‌ရေးအကျဉ်းသားများ စု‌ပေါင်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ် ‌ကြောင်း AAPP ၏ ၁၁နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အခမ်းအနား၌ အတွင်း‌ရေးမှူးဖြစ်သူ ကိုတိတ်နိုင်က ယခုလို ‌ပြောသည်။

“နိုင်ငံ‌ရေးအကျဉ်းသား‌တွေကို တခုခုလုပ်‌ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ AAPP ကို ကျ‌နော်တို့ တည်‌ထောင်ခဲ့တာ အခု ၁၁နှစ် ကြာခဲ့ပါပြီ။ အခက်အခဲ‌တွေ အမျိုးမျိုး၊ အသိအမှတ်ပြုမှု‌တွေ၊ အဆဲဆိုခံရမှု‌တွေ အမျိုးမျိုးနဲ့ ကျ‌နော်တို့ ဖြတ်သန်းလာခဲ့ပါ ပြီ။ ဒီ ၁၁အနှစ်အတွင်းမှာ ကျ‌နော်တို့ရဲ့ လှုပ်ရှားမှု‌တွေ အားရ‌ကျေနပ်မှု‌တွေ မရှိ‌ပေမဲ့လည်း ကမ္ဘာ့မိသားစုက နိုင်ငံ‌ရေး အကျဉ်း သား‌တွေကို မ‌မေ့ဘူးဆိုတာ‌လောက်‌တော့ အားရ‌ကျေနပ်မှု ရှိခဲ့ပါတယ်။ ဒီအတွက် ကျ‌နော်တို့ရဲ့အလုပ်ကို တတ်စွမ်းသမျှ ဆက်လုပ်သွားမှာပါ။”ဟု သူက ‌ပြောသည်။

အဆိုပါ အခမ်းအနားတွင် အကျဉ်းချခံရသူများ၏အ‌ကြောင်း၊ အကျဉ်း‌ထောင်အကြာင်း‌ရေးဖွဲ့ထားကာ လွတ်လပ်‌သောအာရှအ သံ(RFA)မှ အဂင်္ါ‌နေ့ အပတ်စဉ် ထုတ်လွှင့်ခဲ့သည့် စာ‌ရေးဆရာမ နှင်းပန်းအိမ်၏ “အ‌မှောင်လှိုင်းထဲက သူရဲ‌ကောင်းတို့ တိုင်း ပြည်” ‌ဆောင်းပါးများကို စာအုပ်အဖြစ် AAPP က ထုတ်‌ဝေဖြန့်ချီပြီး နိုင်ငံ‌ရေးအကျဉ်းသားများအား ပြန်လည် ကူညီရန်အတွက် တအုပ်လျှင် ဘတ်‌ငွေ ၁၅ဝနှုန်းဖြင့် ‌ရောင်းချ‌ပေးလျှက်ရှိသည်။

AAPP ၏ အခမ်းအနားသို့ တက်‌ရောက်ခဲ့သည့် စာ‌ရေးဆရာမ နှင်းပန်းအိမ်က “ဒီကျမ‌ရေးတဲ့ အသံလွှင့်‌ဆောင်းပါး ဖြစ်‌ပေါ်လာ ပုံနဲ့ ‌ဆောင်းပါးစာအုပ်ဖြစ်‌ပေါ်လာပုံဟာ အ‌ခြေခံအကျဆုံး ကျမရဲ့ ငယ်ဘဝပါ။”ဟု သူမ၏ ‌ဆောင်းပါးစာအုပ်နှင့် ပတ်သက်၍ ရှင်းလင်း‌ပြောဆိုခဲ့သည်။

အဆိုပါစာအုပ်၌ “မြန်မာပြည်ရဲ့ အကျဉ်း‌ထောင်‌တွေဟာ သူရဲ‌ကောင်းတို့ စု‌ဝေးရာ‌နေရာ၊ ဦးညွှတ်ရာ ‌နေရာဖြစ်ပါတယ်။ ဒါကို ကြည့်ရင် စစ်အာဏာရှင်စနစ်ကို ‌ခေါင်းငုံ့မခံဘူးဆိုတာ ပြ‌နေတယ်။”ဟု မှတ်ချက်ပါရှိသည်။

AAPP သည် ၎င်းတို့၏ ၁၁နှစ်တာ ကာလအတွင်း နိုင်ငံ‌ရေးအကျဉ်းသားများ၏ ခံစား‌နေရသည့် အ‌ခြေအ‌နေပတ်သက်၍ အစီရင် ခံစာ ၃၆ခုနှင့် စာအုပ်ပုံနှိပ်အဖြစ် ၂၂အုပ်ထုတ်‌ဝေခဲ့ပြီး ၂၀၀၁-၂၀၀၂ခုနှစ်တွင် ဒီမိုက‌ရေစီအင်အားစု မဟာမိတ် ၁၂ဖွဲ့နှင့် ပူး ‌ပေါင်း၍ နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေးလှုပ်ရှားမှုများ ‌ဟော‌ပြောပွဲ၊ ဓါတ်ပုံပြပွဲတို့ကို နိုင်ငံ‌ပေါင်း ၁၄နိုင်ငံတွင် ပြု လုပ်ခဲ့သည်။

ထို့အပြင် ၂၀၀၉ခုနှစ်၊ မတ်လ ၁၂ရက်‌နေ့ ဟံသာဝတီ သတင်းစာဆရာ ဦးဝင်းတင် ကိုယ်တိုင်‌ရေးသားခဲ့သည့် “ဘာလဲဟဲ့ လူ့ ငရဲ”စာအုပ်ကို ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)နှင့် တွဲ၍ ထုတ်‌ဝေခဲ့ပြီး ထိုနှစ် မတ်လ ၁၃ရက် မြန်မာနိုင်ငံ လူ့အခွင့်အ‌ရေး‌နေ့ တွင်လည်း ၇၃ရက်ကြာ ဆန္ဒပြုလွှာ စည်းရုံးလှုံ့‌ဆော်လှုပ်ရှားမှု(Campaign)တခု ပြုလုပ်ရာမှ ရရှိလာသည့် လက်မှတ်‌ပေါင်း ၇သိန်း‌ကျော်ကို ကမ္ဘာ့ကုလသမဂ္ဂထံ ပထမဆုံးအကြိမ် ‌ပေးအပ်နိုင်ခဲ့သည်။

၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်‌နေ့တွင် နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်း ၁ဝဦး စု‌ပေါင်း၍ နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့် ‌ရှောက်‌ရေးအသင်း(မြန်မာနိုင်ငံ) လှုံ့‌ဆော်‌ရေး‌ကော်မတီကို ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး ဆရာကြီးသခင်ကိုယ်‌တော်မှိုင်း၏ ၁၂၄နှစ် ပြည့်လည်းဖြစ် ‌ကျောင်းသား‌ခေါင်း‌ဆောင် ကိုမင်းကိုနိုင်၏ ‌ထောင်သက် ၁၁နှစ်ပြည့်လည်းဖြစ်သည့် ၂၀၀ဝ ခုနှစ်၊ မတ်လ ၂၃ ရက်‌နေ့တွင် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း(မြန်မာနိုင်ငံ)ကို အတည်ပြု ‌ပြောင်းလဲဖွဲ့စည်းခဲ့သည်။