Home ထိပ်တန်းသတင်း ကျိုက်ဒုံမြို့နယ်တွင် ဒီ‌ကေဘီ‌အေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် ‌သေဆုံး

ကျိုက်ဒုံမြို့နယ်တွင် ဒီ‌ကေဘီ‌အေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် ‌သေဆုံး

1358
ဧပြီ ၂၅။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်တွင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ ‌အေ)နှင့် မြန်မာအစိုးရတပ်ဖွဲ့အကြား ယမန်‌နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က ၁၉ဦး ‌သေဆုံး ပြီး ၁၇ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် ‌စောလားပွယ် ကိုယ်တိုင် ဦး‌ဆောင်၍ ကျိုက်ဒုံမြို့၏ ‌တောင် ဘက်မနီးမ‌ဝေးရှိ မိတန်‌ကျေးရွာနှင့် မိနန်းအပ်‌ကျေးရွာကြားတွင် လှုပ်ရှား‌နေ‌သော စစ်ကွပ်ကဲ‌ရေးဌာန ချုပ် စကခ(၅)၊ နည်းဗျူဟာ (၁)လက်‌အောက်ခံ ခမရ (၅၄၃) တပ်ရင်းကို ၁၂နာရီကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်‌ရောက်ပစ်ခတ်ခဲ့သည်ဟု ဒီ‌ကေဘီ‌အေနှင့် နီးစပ်သူတဦးက ‌ပြောသည်။

၎င်းက“မ‌နေ့က ဒီ‌ကေဘီ‌အေ တပ်ရင်း ၉၀၈၊ ၉၀၂၊ ၉၀၁အဖွဲ့‌တွေ ပူး‌ပေါင်းပြီး‌တော့ စကခ (၅)လက် ‌အောက်ခံ နည်းဗျူဟာ (၁) ခမရ ၅၄၃က စစ်‌ကြောင်း (၂)လှုပ်ရှားတပ်ဖွဲ့ကို ဝင်တိုက်တယ်။ နအဖဘက် က ၁၉‌သေ၊ ၁၇ဦး ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်ပွားချိန်က‌တော့ မနက် ၆နာရီမှ ည‌နေ ၆နာရီအထိ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ်ဘက်က ‌သေဆုံးသူများထဲတွင် စစ်‌ကြောင်း ၂မှူးအပါအဝင် ဒုဗိုလ် တစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ် ၂ဦးပါဝင်ခဲ့သလို ဒဏ်ရာရသည့် (၁၇)ဦး အနက်မှ ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးပါရှိခဲ့သည်ဟု ဒီ‌ကေဘီ‌အေ သတင်းရပ် ကွက်အရ သိရသည်။

ထိုကဲ့သို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားမှု‌ကြောင့် ကျိုက်ဒုံမှ ပိုင်ခလန်ကားလမ်းကိုလည်း အစိုးရစစ်တပ် ဘက်မှ ပိတ်ပစ်လိုက်သလို ကားနှင့်ဆိုင်ကယ်အစီးများစွာကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အ မည် မ‌ဖော်လိုသည့် မိတန်ရွာသားတဦးက ‌ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တာ ၂ရက်ရှိပြီး မ‌နေ့က ဖြစ်တဲ့တိုက်ပွဲမှာ ပိုင်ခလန်ဘက်ကို သွားမယ့် လမ်းဖားရွာ သားတဦး ထိမှန်‌သေဆုံးသွားတယ်။ အခု ဗမာစစ်တပ်က လမ်းပိတ်ပစ်လိုက်တယ်။ ဘယ်သူမှ သွားလာ လို့မရဘူး။ ကား‌တွေ၊ ဆိုင်ကယ်‌တွေလည်း ဖမ်းထားတယ်။ ရွာသား‌တွေဟာ ‌ကြောက်လန့်ပြီး‌တော့ ဘယ် မှ မသွားရဲကြ‌တော့ဘူး။ ”ဟု ‌ပြောသည်။

ထို့အပြင် ဒီ‌ကေဘီ‌အေတပ်များသည် မိတန်‌ကျေးရွာအတွင်း ဝင်‌ရောက်တပ် စွဲထားပြီး အ‌မြောက်လက် နက်ကြီးများ ‌ထောင်ထား‌သော‌ကြောင့် ‌ရှေ့ဆက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့် အ‌ခြေအ‌နေ တွင်ရှိသည်ဟု မိတန်ရွာသားများက ‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၂ရက် (‌သောကြာ‌နေ့)တွင်လည်း တပ်အင်အား ၂ဝဦးပါ ဗိုလ်ချစ်သဲ ဦးစီး သည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် အဆိုပါ အစိုးရ စစ်‌ကြောင်းအား မိတန်‌ချောင်းဝ‌ကျေးရွာထဲတွင် သွား ‌ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိခိုက်မှုမရှိ‌ကြောင်း သိရသည်။

ဒီ‌ကေဘီ‌အေတပ်မဟာ(၅)တပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၁ဝခုနှစ် နိုဝင်ဘာလက စစ်အစိုးရ ကျင်းပပြုလုပ် သည့် ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင့်သည့်အ‌နေဖြင့် အစိုးရစစ်တပ်ကို ‌တော်လှန်တိုက်ခိုက်ခဲ့သည်။