Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

မြိုင်ကြီးငူ‌ဒေသရှိ BGF တပ်ဖွဲ့ဝင်အချို့ KNU ထံ လာ‌ရောက်ပူး‌ပေါင်း

ဧပြီလ ၂၅ရက်၊ နန်းထူးစံ (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ‌ဒေသတွင် အ‌ခြေစိုက်လှုပ်ရှား‌နေသည့် နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့အတွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌နောက် တပ်ရင်း (၁၀၁၂)မှ ဗိုလ်ကြီး‌စောဖားမီး ဦးစီး‌သောအဖွဲ့သည် ယမန်‌နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၅)တပ်ဖွဲ့ထံသို့ လာ‌ရောက်ပူး‌ပေါင်းလာခဲ့သည်ဟု စုံစမ်း သိရှိရသည်။ အင်အား (၃၀)ခန့်ရှိသည့်...

ကျိုက်ဒုံမြို့နယ်တွင် ဒီ‌ကေဘီ‌အေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် ‌သေဆုံး

ဧပြီ ၂၅။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်တွင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ ‌အေ)နှင့် မြန်မာအစိုးရတပ်ဖွဲ့အကြား ယမန်‌နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က ၁၉ဦး ‌သေဆုံး ပြီး ၁၇ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။ ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် ‌စောလားပွယ် ကိုယ်တိုင် ဦး‌ဆောင်၍...

ပညာ‌ရေးဝန်ထမ်းများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ စစ်တပ်ရိက္ခာ ထမ်းပိုး‌ပေး‌နေရ

ဧပြီလ ၂၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်‌မြောက်ပိုင်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ဝါ့မူ့‌ကျေးရွာအုပ်စုမှ ‌ကျောင်းဆရာဆရာမများနှင့် ‌ကျောင်းသူ ‌ကျောင်းသားများသည် စာ‌မေးပွဲ‌ဖြေပြီးချိန်မှစ၍ ယခုအချိန်ထိ ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် မြန်မာစစ်တပ်များ၏ ရိက္ခာများ ကို ထမ်းပိုး‌ပေး‌နေရသည်ဟု ‌ဒေသခံ‌ကျောင်းဆရာများက ‌ပြောသည်။ ဝါ့မူ့‌ကျေးရွာအုပ်စုတွင် လှုပ်ရှား‌နေသည့် မြန်မာစစ်တပ် တပ်မ(၁၁)လက်‌အောက်ခံ ခလရ(၉၆)တပ်ရင်းသည်...

ဒုအရာခံဗိုလ် ပါဝင်သည့် နယ်ခြား‌စောင့် ၁၂ဦး ‌ကေအဲန်ယူထံ ထွက်‌ပြေးလာ

ဧပြီလ ၂၂ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ကရင်ပြည်နယ် မြဝတီမြို့ နယ်စပ်‌ဒေသရှိ နယ်ခြား‌စောင့်တပ်(၁၀၁၆)မှ တပ်ဖွဲ့ဝင် ၁၂ဦးသည် လက်နက်ကိုယ်စီဖြင့် ကရင်အ မျိုးသားအစည်းအရုံး တပ်မဟာ(၇)ထံသို့ ယမန်‌နေ့က ထွက်‌ပြေးလွတ်‌မြောက်လာခဲ့သည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စော ‌ဂျော်နီက ‌ပြောသည်။ ၎င်းက “နယ်ခြား‌စောင့် ၁၂‌ယောက် ကျ‌နော်တို့ တပ်မဟာ(၇)ကို မ‌နေ့က...

‌ဝေါ်‌လေရွာသားတစ်ဦး မိုင်းနင်းမိ၍ ‌သေဆုံး

ဧပြီလ ၂၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ‌ဝေါ်‌လေ‌ကျေးရွာတွင် ‌နေထိုင်သည့် ရွာသားတစ်ဦးသည် ပြီးခဲ့‌သော ၁၉ရက်‌နေ့(အဂင်္ါ‌နေ့)၌ ရွာနှင့်မနီးမ‌ဝေးရှိ ထီးသဲလယ်‌ဒေသတွင် သစ်တိုက်ရန်သွားရင်း မိုင်းတစ်လုံးနင်းမိကာ ‌သေဆုံးသွားခဲ့‌ကြောင်း ရွာသူတစ်ဦး၏ ‌ပြော ပြချက်အရ သိရသည်။ ၎င်းရွာသူက “ပြီးခဲ့တဲ့ အဂင်္ါ‌နေ့က ‌ထော်လာဂျီကားတစ်စီးနဲ့ ထီးသဲလယ်ဘက်ကို သစ်တိုက်ဖို့သွားတာ...

သတ်မှတ်ရက်မ‌စေ့ဘဲ ‌ရွှေတူးလုပ်ငန်း အပြီးသတ်ခဲ့ရ

ဧပြီလ ၂၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စပ်ရှိ မဲ့ကလယ့်‌လော်‌ချောင်းတွင် ‌ရွှေလာ‌ရောက်တူး‌ဖော်ခဲ့သည့် ရဲထွန်းကုမ္ပဏီနှင့် ကိုချိုကုမ္ပဏီတို့ကို ‌ကေအဲန်ယူ ဖာပွန်ခရိုင်က ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလကုန်အထိ ‌လေးလတာ ‌ရွှေ တူး‌ဖော်ခွင့်‌ပေးခဲ့‌သော်လည်း တိုက်ပွဲ‌ကြောင့် သတ်မှတ်ရက်မ‌စေ့ဘဲ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းကို အပြီးသတ်ခဲ့ရသည်ဟု သိရှိရ...

သစ်ဆိုးပင်

(လကင်္ာဒီပ) ‌နွေဆိုလည်း ‌နွေမို့လို့ပါ ‌ဆောင်းမှာဆိုလည်းတမျိုး မိုးမှာဆိုလည်းတဖုံ ရာသီစုံ ထိတ်လန့်ရခြင်းနဲ့ ငြိမ်းချမ်းမဲ့ဘဝ‌တွေ ‌ပြေး‌နေရတာလည်း ‌မောလှပြီ ဒီမဟာရူး ဘုရင်ရူး‌တွေ‌ကြောင့်‌ပေါ့။ စစ်အာဏာရှင် သစ်ဆိုးပင်ကြမ်း ‌မှောင်ခန်းလက်မည်း ဖုတ်ငရဲကို ဖြိုမလို့အသိ မထိတထိနဲ့ သတိလက်လွတ် ‌ဒေါသလွှတ်ကာ စိတ်နာရုံ‌လေး နာကျည်း‌တွေးမျိုး တခက်ချိုး နှစ်ခက်ချိုး တချက်ထိုး နှစ်ချက်ခုတ်ရုံကွယ် ရှင်လွယ်ပင်ဆိုး စနစ်ဆိုးအား ‌ပျောက်သွားဘယ်လို ‌ချေမှုန်းနိုင်မှာတုန်း။ ငါယုံတယ် မင်းကို ပျိုရွယ်စိုနစ်ခဲ့ ထက်မြက်တဲ့ ဉာဏ်စွမ်းအား ခွန်အားအသီးအပွင့်များမှာ ရဲရင့်ကာ အလှည့်ကျ ကနွဲ့ကလျ ‌ရှောင်မ‌ပြေးဘူးဆိုတာ‌တွေ။ ပူး‌ပေါင်း‌ဆောင်ရွက်မှု ဂရုပြုအ‌လေးထားစရာ တာဝန်နဲ့ ဝတ္တရား ခွဲခြားမြင်နိုင်တဲ့ အမှားအမှန်သ‌ဘော စစ်‌ကြောသုံးသပ်တဲ့ စွမ်းရည်စစ် မျိုးဆက်သစ်တို့‌ရေ..... အ‌ခြေအ‌နေဆိုး‌ကောင်းလှိုုင်းဂယက် မင်းရဲ့လက်ထဲမှာ တို့အနာဂတ်‌တွေ ရှိတယ်ဆိုတာ မ‌မေ့‌လေနဲ့။ ဘုံရန်သူ ဗဟိုယူကာ ရှင်သန်ရာ...

ဒုက္ခသည်‌လျှောက်သည့်ကိစ္စ ပြန်လည်‌ဆောင်ရွက်ရန် ဖြစ်နိုင်‌ခြေနည်း‌သေးဟု KRC ဆို

ဧပြီလ ၂ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) မြန်မာဒုက္ခသည်အဖြစ် ‌လျှောက်ထားသူများကို လက်ခံစဉ်းစားသည့် အစီအစဉ်ကို မကြာခင်ကာလတွင် ထိုင်းအစိုးရက ပြန် လည် စတင်‌တော့မည်ဟု သတင်းများထွက်‌ပေါ်‌နေ‌သော်လည်း ထိုကိစ္စမှာ လက်ရှိအချိန်တွင် ဖြစ်နိုင်‌ခြေနည်းပါး‌သေး‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ(KRC) က ‌ပြောဆိုသည်။ KRC ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးက “UNHCRက လူ‌တွေကို ထပ်ပြီးလက်ခံဖို့ဆိုတာ...

‌ကျောင်း‌ပြေးရင် စစ်‌ပြေးဖြစ်မယ်…

‌ခေါင်ဆူလိုင့် (ဧပြီလ ၁၉ရက်၊ ၂၀၁၁ခုနှစ်။) “အခု ကျ‌နော် လုပ်ချင်တာက‌တော့ ‌ကျောင်းဆက်တက်ချင်တယ်။ အလုပ်လုပ်ချင်တယ်။ ပြီးရင် မိဘ‌တွေကို ကူညီချင်တယ်။” လို့ ၇တန်းအရွယ်ကတည်းက စစ်တပ်ထဲ‌ရောက်ရှိခဲ့သူ အသက် ၁၉နှစ်အရွယ် စစ်‌ပြေးတပ်သား ‌မောင်‌ဇော်မျိုး‌အောင်က ‌ပြော ပါတယ်။ ဖခင်ရဲ့ ပရိ‌ဘောဂလုပ်ငန်းနဲ့ မိသားစု စားဝတ်‌နေ‌ရေးကို မိခင်နဲ့...

စစ်မက်ဖြစ်ပွားသည့် ကရင်‌ဒေသတွင် ၃လအတွင်း အရပ်သား ၈ဦး‌သေဆုံး

ဧပြီလ ၁၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ) စစ်‌ရေးပဋိပက္ခဖြစ်ပွား‌နေသည့် ကရင်‌ဒေသများတွင် ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ၃လအတွင်း မြန်မာအစိုးရ စစ်တပ် များ၏ ပစ်ခတ်၊ သတ်ဖြတ်ခြင်း‌ကြောင့် အရပ်သားလူ ၈ဦး ‌သေဆုံးခဲ့ပြီး အမျိုးသမီး ၁ဦး အဓမ္မပြုကျင့်ခံရသည်ဟု ယ‌နေ့ထုတ် ပြန်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု...
Donate