Hay Htoo
တပ်အင်အားဖြည့်ရန် BGF က တပ်သားသစ်ထပ်ကောက်ခံ
ဧပြီလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်-BGF ၏ အကြံပေးပုဂိ္ဂုလ် စောချစ်သူက မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာများမှ တာ ဝန်ရှိသူများကို ဧပြီလ ၈ရက်နေ့က ရွှေကုက္ကိုရွာတွင် ခေါ်ယူကာ တပ်သားသစ် ၇၅ဦး တောင်းခံထားကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
နယ်ခြားစောင့်တပ်သည် ၎င်းတို့၏ တပ်အင်အားဖြည့်ရန်အတွက် ယခုလို...
မယ်လစခန်းတွင် ဒုက္ခသည်ကလေးများအတွက် ရိုးရာယဉ်ကျေးမှုပွဲတော် ကျင်းပ
ဧပြီလ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည်ကလေးများ ရို်းရာယဉ်ကျေးမှုပွဲတော်တရပ်ကို Shanti Volunteer Association-SVA မှ ဦးဆောင်ပြီး ယနေ့ ကျင်းပပြုလုပ်ခဲ့ကြရာ ကလေးငယ်ဦးရေ ၁၀၀ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု သိရှိရ သည်။
အဆိုပါပွဲတော်ကို စခန်းအတွင်းရှိ ကလေးငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိရေးအတွက် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပြီး...
အုန်းဖျန်စခန်း သကြင်္န်တွင်း အလှမယ်ရွေးပွဲကျင်းပခဲ့
ဧပြီလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဒုက္ခသည်လှပျိုဖြူများ၏ သကြင်္န်အလှမယ်ရွေးပွဲ တခုကို အတာသကြင်္န် နှစ်ဆန်းတရက်နေ့ဖြစ်သည့် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
၎င်းသကြင်္န်အလှမယ်ရွေးပွဲတွင် ကရင်၊ မွန်၊ ဗမာနှင့် ရခိုင် လူငယ်အမျိုးသမီး ၁၇ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ နော်ထရေစီက (ပထမ)၊ နော်ဆဲထီဖောက (ဒုတိယ)နှင့်...
ပစ်ခတ်တိုက်ခိုက်ခံရ၍ ထိခိုက် ကျဆုံးသူများတွင် စစ်တပ်မှ အရာရှိတစ်ဦးပါဝင်
ဧပြီလ ၁၂ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
မြဝတီမြို့နယ်၊ တံတားကျိုးနေရာမရောက်ခင် တောင်ပေါ်ကား လမ်းကြောတနေရာတွင် ကော့ကရိတ်ဘက်မှ တက်လာသည့် စစ်တပ်ကားတစ်စီးမှာ ယမန်နေ့က ပစ်ခတ်တိုက်ခိုက်ခံရ၍ ကားပေါ်တွင် ပါလာသည့် အရာရှိတစ်ဦး အပါအဝင် ၁၄ဦး ကျဆုံး သွားခဲ့သည်ဟု သိရသည်။
“မနေ့က ဆင်ဟုတ်နေရာမှာ နေ့လည် ၁၂နာရီနီးပါးလောက်မှာ အပစ်ခံရတာလေ။...
တနသင်္ာရီတိုင်းရှိ လှုပ်ရှားတပ်များ အား ဘာသာစကား သင်ကြားပို့ချ ပေးမည်
ဧပြီလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာအစိုးရသည် တနသင်္ာတိုင်း နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် ၎င်းတို့၏ စစ်တပ်များအတွက် ဘာသာစကား နားလည် တတ်ကျွမ်းမှုရှိရန် ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ်(ကရခ) မြိတ်မြို့တွင် ဧပြီလ ၁၅ရက်နေ့မှ ဇွန်လ ၁၅ရက်နေ့အထိ ၂လတိတိ ဘာသာစကားသင်တန်း သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းမှလာသည့်...
မြဝတီဗုံးတလုံး ထပ်မံ ပေါက်ကွဲ
ဧပြီလ ၇ရက်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရှိ အထက်တန်းကျောင်းဝင်း၌ ယနေ့ည မြန်မာစံတော်ချိန် ၈နာရီကျော်တွင် ဗုံးတစ်လုံး ပေါက် ကွဲခဲ့ရာ ထိခိုက်မှုမရှိဟု မြို့ခံတစ်ဦးက ပြောသည်။
“ဒီည ၈နာရီ ၁၅မိနစ်မှာ ဗုံးတစ်လုံးပေါက်တယ်။ အထက်တန်းကျောင်းဝင်းထဲက အိမ်သာထဲက ပေါက်တာ။ ပေါက်ကွဲသံက အကျယ်ကြီးပဲ။ ဒါပေမဲ့ ညဘက်ဆိုတော့...
ကြိုးနီစနစ် မပျောက်သေးသော ကရင်ပြည်နယ်မှ မြဝတီ
မြဝတီမြို့ခံ ကရင်လေး
၂၀၁၁ခုနှစ် ဧပြီလ (၁)ရက်နေ့မှာ အနိုင်ရပါတီကနေ အစိုးရအသစ် ဖွဲ့စည်းပြီး စစ်ယူနီဖောင်းချွတ်ကာ အရပ်ဝတ်ဖြင့် စတင် အုပ်ချုပ်တာကို တီဗွီနဲ့ သတင်းစာမှာ ဖတ်ရပါတယ်။ နိုင်ငံတကာ အများအမြင်မှာတော့ အရပ်သားအုပ်ချုပ်ရေးလို့ မြင်ကြပေမဲ့ ကျနော်တို့ ကရင်ပြည်နယ်မှာတော့ စစ်အုပ်ချုပ်ရေးအတိုင်း အုပ်ချုပ်တာကို တွေ့ရပါတယ်။ ဝန်ကြီးချုပ်က...
၂၆နှစ်မြောက် KWO နေ့ ကျင်းပပြီးစီး
ဧပြီလ ၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယနေ့ ဧပြီလ ၅ရက်နေ့၌ ကျရောက်သော ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ ၂၆နှစ်မြောက် တည်ထောင်ခြင်းပြည့် အခမ်းအနားတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာတွင် ကျင်းပခဲ့ရာ လူထုပရိဿတ် ၁၀ဝ ဝန်းကျင် တက် ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် KWO ဒုဥက္ကဌ နော်ဖောဒေးတိုးမှ အမှာစကား ပြောကြားခြင်း၊...
အစိုးရသစ်ကို ယုံကြည်မှုမရှိကြာင်း KNU ကြေညာချက်ထုတ်ပြန်
ဧပြီလ ၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး တိုင်းရင်းသားလူမျိုးစုများအတွက် အာမခံချက်မရှိသော ၂၀၁ဝ ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် ယခုတက်လာသည့် စစ်ယူနီဖောင်းချွတ် အစိုးရသစ်ကို ယုံကြည်လက်ခံမှုမရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က ယနေ့ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
အစိုးရသစ်သည် နအဖ ထိပ်ပိုင်းစစ်ခေါင်းဆောင်များ၏ ချုပ်ကိုင်မှုအောက်တွင် ဆက်လက်ရှိနေသေးသည့်အတွက် မြန်မာတ...
ဝေါ်လေဒေသတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ
ဧပြီလ ၄ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း ဝေါ်လေဂွင်တွင် ယနေ့ နေ့လည်ဘက်တွင် စစ်ကွပ်ကဲရေးဌာနချုပ်(၅) လက်အောက်ခံ တပ်များကို ကေအဲန်ယူ တပ်ဖွဲ့များက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ဦး ကျဆုံးပြီး ၂ဦး ဒဏ်ရာရရှိသွား ကြောင်း ကေအဲန်ယူ၏ လက်နက်ကိုင်အဖွဲ့ ကေအဲန်အယ်လ်အေဘက်က...





