Home ထိပ်တန်းသတင်း ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှု‌ကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်

ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှု‌ကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်

1903
ဇွန်လ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့‌တောင်ဘက် (၁၉)မိုင်ခန့် အကွာအ‌ဝေးရှိ လမ်းဖား‌ကျေးရွာတွင် ယမန်‌နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူး‌ပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦး‌သေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ‌ပြောသည်။

ယမန်‌နေ့မနက် ၁ဝနာရီခန့်တွင် လမ်းဖား‌ကျေးရွာအတွင်း ဝင်‌ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် တပ်မ ၂၂လက်‌အောက်ခံ ခမရ ၂၀၁တပ်ရင်းအား ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း(၁၇)နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မ‌တော်(DKBA) ကလိုထူး‌ဘောဗျူဟာ တပ်ဖွဲ့တို့ ‌စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA က ‌ပြောသည်။

KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဗိုလ်မှူး‌စော‌ဖောဒိုက “မ‌နေ့က ၁ဝနာရီအချိန် လမ်းဖား‌ကျေးရွာမှာ ဝင်‌ရောက်လာတဲ့ ရန် သူ့တပ်ဖွဲ့ကို ကျ‌နော်တို့ ကရင်ပူး‌ပေါင်းတပ်ဖွဲ့က ၂နာရီကြာ ‌စောင့်ကြိုပစ်ခတ်တယ်။ ရန်သူ့ဘက်က ၈‌ယောက်‌သေတယ်။ ၇ ‌ယောက် အထိနာတယ်။ ကျ‌နော်တို့ဘက်က ထိမှန်တာမရှိဘူး။”ဟု ‌ပြောသည်။

အဆိုပါ တိုက်ပွဲအ‌ခြေအ‌နေကို ကရင်တပ်ဖွဲ့ဘက်က ယင်းသို့ ထုတ်‌ဖော်‌ပြောဆိုခဲ့‌သော်လည်း အစိုးရစစ်တပ်ဘက်မှ ယ‌နေ့အထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိ‌ပေ။

ထို‌ဒေသတွင် ကရင်တပ်ဖွဲ့များနှင့် အစိုးရတပ်များ ယခုလို တိုက်ပွဲများ ဖြစ်ပွား‌နေသည့်အတွက် ‌ဒေသခံများမှာ စိုးရိမ်ထိတ်လန့်‌နေ ကြပြီး ဆက်သွယ်‌ရေးအတွက် ဖုန်းများကိုပင် ပိတ်ထားရ‌ကြောင်း လမ်းဖား‌ကျေးရွာနှင့်ကပ်လျှက် ‌ကော့ဆိုင်ရွာမှ ရွာသူ အမျိုးသမီး တစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“တက်လာမယ့် ဗမာစစ်တပ်ကို ကရင်တပ်ဖွဲ့ဘက်က လမ်းဖားရွာမှာ ‌စောင့်‌နေတာ ၂ရက်ရှိပြီ။ မ‌နေ့က တိုက်ပွဲဖြစ်လာ‌တော့ အခု ဆို တရွာလုံး ‌ကြောက်လှန့်ကြတာ‌ပေါ့။ ဒီလို ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ ဖုန်း‌တွေ အားလုံး ပိတ်လိုက်ရတယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ‌ကော့ကရိတ်မြို့နယ်များတွင် စစ်‌ရေး ပိုမို လှုပ်ရှားလာသည့် ကရင်ပူး‌ပေါင်း တပ်ဖွဲ့ကို ရှင်းလင်းတိုက်ထုတ်သွားရန်အတွက် အစိုးရစစ်တပ်ဘက်က စစ်‌ရေးပြင်ဆင်များ လုပ်‌ဆောင်‌နေချိန်တွင် ယခုလို ပစ် ခတ်ခံရခြင်း ဖြစ်သည်။

မြန်မာစစ်တပ်၏ စစ်ဆင်‌ရေးကွပ်ကဲမှု ပျက်ပြား‌စေရန် စစ်ဆင်‌ရေးများကို ‌ရှေ့ဆက်၍ အရှိန်မြှင့် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ယခုလ ၆ရက်‌နေ့တွင် ကရင်နှင့် ‌ကျောင်းသားတပ်မ‌တော်တို့က “မာနယ်စိုးစစ်ဆင်‌ရေး (‌အောင်မြင်စိုးမိုးမှု)”ဟု အမည်ရ‌သော ပူး ‌ပေါင်းစစ်ဆင်‌ရေး ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ထားသည့်အတွက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ‌ရှေ့ဆက်ဖြစ်လာအုံး မည့် အ‌ခြေအ‌နေရှိ‌ကြောင်း စစ်‌ရေးအကဲခတ်များက သုံးသပ်သည်။