Hay Htoo
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၈၀ကျော် KNLA ထံ လာရောက် ပူးပေါင်းခဲ့
ဩဂုတ်လ ၁ဝရက်။ နန်းသူးလေ (ကေအိုင်စီ)
နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၈၀ကျော်သည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၁)နှင့် တပ်မဟာ(၇)နှစ်ခုသို့ ပြီးခဲ့ သည့် ရက်သတ္တပတ်က လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူဖက်က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ လာရောက်ပူးပေါင်းသည့် အဖွဲ့များအနက် ဩဂုတ်လ ၃ရက်နေ့က တပ်မဟာ(၇)နယ်မြေတွင် ဗိုလ်အဆင့်ရှိသူ အပါအဝင် နယ်ခြား စောင့်တပ်ဖွဲ့ဝင်...
ငြိမ်းချမ်းရေးအဆိုနဲ့လှုပ်ရှားမှု မှန်သမျှ ပယ်ချခံရမည့် ရှေ့တော်ပြေးနိမိတ်
တူမောင်ညို (ဩဂုတ် ၁ဝရက်၊ ၂၀၁၁။)
“အိတ်ဖွင့်ပေးစာ”ချင်း တိုးတိုက်မိကြလေသလော။
“ငြိမ်းချမ်းရေး လိုလားသူများအတွက်”ဆိုပြီး ရည်ညွန်းထားသည့် “လွှတ်တော်ကိုယ်စားလှယ်များ၏ အိတ်ဖွင့်ပေးစာ” (ဩဂုတ် ၈ရက်) နေ့စွဲဖြင့် ထွက်လာသည်။ (မြန်မာ့အလင်းသတင်းစာ/၉ ဩဂုတ်၊ စာမျက်နှာ ၆ တွင်ဖေါ်ပြထားသည်)
“ငြိမ်းချမ်းရေး”ကို တပြည်လုံးက လိုလားသည်။ လူမျိုးစုံပေါင်းစုံပြည်သူလူထုတစ်ရပ်လုံးကလည်း အူလှိုက်သည်းလှိုက်...
ပစ်ခတ်မှုကြောင့် ကလေးနှစ်ဦး ဒဏ်ရာရသည့် အစိုးရ၏ စွပ်စွဲချက်ကို KNU ငြင်းဆို
ဩဂုတ်လ ၉ရက်။ စောခါးစူး (ကေအိုင်စီ)
ဩဂုတ်လ ၈ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်ရှိ ကျေးရွာတရွာမှ ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားခြင်းမှာ မဟုတ်မှန်ပဲ၊ ၎င်းတို့၏ လက်ချက်မ ဟုတ်ဟု KNU က ငြင်းဆိုလိုက်သည်။...
ချောင်းရေကျသွားသော်လည်း ဒုက္ခသည်စခန်းမှ ရေဘေးသင့် သူများ ယာယီနေရာတွင် ရှိနေဆဲ
ဩဂုတ်လ ၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည်စခန်းကို ယခုလဆန်းပိုင်းက နစ်မြုပ်ခဲ့ သည့် မှိုင်းလုံကြီး(မူယူ)ချောင်းရေသည် ယခုရက်ပိုင်းအတွင်း လျော့ကျသွားသော် လည်းရေဘေးဒုက္ခသည်များမှာ မိမိနေအိမ် သို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ရေတော့ ပြန်ကျသွားပါပြီ။ ဒါပေမယ့် လောလောဆယ်...
ဒုသမ္မတ ဦးတင်အောင်မြင့်ဦး လာရောက်ကြည့်ရှုခဲ့သည့် ဖားအံရေဘေးဒုက္ခသည်များ အိမ်မပြန်နိုင်သေး
ဩဂုတ်လ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
သံလွင်မြစ်ရေ ဒုတိယအကြိမ် လျှံတက်မှုကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည့် ဘားအံမြို့မှ ရေဘေးဒုက္ခသည် များအား ဩဂုတ်လ ၆ရက်နေ့ မွန်းလွဲ ၂နာရီအချိန်တွင် မြန်မာနိုင်ငံ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက လာရောက်ကြည့် ရှုခဲ့ပြီး လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်ဟု ယနေ့ထုတ်...
လူထုအကျိုး မျှော်ကိုးလို့ သုံးပွင့်ဆိုင်ခြေလှမ်း စကြစို့
အယ်ဒီတာ့အာဘော်
ယခုလအနည်းငယ်အတွင်း ရှမ်း၊ ကချင်၊ ကရင်၊ မွန်ဒေသများတွင် စစ်ရေး၊ နိုင်ငံရေး မတည်ငြိမ်မှုများမှာ ရှုတ်ထွေးပွေလီနေ သည်။ လူထု၏ ကျီးလန့်စာစားဘဝများ၊ တိုက်ပွဲကြောင့် အသက်ဘေးလွတ်ရာ တိမ်းရှောင်မှုများ၊ ကျောင်းနေအရွယ် ကလေး ငယ်များ ပညာရေးပျက်စီးမှုများ ဖြစ်နေကြရသည်။ နိုင်ငံတနိုင်ငံ၊ နယ်မြေတခုတွင် လူထုဘဝများ မအေးချမ်းသရွေ့...
ချည်ဖြူဖွဲ့အမှီပြန်ခဲ့ပါ
(လကင်္ာဒီပ)
ဝါဆို ဝါခေါင်
ရေတွေဖောင်နေပြီလေ
သပြေပန်းချိုး
ဘုရားမှာထိုးဖို့
ဒီမိုးနဲ့အတူ ပြန်ခဲ့ပါ။
ချည်ဖြူဖွဲ့မဏ္ဍပ်တကာ
လှည့်လည်ကာ ငါရှာနေတယ်
ဘယ်ရင်ခွင် ဘယ်ဆီဘယ်နား
နင် နားခိုအိပ်စက်နေပြီလည်း
ချည်ဖြူပွဲတစ်ကျော့ပြန်
ရိုးရာမှန် ထိန်းသိမ်းဖို့ မမေ့နဲ့နော်။
ကစဉ့်ကလျား
လွှင့်ပါး ဝေဝါး စိတ်စဉ်
မယဉ်ကျေးပူပြင်း ဘဝအမောရယ်
ဆေးကြောမယ်လေ ဒီပွဲမှာ
ပလူးလာ ပလူးလာ ပလူးလာ ဂယ့်ထိုင်(ဟှယ့်ထါင်)
တိုင်တည်ကာခေါ်ငင်
ချည်ဖြူမျှင် လက်မှာဖွဲ့
ဝေးစေကွဲ့ မိစ္ဆာတွေ။
တန်ဖိုးထားစေချင်တဲ့ အာသီသ
ပါပီမရေ ထိန်းသိမ်းပေးပါ
ကမ္ဘာမှာ ရှားပါးဓလေ့
တွေ့နိုင်ပါတယ် တို့ကရင်ထုထဲ
ချည်ဖြူဆွဲ ချည်ဖြူပွဲ
အလွဲတွေ ပယ်ရအောင်လေ။
အဆိုးတွေ သင်ပုန်းချေ
သည်းခြေပျက်လုလုလေး
ပေးဆပ်လိုက်ပါပြီ
သည်မောင်ရဲ့...
တွေ့ဆုံဆွေးနွေး ဖြေရှင်းရေး လက်ခံကြောင်း ဒေါ်စုထံ UNFC စာပြန်ကြား
ဩဂုတ်လ ၆ ရက်။ နန်းသူးလေ (ကေအိုင်စီ)
တိုင်းရင်းသားဒေသများတွင် အပစ်ခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ ပါ အဆိုပြုချက်ကို လက်ခံသဘောတူကြောင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ယမန်နေ့ က ပြန်ကြားစာ ထုတ်ပြန်ခဲ့သည်။
UNFC အဖွဲ့ဝင် ၄ဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာကို...
မယ်ရာမိုအိမ်ခြေ ၄၀၀ကျော်အထိ ထပ်မံရေမြှုပ် သွားရောက်ကူညီရန် ခက်ခဲနေ
ဩဂုတ် ၅ရက်။ နန်းသူးလေ(ကေအိုင်စီ)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ရေလွှမ်းမိုးမှုကြီးမားလာပြီး ယနေ့တွင် လူနေအိမ်ခြေ ၄၀ဝ ကျော်အထိ ရေနစ်မြှုပ်မှုတိုးလာသော်လည်း ရေဘေးဒုက္ခသည်များကို သွားရောက်ကူညီရန် သွားလာရေး အဆင်မပြေဘဲ ခက်ခဲလျှက်ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ(KRC)က ပြောသည်။
မဲ့စရင်းရှိ ကရင်ဒုက္ခသည်ကော်မတီရုံးမှ စောတူးတူးက “ရေက မလျော့ဘဲ တက်လာတော့ အိမ်တွေက...
ရလလဖ ဥက္ကဌဟောင်း စောတာခဲလယ်၏ ဈာပန တောင်ကြီးတွင် ပြုလုပ်မည်
ဩဂုတ်လ ၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ဩဂုတ်လ ၁ရက်နေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) စစ်ကော်မရှင် ဥက္ကဌဟောင်း ဦးစောတာခဲလယ် (ခ) တာကာလယ်၏ ဈာပနကို မနက်ဖြန်(ဩဂုတ်လ ၆ရက်နေ့)တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်၊ ပုလဲလမ်းရှိ ၎င်း၏နေအိမ်၌ ပြုလုပ်သွားမည်ဟု...





