Home ဆောင်းပါး ယာယီအပစ်အခတ်ရပ်စဲ‌ရေး မှ ပြည်တွင်းစစ် သို့

ယာယီအပစ်အခတ်ရပ်စဲ‌ရေး မှ ပြည်တွင်းစစ် သို့

1851
တူ‌မောင်ညို (၂၀၁၁ ခုနှစ် မတ်လ ၂၃ ရက်)

သို့ဖြင့်

“အမျိုးသားညီလာခံကျင်းပခြင်း၊ အ‌ခြေခံဥပ‌ဒေ (၂၀၀၈) ပြည်သူ့ဆန္ဒခံယူခြင်း၊ နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခွင့်ပြုခြင်း၊ လွှတ်‌တော်‌ခေါ်ယူ ခြင်း” စတဲ့ ဖြစ်စဉ်ဖြစ်ရပ်များကို ပုဒ်မချလိုက်‌သောအခါ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကံကြမ္မာသည် ဘယ်အချိန်ကထက် မဆို ပို၍ရှင်းလင်းလာခဲ့ပြီ။

နယ်ခြား‌စောင့်တပ်(BGF)အဖြစ်သို့ အသာတကြည် ‌ပြောင်းမည်‌လော။
စစ်ပြန်တိုက်ကြမည်‌လော။ (အချို့‌နေရာများတွင် ထိ‌တွေ့မိတချို့ဖြစ်ပွားခဲ့ပြီး ‌သေဆုံးဒဏ်ရာရမှုများ ရှိ‌နေပြီး/ အချို့‌နေရာများတွင် စစ်အ တွက် ပြင်ဆင်‌နေကြသည်)
စစ်အစိုးရ၏ (‌နောင်တက်လာမည့်အစိုးရ၏) ရည်မှန်းချက်မှာ နယ်ခြား‌စောင့်တပ် (BGF) ဖွဲ့‌ရေးသာဖြစ်သည်။

(BGF)ဖွဲ့စည်းခြင်း၏ တကယ့်အနှစ်သာရမှာ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအား တစစီ ဖြိုခွဲဖျက်သိမ်း‌ရေးသာ ဖြစ်သည်။
“အပစ်အခတ်ရပ်စဲ‌ရေး + နယ်စပ်‌ဒေသဖွံ့ဖြိုး‌ရေး + အမျိုးသားညီလာခံ”တို့ဖြင့် လှည့်စားသိမ်းသွင်းခဲ့ပြီး “(BGF)ဖွဲ့စည်းခြင်း”ဖြင့် အပြီးသတ် ‌ချေမှုန်းခြင်းဖြစ်သည်။

ယခု‌ရောက်‌နေသည့်အဆင့်မှာ အပြီးသတ်‌ချေမှုန်း‌ရေး၏ ‌နောက်ဆုံးအဆင့်ဖြစ်သည်။
မည်သည့်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းမဆို (BGF) ဖွဲ့စည်းရမည်။

(နဝတ-နအဖ)စစ်အစိုးရ၏ “အပစ်အခတ်ရပ်စဲ‌ရေး+နယ်စပ်‌ဒေသဖွံ့ဖြိုး‌ရေး+အမျိုးသားညီလာခံ”ဟူ‌သော ဗျူဟာ‌အောက်တွင် ပွဲဦးထွက်အ ‌နေဖြင့် လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများ၏ အထင်ကရ တပ်‌ပေါင်းစုကြီးဖြစ်‌သော (NDF) အစီး‌ပြေသွားခဲ့ရသည်။ ယင်း‌နောက် အဖွဲ့အစည်းကြီးများအထဲမှ ကွဲအက်မှုခွဲထွက်မှုများဖြစ်ပွားခဲ့ရသည်။ အဖွဲ့အစည်းငယ်တချို့လုံးဝ လက်နက်ချရသည်။ တချို့ တစစီပြိုကွဲ ကာ ပျက်သုဉ်းလုနီးပါးအ‌ခြေသို့ ဆိုက်‌ရောက်ခဲ့ရ၏။ အချို့အဖွဲ့များသည် အချင်းချင်းပင် ပြန်လည်တိုက်ခိုက်မှုများ/ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်သည့် အ‌နေအထားသို့ ‌ရောက်ခဲ့ရသည်။
– ပအိုဝ်းအဖွဲ့အစည်းများ (ရလလဖ) (PNO)
– ပ‌လောင်အဖွဲ့
– NDA(K)
– (ကလလတ)နှင့် (ကယန်းပြည်သစ်ပါတီ)
– မိခင်(KNU) ခွဲထွက်သွား‌သောအဖွဲ့အစည်းများ (၆ဖွဲ့ ရှိပါသည်)
စသဖြင့် ပုံစံမျိုးစုံဖြင့် အစီး‌ပြေခဲ့ရသည်။ ပြိုကွဲခဲ့ကြရသည်။ အချို့ကား ပျက်စီးလုနီးပါးအ‌ခြေအ‌နေသို့‌ရောက်ရှိကာ ဖရိုဖရဲဖြစ်လျက်။
ယင်းတို့အနက် အနည်းစု‌သော အဖွဲ့အစည်းတချို့သည်။ အ‌ခြေခံဥပ‌ဒေ (၂၀၀၈)‌အောက်တွင် “နိုင်ငံ‌ရေးပါတီ”များ ဖြစ်လာခဲ့ကြသည်။ (PNO) (DKBO မှ KSDPP)

အချို့သည် တသီးပုဂ္ဂလများအဖြစ် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင်ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ယခုဆိုလျှင် ကြံ့ဖွံ့ပါတီ၏ မိတ်ဖက်ဖြစ်‌နေကြပြီ။ အချို့မှာကား (တစည)ပါတီမှပင် ဝင်‌ရောက်အ‌ရွေးခံခဲ့ကြသည်အထိ သရုပ်ပျက်ခဲ့ကြ‌လေသည်။ (NDA(K)မှ မုတ်ရင်‌ဒေါင်း‌ဟောင်/နဘုတ် ‌ထော‌ခေါင် စသူများ)

မပြီးဆုံး‌သေး‌သော ပြည်တွင်းစစ်

(GBF) မ‌ပြောင်းနိုင်ဟု တင်းခံ‌နေသည့်အဖွဲ့အစည်းများကို စစ်‌ရေးအရ တိုက်ခိုက်လာမည်သာဖြစ်သည်။ ယခုလည်း အဖက်ဖက်က ဖြတ် ‌တောက်ပိတ်ဆို့‌နေသည်။ “ဖြတ်၄ဖြတ်” လုပ်‌နေသည်။ အချို့‌နေရာများတွင် တိုက်ပွဲ‌တွေဖြစ်‌နေသည်။ အင်အားနည်းသည့်‌နေရာများတွင် အလစ်အငိုက် ဝင်‌ရောက်တိုက်ခိုက်ပြီး အင်အားအ‌တော်အတန်ရှိသည့်‌နေရာများတွင် ဝိုင်းပတ်ပိတ်ဆို့ထားပြီး ‌သွေးတိုးစမ်းသည့် တိုက်ပွဲများ ဖန်တီး‌နေသည်ကို ‌တွေ့ရသည်။ သို့ဖြင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ‌သေနတ်သံထွက်‌နေသည်။

ယခုအခါ တိုက်ကြရမည့်တိုက်ပွဲမှာ ယခင်တိုက်ပွဲများတွင်တိုက်ခိုက်ခဲ့ကြဖူးသည့် နည်းနာများဖြင့် တိုက်ခိုက်ခုခံ၍ မဖြစ်နိုင်‌တော့ပါ။ “နယ်စပ် ‌ဒေသဖွံ့ဖြိုး‌ရေး” ‌ကောင်းမှုဖြင့် လမ်း‌တွေ‌ပေါက်‌နေသည်။ ခွဲထွက်သူများကို ပွိုင့်ထွက်‌စေခြင်း၊ လမ်းပြလုပ်ခိုင်းခြင်းဖြင့် မိမိတို့အတွင်းပိုင်း ‌ခြေ ကုပ်ယူထားရာ‌နေရာများအထိ အလွယ်တကူ ထိုး‌ဖောက်လာနိုင်ခဲ့ကြပြီ။
ခွဲထွက်သူများကို ‌ရှေ့တန်းကရင်ဆိုင်တိုက်ခိုက်‌စေပြီး စစ်တပ်က‌နောက်မှ‌နေ အ‌မြောက်ပစ်ကူ‌ပေးသည့် ဗျူဟာသုံးလာသည်ကိုလည်း ‌တွေ့ ‌နေရသည်။ အ‌ခြေချအ‌မြောက်စခန်း‌တွေအခိုင်အမာတည်‌ဆောက်လာခြင်း၊ အ‌မြောက်ပစ်ကူအားကိုပိုမို အသုံးချလာခြင်းနှင့် ခွဲထွက်များကို လမ်းပြအဖြစ် ပွိုင့်ထွက်၍ တိုက်ခိုက်‌စေခြင်းမှာ ‌ရှေ့တွင် အဓိကရင်ဆိုင်ရမည့် တိုက်ပွဲပုံစံဖြစ်လာမည်ဟု ထင်ပါသည်။

အ‌မြောက်ပစ်အားသုံးသည့် ဗျူဟာမှာ တမီးကျားသူပုန်များကို ‌ချေမှုန်းခဲ့သည် သီရိလကင်္ာ စစ်တပ်ထံမှ ရရှိလာသည့် ဗျူဟာဖြစ်မည်ဟု လည်း တွက်ပါသည်။ ဤသည်မှာစစ်ကိုလက်‌တွေ့ ကွပ်ကဲကြမည့်သူများ၏ ဘာသာရပ်ဖြစ်ပါသည်။ မိမိတို့ဘက်က ‌ပြောင်းလဲလာသည့် အ‌ခြေအ‌နေနှင့်အညီ ခုခံစစ်၏ ‌သေနဂင်္ဗျူဟာနှင့် နည်းပရိယာယ်ကို ပြန်လည်စိစစ်သုံးသပ်နိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။

တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုု “လွှတ်‌တော်”ထဲတွင် ‌ဖြေရှင်းနိုင်သ‌လော

ဤ‌မေးခွန်းအတွက် အခရာကျ‌သောအ‌ဖြေသည် တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်‌သော အချက်များ “အ‌ခြေခံဥပ‌ဒေ (၂၀၀၈)”တွင် ပါဝင်ပါသလား ဟူ‌သော‌မေးခွန်းဖြင့်ပင် ပြန်လည်တုန့်ပြန်ရလိမ့်မည်။ အ‌ခြေခံဥပ‌ဒေတွင် မပါရှိ‌သော အချက်များကို အ‌ခြေခံ ဥပ‌ဒေအရ‌ခေါ်သည့် “လွှတ်‌တော်”ထဲတွင် မည်သို့‌ဖြေရှင်းနိုင်ပါမည်နည်း။
“လွှတ်‌တော်”အတွင်းက အ‌ခြေအ‌နေများကို လက်‌တွေ့ကျကျ ကြည့်ကြပါဦးစို့။
“လွှတ်‌တော်”ကို ကြံ့ဖွံ့ပါတီနှင့် စစ်ဦးစီးချုပ်၏ ကိုယ်စားလှယ်များက စိုးမိုးထားသည်။ ချုပ်ကိုင်ထားသည်။ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များမှ အနည်းစုသာဖြစ်သည်။ သူတို့၌ အဘယ်မျှ စိတ်‌ကောင်း‌စေတနာထားရှိကြ‌စေကာမူ သူတို့၏ အဆိုများ လက်‌တွေ့အ ‌ကောင်အထည်ဖြစ်လာလိမ့်မည် မဟုတ်ပါ။
(၅နှစ်‌လောက် ‌စောင့်ကြည့်သင့်သည်ဟု(တိုင်းရင်းသား)ဥပ‌ဒေ‌ဒေါက်တာတစ်ဦးက ‌ပြောတာကြားရသည်)
ကျင်းပခဲ့သည့် လွှတ်‌တော်ထဲတွင် တိုင်းရင်းသားပါတီများမှ လွှတ်‌တော်ကိုယ်စားလှယ်များက ‌မေးခွန်းများအဆိုများ တင်ခဲ့ကြပြီးပြီ။
– အုပ်ချုပ်‌ရေး/စီမံခန့်ခွဲ‌ရေးကဏ္ဍများတွင် တိုင်းရင်းသားများ ပိုမိုပါဝင်ခွင့်ရရှိ‌ရေး
– တက္ကသိုလ်နှင့်‌ကျောင်းများတွင် တိုင်းရင်းသားဘာသာ သင်ကြားခွင့်ရရှိ‌ရေး
– တိုင်းရင်းသားပညာ‌ရေးဆိုင်ရာ ဌာနတစ်ခုဖွင့်လှစ်‌ရေး
– မျိုးနွယ်စုဘာသာစကားဖြင့် စာ‌စောင်/ဂျာနယ်ထုတ်‌ဝေ‌ရေး
စသည့် အ‌ခြေခံကျသည့် အခွင့်အ‌ရေးများကို “လွှတ်‌တော်”က လက်မခံပယ်ချခဲ့သည် မဟုတ်ပါ‌လော။ ဤသည်မှာ လွှတ်‌တော်ထဲ တွင် ကြုံ‌တွေ့‌နေရသည့် လက်‌တွေ့ဖြစ်ရပ်များ ဖြစ်ပါသည်။
သို့အတွက် “လွှတ်‌တော်”ထဲက ဘာကို‌မျှော်လင့်ကြမည်နည်း။

“အရပ်သားအစိုးရ”က တိုင်းရင်းသားအ‌ရေးကို ‌ဆွေး‌နွေး‌ဖြေရှင်းနိုင်သ‌လော

‌ပေါ်ထွက်လာမည့်/လာ‌နေသည့် အရပ်သားအစိုးရသည် “နယ်စပ်‌ရေးရာဝန်ကြီး”ကတဆင့် (BGF)ကိစ္စကို ကိုင်တွယ်ရပါလိမ့်မည်။ “နယ်စပ် ‌ရေးရာဝန်ကြီး”သည် ကာကွယ်‌ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မည့်သူဖြစ်သည်။ ထို့အပြင် “နယ်စပ်‌ရေးရာ ဝန်ကြီး”သည် “အမျိုးသားကာ ကွယ်‌ရေးနှင့် လုံခြုံ‌ရေး‌ကောင်စီ (အကလ)”အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ နယ်စပ်‌ရေးရာဝန်ကြီးသည် အ‌ခြေခံဥပ‌ဒေ (၂၀၀၈) ပုဒ်မ ၃၃၈ ကို အ‌ကောင်အထည်‌ဖေါ်ရမည့် တာဝန်ရှိသည်။

‌ဖေါ်ပြပါအချက်များအရ‌ပြောရလျှင် “(BGF)မဖွဲ့‌ရေး တင်းခံ‌နေကြသည့် အဖွဲ့အစည်းများနှင့် “အရပ်သားအစိုးရ” ‌ဆွေး‌နွေး‌ရေးဆိုသည်မှာ ‌မျှော်လင့်‌နေကြသည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲပုံစံထက် စစ်ဘက်ယန္တရား‌အောက်က အုပ်ချုပ်ကွပ်ကဲ‌ရေးဆိုင်ရာ ကိစ္စတစ်ရပ်ကိုသာ ‌ဆွေး‌နွေးကြ ရမည့် ‌ဆွေး‌နွေးပွဲမျိုးသာ ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။

“အရပ်သားအစိုးရ”သည် ပုဒ်မ(၃၃၈)ကို နည်းနည်းမျှ အ‌လျှော့‌ပေးလိမ့်မည် မဟုတ်ပါ။ ‌လျှော့‌ပေးလျှင် အ‌ခြေခံဥပ‌ဒေ ပြင်ဆင်ရလိမ့်မည်။ ‌လျှော့‌ပေးလာလိမ့်မည်ဟု ‌မျှော်လင့်လျှင် ‌မျှော်လင့်သူတို့၏ အပြစ်သာဖြစ်‌တော့မည်။
ဤသို့ဖြင့် တက်လာမည့် အရပ်သားအစိုးရဘက်ကလည်း ပုဒ်မ(၃၃၈)ကို အ‌လျှော့မ‌ပေးစတမ်း ဆုပ်ကိုင်ထားပြီး လက်နက်ကိုင်တိုင်းရင်း သား အဖွဲ့အစည်းများဘက်ကလည်း (BGF)ဖွဲ့စည်း‌ရေးကို လက်မခံလျှင် ထိပ်တိုက်‌တွေ့‌ရေးသည် ‌ရှောင်လွှဲဖွယ်မရှိ‌တော့ပါ။

စစ်အတွက် ပြင်ဆင်ထားကြရမည်။
စည်းလုံးညီညွတ်မှု ဖြိုခွဲခံခဲ့ရ‌သော/ပြိုကွဲခဲ့ရ‌သော၊ ‌သေနတ်ကိုစွန့်လွှတ်ခဲ့ကြ‌သော အဖွဲ့အစည်းများ၏ ကံကြမ္မာကို လက်‌တွေ့မြင်‌တွေ့ခဲ့ကြပြီး ဖြစ်ပါသည်။