Home ထိပ်တန်းသတင်း မယ်ရာမိုအိမ်‌ခြေ ၄၀၀‌ကျော်အထိ ထပ်မံ‌ရေမြှုပ် သွား‌ရောက်ကူညီရန် ခက်ခဲ‌နေ

မယ်ရာမိုအိမ်‌ခြေ ၄၀၀‌ကျော်အထိ ထပ်မံ‌ရေမြှုပ် သွား‌ရောက်ကူညီရန် ခက်ခဲ‌နေ

2538
ဩဂုတ် ၅ရက်။ နန်းသူး‌လေ(‌ကေအိုင်စီ)

(မယ်လအူး ဒုက္ခသည်စခန်း Photo-KIC)
ထိုင်းနိုင်ငံ မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ‌ရေလွှမ်းမိုးမှုကြီးမားလာပြီး ယ‌နေ့တွင် လူ‌နေအိမ်‌ခြေ ၄၀ဝ ‌ကျော်အထိ ‌ရေနစ်မြှုပ်မှုတိုးလာ‌သော်လည်း ‌ရေ‌ဘေးဒုက္ခသည်များကို သွား‌ရောက်ကူညီရန် သွားလာ‌ရေး အဆင်မ‌ပြေဘဲ ခက်ခဲလျှက်ရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ(KRC)က ‌ပြောသည်။

မဲ့စရင်းရှိ ကရင်ဒုက္ခသည်‌ကော်မတီရုံးမှ ‌စောတူးတူးက “‌ရေက မ‌လျော့ဘဲ တက်လာ‌တော့ အိမ်‌တွေက ၄၀၀‌ကျော်အထိ ‌ရေ မြှုပ်လာတယ်။ ဒုက္ခသည်‌တွေကို သွားကူညီဖို့ တာလပတ်‌တွေ TBBC က လာ‌ပေးထား‌ပေမဲ့ သယ်ယူပြီး သွားပို့ဖို့က လမ်းမှာ လည်း သစ်ကိုင်းကျိုး လမ်းပိတ်‌နေတာ‌ကြောင့် သွားရခက်‌နေ‌သေးတယ်။”ဟု ဆိုသည်။

အလားတူ မယ်ရာမိုစခန်းနှင့် ၁၅ကီလိုမီတာ ကွာ‌ဝေးသည့် မယ်လအူးဒုက္ခသည်စခန်းတွင်လည်း မှိုင်းလုံးကြီး‌ချောင်း‌ရေ‌ကြောင့် လူ‌နေအိမ် ၃၉လုံးလည်း နစ်မြှုပ်သွားခဲ့ပြီး စခန်းနှစ်ခုစလုံးတွင် စာသင်‌ကျောင်းများကို ပိတ်ထားရသည်ဟု သိရသည်။

KRC ဝန်ထမ်းတဦးက “ဒီစခန်းနှစ်ခုက နီးနီး‌လေးပဲ‌လေ။ မှိုင်းလုံးကြီး(မူယူ)‌ချောင်းကလည်း စခန်း ၂ခုကြားမှာရှိ‌တော့ မယ်လ အူးဘက်မှာလည်း ‌ချောင်း‌ရေတက်လာပြီး အိမ် ၃၉လုံး ‌ရေမြုပ်သွားတာ မယ်ရာမို‌လောက် အ‌ခြေအ‌နေ အရမ်းကြီး‌တော့ မဆိုး ဘူး‌ပေါ့။ ဒါ‌ပေမဲ့ ‌ကျောင်း‌တွေက‌တော့ စခန်း ၂ခုလုံး ပိတ်ထားရတယ်။”ဟု ‌ပြောသည်။

ဩဂုတ်လ ၃ရက်‌နေ့မှစ၍ မြင့်တက်လာသည့် အဆိုပါ‌ချောင်း‌ရေသည် မယ်ရာမိုစခန်းရှိ ရပ်ကွက်(၇)ရပ်ကွက်မှ လူ‌နေအိမ်များ နှင့် ရိက္ခာဆန်ဂို‌ဒေါင်များကို လွှမ်းမိုးသွားရာမှ ယ‌နေ့တွင် စခန်းရှိ ခရစ်ယာန် ဘုရားရှိခိုး‌ကျောင်း ၁လုံး ထပ်မံ ‌ရေနစ်မြုပ်သွားပြီး ‌ရေ‌ဘေးဒဏ်သင့် က‌လေးငယ်များ၏ ပညာ‌ရေးကို ထိခိုက်ကာ ကျန်းမာ‌ရေးအတွက်လည်း စိုးရိမ်ပူပန်ရ‌ကြောင်း KRC က ‌ပြော သည်။

(‌ရေနှစ်မြှုပ်‌နေသည့် မယ်ရာမိုစခန်းမှ လူ‌နေအိမ်တစ်လုံး Photo-Saw Per Nu)

ဒုက္ခသည်စခန်းနှစ်ခုကို ဖြတ်သန်း‌နေသည့် မှိုင်းလုံးကြီး‌ချောင်း ‌ရေကြီးမှု‌ကြောင့် လူအ‌သေအ‌ပျောက်မရှိ‌သော်လည်း အဆိုပါ ‌ရေ‌ဘေးဒုက္ခသည်များ၏ ‌နေထိုင်‌ရေးအတွက် ယခုအချိန်တွင် အမိုးအကာများ အ‌ရေး‌ပေါ် လိုအပ်လျှက်ရှိရာ ၎င်းတို့အား ထိုင်း-မြန်မာနိုင်ငံ နယ်စပ်တ‌လျှောက် ကူညီ‌စောင့်‌ရှောက်‌ရေးညွှန့်‌ပေါင်းအသင်း(TBBC) မှ တာလပတ် ၆၀ဝကို KRC ထံ လာ‌ရောက် ပို့‌ဆောင်ထားပြီးဖြစ်သည်ဟု ‌ကေအာရ်စီက ‌ပြောသည်။

သို့‌သော် ဒုက္ခသည်စခန်းသို့ သွား‌ရောက်ပို့‌ဆောင် ကူညီရန်အတွက် အခက်အခဲ ရှိ‌နေသည့်အတွက် ယ‌နေ့တွင် အစည်းအ‌ဝေး တခု ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

(ပျက်ဆီးသွား‌သောဆန်အိတ်များ)

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ခုတွင် ဒုက္ခသည်ဦး‌ရေ တစ်သိန်းခွဲရှိပြီး မဲ့စရင်းမြို့နှင့် ကီလိုမီတာ ၈၀‌ကျော် ကွာ‌ဝေး သည့် မယ်ရာမိုဒုက္ခသည်စခန်းမှာ ၁၉၉၅ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် စတင် ဖြစ်တည်လာခဲ့ပြီး လက်ရှိအချိန်တွင် လူဦး‌ရေ ၁၇,၀၀၀‌ကျော်ရှိသည်။

မယ်လအူးဒုက္ခသည်စခန်းသည် ၂၀၀၄ခုနှစ်တွင် မယ်‌ခေါင်းခါးဒုက္ခသည်စခန်းမှ ‌ပြောင်း‌ရွှေ့လာခဲ့ခြင်းဖြစ်ပြီး လူဦး‌ရေ ၁၆,၀၀ဝ ‌ကျော်ရှိ‌ကြောင်း (KRC) မှတ်တမ်းများအရ သိရသည်။