Hay Htoo
စစ်ပြေးရွာသားများ၏ နေအိမ်၊ ခြံဝင်းသိမ်းဆည်းခံရမည်ဟု သတင်းများ ထွက်ပေါ်နေ
ဧပြီ ၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာအစိုးရတပ်နှင့် ကရင်တပ်ဖွဲ့တို့ကြားပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသည့် ကရင်စစ်ပြေးဒုက္ခသည်များ သည် နေရပ်မပြန်ပါက ၎င်းတို့ နေအိမ်၊ ခြံဝင်းများကို အစိုးရစစ်တပ်မှ သိမ်းဆည်းမည်ဟု ရွာသားများ ပြောဆိုကြသည်။
ထိုဒေသတွင် အခြေစိုက်သည့် အစိုးရစစ်တပ်တို့က ယခုလ သကြင်္န်ပြီးလျှင် မိမိကျေးရွာသို့ ပြန်လည်မနေထိုင်သည့် ရွာသားများ၏...
လူထုအတွက် ကျမ်းကျိန်သစ္စာခံပြီလား
အယ်ဒီတာ့အာဘော်
တိုင်းပြည်တစ်ခု၏ အစိုးရဟူသည် ထိုတိုင်းပြည်တွင် မှီတင်းနေထိုင်သည့် ပြည်သူပြည်သားများ၏ ကျွန်သာဖြစ်သည်။ မတ်လ ၃ဝရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေး၌ လွှတ်တော်အမတ်များ၏ မြင်ကွင်းတွင် သမ္မတသစ် ဦးသိန်းစိန်၊ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ ကျမ်းသစ္စာ ကျိန်ဆိုမှု ပြုလုပ်ခဲ့သည်။
ထိုနေ့က ပြည်ထောင်စုလွှတ်တော်တွင် ဦးသိန်းစိန် မိန့်ခွန်းပြောကြားရာ၌...
ဒုတိယအကြိမ်မြောက် မယ်လစခန်း LMTC ကောလိပ်ကျောင်းဆင်းပွဲ ကျင်းပပြီးစီး
ဧပြီလ ၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်လူငယ်များအတွက် ပညာမြင့်တင်ပေးရေးနှင့် အမျိုးသားအကျိုးပြုလုပ်ငန်းများ ရည်ရွယ်၍ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ဖွင့်လှစ်ခဲ့သည့် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ကောလိပ်သင်တန်း ကျောင်း(LMTC)၏ ဒုတိယအကြိမ်မြောက် ကျောင်းဆင်းပွဲ ယမန်နေ့က ကျင်းပပြီးစီးခဲ့သည်။
လူထုပရိဿတ် ၅၀ဝခန့် တက်ရောက်ခဲ့သည့် ထိုကျောင်းဆင်းပွဲတွင်...
ကရင်ပြည်နယ်ထွက် ခနောက်စိမ်းကျောက် ကို ကုမ္ပဏီများ တူးဖော်နေ
မတ်လ ၃၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
ခနောက်စိမ်းကျောက်များ ထွက်ရှိသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မတ်လဆန်းပိုင်းမှစ၍ မြန်မာပြည်တွင်းရှိ ကုမ္ပဏီနှစ်ခုက သက်ဆိုင်ရာ ဒေသခံတာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး မိုင်းတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရ သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ တမော်သဲဒေသတွင် ခနောက်စိမ်းကျောက်များ တူးဖော်ရန် သုဝဏ္ဏမြေဆီကုမ္ပဏီနှင့် လင်းဖုန်းပြည် ကုမ္ပဏီနှစ်ခုသည် ယခုနှစ်အစောပိုင်းက...
KNU တပ်မဟာ(၆)၏ ပစ်ခတ်မှုကြောင့် နအဖ ဗိုလ်ကြီးတဦး ကျဆုံး
ဧပြီလ ၁။ စောသိန်းမြင့် (ကေအိုင်စီ)
မွန်-ကရင်နယ်စပ် ဘုရားသုံးဆူမြို့နယ်တွင် သွားလာလှုပ်ရှားနေသည့် နအဖစစ်တပ်အား ပြီးခဲ့တဲ့ရက်ပိုင်းက KNU တပ်မဟာ (၆)တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် နအဖဘက်က ဗိုလ်ကြီး ၁ဦး သေဆုံးပြီး တပ်သား ၃ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၉ရက်နေ့နှင့်...
အဖမ်းခံရသည့် ကနေဒါနိုင်ငံ သားအား နေပြည်တော်သို့ ပို့ဆောင်လိုက် ပြီ
ဧပြီလ ၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ ဝေါ်လေဒေသတွင် ဖမ်းဆီးခံထားရသည့် ကနေဒါနိုင်ငံသား ရွန်နိုရွန်နိုကို နအဖစစ်တပ်က ယခု နေပြည်တော်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း နယ်စပ်မှ လာသည့်သတင်းအရ သိရသည်။
အဆိုပါ ကနေဒါနိုင်ငံသားသည် ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့က ထိုင်းဘက်ခြမ်း မောကဲစစ်ဆေးရေးဂိတ်နေရာမှနေ၍ မြန်မာ ဘက်ခြမ်းရှိ...
ဒေါက်တာတူးဂျာ ရွေးသောလမ်း
တူမောင်ညို
(၂၀၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်)
တစ်ကိုယ်တော်ရွေးလမ်း ဖြစ်ပါတယ်။
သူနဲ့အတူ (KIO)ကနေ “လမ်းခွဲပြတ်စဲ” ခဲ့ကြတဲ့ အခြားသူတွေမပါဘူးလို့ (မဇိ္ဈမ)အင်တာဗျူးမှာ ပြောတယ်။
လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီမှာ ကြံ့ဖွံ့ပါတီ(USDP)ကို လျှောက်လွှာသွားတင်ခဲ့တာတဲ့။ ကြံ့ဖွံ့ပါတီက သူ့ကိုပါတီဝင်အဖြစ် လက်ခံလိုက်ပြီလားဆိုတာ တော့ အင်တာဗျူးမှာ ဖော်ပြမထားဘူး။ ကြည့်ရတာ လက်မခံသေးဘူးလို့...
ထိုင်းနိုင်ငံဆိုင်ရာ US သံအမတ် နယ်စပ် ပညာရေး၊ ကျန်းမာရေး အခြေအနေ လာရောက်လေ့လာ
မတ်လ ၃ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု(US) အမျိုးသမီးသံအမတ်ဖြစ်သူ Ksistie Kenney က ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း အပါအဝင် ရွှေ့ပြောင်းအလုပ်သမားကျောင်းနှင့် မယ်လဒုက္ခသည်သို့ ယနေ့ လာရောက်လေ့လာခဲ့ သည်။
သံအမတ် Mrs. Ksistie Kenney သည် ယနေ့မနက် ၁ဝနာရီခန့်တွင် ဒေါက်တာစင်သီယာ၏...
ကော့ကရိတ်မြို့ရှိ နအဖတပ်ရင်း အား ကရင်တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်ရာ ၆ဦး ထိခိုက်သေဆုံး
မတ်လ ၃ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ရိတ်မြို့နယ်ရှိ နအဖ တပ်ရင်းအား ယမန်နေ့က ကရင်ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ အရပ် သားတဦး အပါအဝင် ၆ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
ကော့ကရိတ်-မြဝတီအထွက်ဂိတ် ချက်ပွိုင့်အနီးရှိ နအဖစစ်တပ် အရှေ့တောင်တိုင်းစစ်ဌာန(ရတခ)ချုပ် လက်အောက်ခံ ခလရ(၃၁၀)အား ယမန်နေ့ နေ့လည်...
အာရှနှင့် မြန်မာနိုင်ငံ
ဒုတိယကမာ္ဘစစ်အပြီး ၁၉၆၀-နှစ်လွန်နှစ်များအတွင်း အာရှနိုင်ငံများသည် ဖွံဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ အံ့ဘနန်း ရောက်ရှိသွားကြကြောင်း ပညာရှင်များက ရေးသားကြပါသည်။ ဂျပန်နိုင်ငံသည် ပထမဆုံးဖြစ်ပြီး ယင်းနောက် ဟောင်ကောင်၊ ထိုင်ဝမ်၊ စကင်္ာပူ၊ တောင်ကိုးရီးယားနိုင်ငံတို့အပြင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့သည်လည်း တိုးတက်ဖွံ့ ဖြိုးရေး လမ်းကြောင်းပေါ်သို့...





