Home ဆောင်းပါး အဖွဲ့ကြီး (၁၇)ဖွဲ့တဲ့လား

အဖွဲ့ကြီး (၁၇)ဖွဲ့တဲ့လား

3048
(တူ‌မောင်ညို)

(၂၀၁၁ ခုနှစ်၊ ဇွန်လ ၁ဝ ရက် )

ဒုတိယသမ္မတ ဦးတင်‌အောင်မြင့်ဦးက ဆီနိတ်တာဂျွန်မက်ကိန်းနဲ့ ‌တွေ့ဆုံစဉ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပတ်သက်ပြီး စုစု‌ပေါင်း အဖွဲ့ကြီး (၁၇)ဖွဲ့နဲ့ ငြိမ်းချမ်း‌ရေးရယူခဲ့‌ကြောင်း၊ ယင်းအဖွဲ့များအနက် (၃)ဖွဲ့က ငြိမ်းချမ်း‌ရေးမယူ‌သေးတဲ့ အဖွဲ့ ၂ ဖွဲ့နဲ့ ပူး‌ပေါင်းပြီး အစိုးရကို ဆန့် ကျင်‌နေ‌ကြောင်း၊ ကျန် (၁၄)ဖွဲ့က‌တော့ အ‌ခြေခံဥပ‌ဒေနှင့်အညီ ပူး‌ပေါင်း‌ဆောင်ရွက်လျက်ရှိတယ်လို့ ‌ပြောသွားပါတယ်။ ဒီလိုဆိုထား‌လေ ‌တော့ အဲဒီအဖွဲ့ကြီး (၁၇)ဖွဲ့ဆိုတာကို ကျ‌နော်တို့စိစစ်ကြည့်ကြရ‌အောင်။

ဒီလိုစိစစ်ရာမှာ (နအဖ)စစ်အစိုးရရဲ့ ‌နေ့စဉ်ထုတ်သတင်းစာ‌တွေမှာ ‌ရေးသား‌ဖေါ်ပြခဲ့ကြတဲ့ ‌ဆောင်းပါးရှင်ဆိုသူ‌တွေရဲ့ ‌ဆောင်းပါး‌တွေထဲက အချက်အလက်‌တွေကိုပဲ ကိုးကား‌ဖေါ်ပြပါမယ်။

၂၀၀၂ စက်တင်ဘာ ၂၆ရက်‌နေ့၊ မြန်မာ့အလင်း သတင်းစာမှာ ‌ဖေါ်ပြထားတဲ့ “တက္ကသိုလ်မြတ်သူ”ရဲ့ “‌သွေးခွဲမှု မှန်သမျှအ‌ပေါ် ထာဝရ ‌အောင်နိုင်သည့် စည်းလုံးညီညွတ်မှု”ဆိုတဲ့ ‌ဆောင်းပါးအပိုင်း(၁)မှာ “ (၃၁/၃/၁၉၈၉)မှ (၆/၄/၁၉၉၈)အတွင်း တိုင်းရင်းသားလက်နက်ကိုင် (၁၇) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့၊ (၁၆)ဖွဲ့မှာ တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်ပြီး ကျန် (၁)ဖွဲ့မှာ ရခိုင်ပြည်နယ်မှ ဦး‌စောထွန်းဦး ‌ခေါင်း ‌ဆောင်‌သောအဖွဲ့ဖြစ်သည်”လို့ ‌ရေးသား‌ဖေါ်ပြထားပါတယ်။

ဦး‌စောထွန်းဦး ‌ခေါင်း‌ဆောင်တဲ့အဖွဲ့ဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရခိုင်ပြည်နယ်အဖွဲ့ ဖြစ်ပါတယ်။ (၂၉/၁၀/၁၉၉၆)မှာ နှစ်ဘက် စတင် ‌ဆွေး‌နွေးကြပြီး (၆/၄/၁၉၉၇)ရက်‌နေ့၊ ‌မောင်‌တောမြို့မှာ “လက်နက်နဲ့ ငြိမ်းချမ်း‌ရေးလဲလှယ်” ခဲ့ကြတာပါ။

ဒါ့အပြင် အဲဒီ (၁၇)ဖွဲ့ထဲမှာ ဘိန်းဘုရင်ခွန်ဆာရဲ့ (MTA)ကို ထည့်သွင်း‌ရေတွက်ထားတာ ဖြစ်ပါတယ်။ ‌အောက်ပါ ဇယား‌လေးကိုကြည့်ရင် ရှင်းပါတယ်။

စဉ် အဖွဲ့အမည် အ‌ခြေပြုရာ‌ဒေသ အပစ်ရပ်သည့်‌နေ့စွဲ
၁။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၁) MNDA ‌လောက်ကိုင် ၃၁ /၃/၁၉၈၉
၂။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၂) UWSP ပန်ဆန်း ၉/၅/၁၉၈၉
၃။ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) အထူး‌ဒေသ (၄) NDAA မုံးလား ၃၀/၆/၁၉၈၉
၄။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၃) SSA စိန်‌ကျော့ ၂၄/၉/၁၉၈၉
၅။ ကချင်ပြည်နယ် အထူး‌ဒေသ (၁) NDA (K) ပန်ဝါ ၁၅/၁၂/၁၉၈၉
၆။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၅) KDA ‌ကောင်ခါး ၁၁/၁/၁၉၉၁
၇။ ရှမ်းပြည်နယ်(‌တောင်ပိုင်း) အထူး‌ဒေသ (၆) PNO ‌ကျောက်တလုံး ၁၈/၂/ ၁၉၉၁
၈။ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၇) PSLF နမ္မတူ ၂၁/၄/၁၉၉၁
၉။ ကယားပြည်နယ်အထူး‌ဒေသ (၁) KNG မိုးဗြဲ၊ ဖယ်ခုံ ၂၇/၂/၁၉၉၂
၁၀။ ကချင်ပြည်နယ်အထူး‌ဒေသ (၂) KIO လိုင်စင် ၂၄/၂/၁၉၉၄
၁၁။ ကယားပြည်နယ်အထူး‌ဒေသ (၂) KNPLF ဟိုယာဘီယာ ၉/၅/၁၉၉၄
၁၂။ ကယားပြည်နယ်အထူး‌ဒေသ (၃) KNLP ပြင်‌ဆောင် ၂၆/၇/၁၉၉၄
၁၃။ (ရလလဖ) SNPLO ‌နောင်‌ထော် ၉/၁၀/၁၉၉၄
၁၄။ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ KNPP ‌ဒေါတမကြီး၊ ထီးပိုးကလိုး ၂၁/၃/၁၉၉၅
၁၅။ မွန်ပြည်သစ်ပါတီ NMSP ‌ရေး‌ချောင်းဖျား ၂၉/၆/၁၉၉၅
၁၆။ ဘိန်းဘုရင်ခွန်ဆာ (MTA) ဟိုမိန်း၊ လွယ်လန်း ၅/၁/၁၉၉၆
၁၇။ ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်အဖွဲ့) ဘူးသီး‌တောင်၊ ‌မောင်‌တော ၆/၄/၁၉၉၇

ဒါက (နအဖ) စစ်အစိုးရ ဝါဒဖြန့်ကြွားလုံးထုတ်‌လေ့ရှိတဲ့အဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာဖြစ်ပါတယ်။

အဲဒီအထဲမှာအပစ်ရပ်ပြီးရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲ‌ရေးပြန်လည်ပျက်ပြားသွားတဲ့ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP)ကို ဒီစာရင်းထဲက ဖယ်ရမှာဖြစ်ပါတယ်။ ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ(KNPP)ကို ဖယ်ထုတ်လိုက်ရင် ၁၆ဖွဲ့ ကျန်ပါတယ်။

ဒါ‌ပေမယ့် စာရင်းထဲက ဖယ်ထုတ်မပစ်ဘဲ အဖွဲ့ကြီး ၁၇ဖွဲ့ ဆိုပြီး ‌ပြော‌နေ‌တော့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၄ခုနှစ် မတိုင်ခင် အမျိုးသားညီလာခံ( ၁၉၉၃ – ၁၉၉၆)တက်‌ရောက်တဲ့ “အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ အစုအဖွဲ့” စုစု ‌ပေါင်းဟာ (၅၇)ဦးသာ ရှိတာပါ။

ဒါ‌ပေမယ့် ၈နှစ်နီးပါး ရပ်နားခဲ့ရပြီး (၂၀၀၄)မှာ ပြန်လည်ကျင်းပရတဲ့ “အမျိုးသားညီလာခံ”မှာ‌တော့ (၁၀၅)ဦး ဖြစ်လာပါတယ်။ ဒါကလည်း မူလ အဖွဲ့အစည်း‌တွေဖြစ်ကြတဲ့ (KNU)က ခွဲထွက်ကြတဲ့ (DKBA)၊ ‌ဟောင်သ‌ရော၊ ဘုရားကုန်းအဖွဲ့နဲ့ (KNPP)က‌နေ ပဲ့ထွက်တဲ့ KNPP ခွဲ ထွက်(ဟိုယာ)အဖွဲ့၊ နဂါးအဖွဲ့၊ မွန်(ခွဲထွက်) နိုင်စိုက်ချန်းအဖွဲ့ စတဲ့ ဗြုတ်စဗျင်း‌တောင်း ၁၂ဖွဲ့ကို ညီလာခံ တက်‌ရောက်‌စေခဲ့လို့ အခုလို အ‌ရေ အတွက်‌တွေ တိုးလာတာ ဖြစ်ပါတယ်။

ဒါဆိုရင် အဲဒီ ၁၇ဖွဲ့လို့ ‌ပြော‌နေတဲ့အထဲက နယ်ခြား‌စောင့်တပ် (BGF)အဖြစ် ‌ပြောင်းလဲခဲ့တဲ့အဖွဲ့‌တွေစာရင်းကိုကြည့်လိုက်ကြပါဦး။

(BGF) နယ်ခြား‌စောင့်တပ်အဖြစ်‌ပြောင်းလဲခဲ့သည့်အဖွဲ့အစည်းများ
(၂၀၀၉ ခုနှစ်၊ နိုဝဘင်္ာလ ၈ရက်‌နေ့ မှ ၂၀၁ဝပြည့်နှစ်၊ ဩဂုတ်လ ၂၁ရက်အထိ )
စဉ် ရက်စွဲ မူလအဖွဲ့အစည်းအမည် ‌ပြောင်းလဲသည့်တပ်ဖွဲ့အမှတ်နှင့် ‌ဒေသ

၁။ ၂၀၀၉ နိုဝင်ဘာ ၈ ကချင်ပြည်နယ်၊ အထူး‌ဒေသ(၁) (NDAK) အမှတ်(၁၀၀၁) နယ်ခြား‌စောင့်တပ် (ဂန့်ဂွင်း)
အမှတ်(၁၀၀၂) နယ်ခြား‌စောင့်တပ်(လုပီ)
အမှတ်(၁၀၀၃) နယ်ခြား‌စောင့်တပ် (စင်ကြိုင်)
၂။ ၂၀၀၉ နိုဝင်ဘာ ၈ ကယားပြည်နယ်၊ အထူး‌ဒေသ(၂) (ကလလတ) အမှတ်(၁၀၀၄) နယ်ခြား‌စောင့်တပ်(စွပ်ပိုင်)
အမှတ်(၁၀၀၅) နယ်ခြား‌စောင့်တပ် (ပန်တိန်း)
၃။ ၂၀၀၉ ဒီဇင်ဘာ ၄ ရှမ်းပြည်နယ်(‌မြောက်ပိုင်း)အထူး‌ဒေ(၁) (ကိုးကန့်အဖွဲ့ ) အမှတ်(၁၀၀၆) နယ်ခြား‌စောင့်တပ်
စီ‌အော‌ဒေသ /‌လောက်ကိုင်ခရိုင်
၄။ ၂၀၁ဝ မတ် ၃ဝ ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း) ပြည်သူ့စစ် (ဌာ‌နေ) အဖွဲ့ အစည်းများ
အမှတ် (၁၀၀၇) နယ်ခြား‌စောင့်တပ်
၁။ မိုင်းတုန်မြို့နယ်/ပုံပါကျင်မြို
အမှတ် (၁၀၀၈) နယ်ခြား‌စောင့်တပ်
၂။ မိုင်း‌ယောင်းမြို့နယ်/မိုင်းယုမြို့
၅ ၂၀၁ဝ ဧပြီ ၁၈ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) တာချီလိတ် မြို့တွင်
ပြည်သူ့စစ်(ဌာ‌နေအဖွဲ့အစည်းများ )
‌နော်ခမ်းဘိန်းဂိုဏ်းခွဲထွက်များ/‌ဒေသခံရှမ်းကာကွယ်‌ရေးပြည်သူ့ စစ်/ခွန်ဆာကာကွယ်‌ရေးလက်ကျန်အဖွဲ့များနှင့်တာချီလိတ်အနီး က ပြည်သူ့စစ်အဖွဲ့များဖြစ်သည်။ အမှတ် (၁၀၀၉) နယ်ခြား‌စောင့်တပ်
တာချီလိတ်
၆ ၂၀၁ဝ ‌မေလ ၂ဝ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) အမှတ် (၁၀၁၀) နယ်ခြား‌စောင့်တပ် (မက်မန်း)

၇ ၂၀၁ဝ ဩဂုတ် ၁၈ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ‌ဒေသ၊
တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီ‌ကေဘီ‌အေ) သတင်းတွင် ‌ဖေါ်ပြခြင်း မရှိ
၂၀၁ဝ ဩဂုတ် ၂ဝ ကရင်ပြည်နယ်/လှိုင်းဘွဲ့မြို့နယ်/ ပိုင်ကျုံမြို့/ ထန်းတပင်‌ကျေးရွာ
တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီ‌ကေဘီ‌အေ) အမှတ် (၁၀၁၅) နယ်ခြား‌စောင့်တပ်
အမှတ် (၁၀၁၆) နယ်ခြား‌စောင့်တပ်
၂၀၁ဝ ဩဂုတ် ၂ဝ ကရင်ပြည်နယ်/မြဝတီမြို့နယ်/ မဲပလဲ့‌ဒေသ
တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီ‌ကေဘီ‌အေ) သတင်းတွင် ‌ဖေါ်ပြခြင်းမရှိ
၂၀၁ဝ ဩဂုတ် ၂၁ ကရင်ပြည်နယ်/‌ကော့ကရိတ်မြို့နယ်/ ထီးဟူးသံ‌ကျေးရွာ
တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီ‌ကေဘီ‌အေ) အမှတ် (၁၀၂၁) နယ်ခြား‌စောင့်တပ်

၂၀၁ဝ ဩဂုတ် ၂၁ ကရင်ပြည်နယ်/မြဝတီမြို့နယ်/ အတွင်းကွင်းက‌လေး‌ဒေသ
တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (ဒီ‌ကေဘီ‌အေ) အမှတ် (၁၀၂၂) နယ်ခြား‌စောင့်တပ်
၂၀၁ဝ ဩဂုတ် ၂၁ ကရင်ပြည်နယ်/ကြာအင်းဆိပ်ကြီးမြို့နယ်/ကျိုက်ဒုံမြို့နယ်/ ကျိုက်ဒုံ‌ဒေသ
ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့ (‌ဟောင်သ‌ရော အထူး‌ဒေသ) အမှတ် (၁၀၂၃) နယ်ခြား‌စောင့်တပ်
(BGF) ‌ပြောင်းလဲဖွဲ့စည်းတဲ့ ဇယားကိုကြည့်လိုက်‌တော့ အဓိကအဖွဲ့ကြီး‌တွေ (BGF) မ‌ပြောင်း‌သေးတာ အထင်အရှား မြင်‌တွေ့နိုင်ပါတယ်။ ဒီဇယားဟာ ၂၀၀၉ခုနှစ်၊ နိုဝဘင်္ာလ ၈ရက်‌နေ့မှ ၂၀၁ဝပြည့်နှစ်၊ ဩဂုတ်လ ၂၁ရက်အထိ ‌နေ့စဉ်ထုတ် သတင်းစာ‌တွေထဲက အချက်အလက် ‌တွေထုတ်ပြီး စုစည်းထားတာပါ။

“အဖွဲ့ကြီး ၁၇ဖွဲ့”လို့ ဆိုတဲ့အထဲက (BGF) ‌ပြောင်းတာဆိုလို့ ကချင်ပြည်နယ်မှာ ဦးစခုန်တိန့်ယိန်းရဲ့ ကချင်ပြည်နယ် အထူး‌ဒေသ(၁) NDA (K)၊ ကယားပြည်နယ်မှာ ဦးထွန်း‌ကျော်ရဲ့ ကယားပြည်နယ်အထူး‌ဒေသ(၂) (ကလလတ)နဲ့ ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေ(၁) (ကိုး ကန့်အဖွဲ့)တို့ပဲ ဖြစ်ပါတယ်။

ဒါ‌တောင် “ဖုန်ညီအကို”နဲ့ တိုက်ပွဲ‌တွေ ဖြစ်ခဲ့ရပြီး တရုတ်နယ်စပ်မှာ “တဲပြာ‌တွေ” ‌ပေါ်လာခဲ့ရ‌သေးတယ် မဟုတ်ပါလား။
“အ‌ခြေခံဥပ‌ဒေနှင့်အညီပူး‌ပေါင်း‌ဆောင်ရွက်လျက်ရှိပါ‌ကြောင်း”ဆိုတာ ဒီလို‌ပြောင်းလဲတာ‌တွေကို ဆိုလိုပါသလား။ ဒါဆိုရင် အခုထိ (BGF)အ ဖြစ် မ‌ပြောင်းလဲ‌သေးတဲ့ အဖွဲ့‌တွေကို ဘယ်လို‌ပြောမလဲ။
(BGF) အဖွဲ့‌တွေဟာ အမှတ်(၁၀၀၁) က‌နေ အမှတ် (၁၀၂၃) ထိ ရှိ‌နေတာမို့ (၂၃) ဖွဲ့လို့ ယူဆရမှာပါ။

အများစုက (DKBA) ‌တွေဖြစ်‌နေပါတယ်။ (DKBA) ‌တွေကလည်းပြန်လည်ခွဲထွက်ကြပြီး ပြန်လည်တိုက်ခိုက်‌နေတာ ဖြစ် လို့ (BGF) စာရင်းထဲက‌နေ အချို့ကိုဖယ်ထုတ်ရမှာဖြစ်ပါတယ်။ (DKBA)က အဖွဲ့ကြီး ၁၇ ဖွဲ့ ထဲမှာ မပါဝင်ပါဘူး။
ဒုတိယသမ္မတ ဦးရှစ်လုံး (ဦးတင်‌အောင်မြင့်ဦး) ‌ပြောတဲ့ ၃ဖွဲ့က‌တော့
– ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၃) SSA
– ကချင်ပြည်နယ်အထူး‌ဒေသ (၂) KIO
– မွန်ပြည်သစ်ပါတီ (NMSP)တို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ အတိအကျ မ‌ပြော‌လေ‌တော့ အခုလိုပဲ ‌ပြောနိုင်ပါတယ်။

ဒီအတိုင်းဆိုရင် အဖွဲ့ကြီး ၁၇ဖွဲ့ မဟုတ်ဘဲ ၁၃ဖွဲ့ပဲ ကျန်တယ်လို့ အတိအကျ ‌ပြောနိုင်ပါလိမ့်မယ်။ အင်အားတစ်စုံတစ်ရာ ရှိ‌နေတဲ့ အဖွဲ့အစည်း ‌တွေဖြစ်တဲ့
– ရှမ်းပြည်နယ်(‌မြောက်ပိုင်း) အထူး‌ဒေသ (၂) UWSP (ပန်ဆန်း)
– ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) အထူး‌ဒေသ (၄) NDAA (မုံးလား)တို့က‌ရော နယ်ခြား‌စောင့်တပ်(BGF)အဖြစ် ‌ပြောင်းလဲဖို့ လွယ် လွယ်ကူကူ၊ ‌ချော‌ချော‌မွေ့‌မွေ့ ဖြစ်နိုင်ပါရဲ့လား။
ဇွန်လ (၉)ရက်‌နေ့မှာ KIA တပ်ရင်း (၁၅)နဲ့ ခမရ(၄၃၇)တို့ဆီက ‌ပေါ်ထွက်လာတဲ့ ‌သေနတ်သံ‌တွေဟာ ထင်သ‌လောက် မလွယ်ကူဘူးဆိုတဲ့ အ‌ဖြေကို ‌ပေး‌နေပါတယ်။

ကိုးကား – ‌နေ့စဉ်ထုတ်သတင်းစာများ
တပ်မ‌တော်သမိုင်း (အဋ္ဌမအတွဲ) ၁၉၉၄- ၁၉၉၇