Home ထိပ်တန်းသတင်း နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၈၀‌ကျော် KNLA ထံ လာ‌ရောက် ပူး‌ပေါင်းခဲ့

နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ၈၀‌ကျော် KNLA ထံ လာ‌ရောက် ပူး‌ပေါင်းခဲ့

1582
ဩဂုတ်လ ၁ဝရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် စုစု‌ပေါင်း ၈၀‌ကျော်သည် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၁)နှင့် တပ်မဟာ(၇)နှစ်ခုသို့ ပြီးခဲ့ သည့် ရက်သတ္တပတ်က လာ‌ရောက်ပူး‌ပေါင်းခဲ့‌ကြောင်း ‌ကေအဲန်ယူဖက်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ လာ‌ရောက်ပူး‌ပေါင်းသည့် အဖွဲ့များအနက် ဩဂုတ်လ ၃ရက်‌နေ့က တပ်မဟာ(၇)နယ်‌မြေတွင် ဗိုလ်အဆင့်ရှိသူ အပါအဝင် နယ်ခြား ‌စောင့်တပ်ဖွဲ့ဝင် ၁ဝဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ‌ရောက်ရှိလာခြင်းဖြစ်‌ကြောင်း တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး‌စောအယ်ဆဲဆဲက ယခုလို အတည်ပြု‌ပြောဆိုခဲ့သည်။

“နယ်ခြား‌စောင့်တပ်ရင်း(၁၀၁၄)က ဗိုလ်‌စောတာ‌ဘော့ အပါအဝင် စစ်သည် ၁ဝဦးဟာ ပြီးခဲ့တဲ့ ၃ရက်‌နေ့က KNLA တပ်မဟာ(၇) ဌာနချုပ်မှာ လာပူး‌ပေါင်းတာ။ သူတို့နဲ့အတူ ၉ မီလီမီတာ ၁လက်၊ ကာဘိုင် ၂လက်၊ AR ၁လက်၊ HK ၁လက်၊ MA ၂လက်၊ AK ၁လက် ကျည်ဆံ ၁၀၇၅ ‌တောင့် ပါတယ်။”ဟု ‌ပြောသည်။

နယ်ခြား‌စောင့်တပ်ရင်း(၁၀၁၄)သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် အ‌ခြေစိုက်လှုပ်ရှား‌နေခြင်းဖြစ်ပြီး ၎င်းတို့သည် မိမိလူမျိုး အချင်းချင်း တိုက်ခိုက်‌နေရသည်ကို မလိုလား‌တော့ဘဲ KNLA တပ်ဖွဲ့အ‌နေဖြင့် တဖွဲ့တည်းသာ ဆက်လက် တိုက်ပွဲဝင်သွားလို၍ လာ‌ရောက် ပူး‌ပေါင်းကြ ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းအပြင် ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၁)နယ်‌မြေဖြစ်သည့် သထုံခရိုင်၊ ဖားအံမြို့နယ်တွင် အ‌ခြေစိုက် လှုပ်ရှား‌နေသည့် နယ်ခြား‌စောင့် တပ်ဖွဲ့ဝင် ၇၀‌ကျော်သည် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ပြီးခဲ့သည့်အပတ်က နှစ်သုတ်ခွဲကာ KNLA တပ်ရင်း(၁)တွင် လက်နက်ခဲယမ်းများ နှင့်အတူ သွား‌ရောက်ပူး‌ပေါင်းခဲ့သည်ဟုလည်း ‌ကေအဲန်ယူ ဗဟို၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

‌ကေအဲန်ယူ ဗဟို အမြဲတမ်း ‌ကော်မတီဝင် ပဒို‌စော‌သောသီဘွဲက “ကျ‌နော်တို့ တပ်မဟာ(၁)ဘက်မှာ‌တော့ နယ်ခြား‌စောင့်တပ်(BGF) ၇၀‌ကျော် လာ‌ရောက်ပူး‌ပေါင်းတယ်လို့ ဩဂုတ်လ ၅ရက်‌နေ့မှာ သထုံခရိုင်က‌နေ သတင်းပို့လာတယ်။ ပထမတစ်သုတ်မှာ BGF ၄၂ဦးက မိသားစု‌တွေနဲ့အ တူ ‌ရောက်လာတယ်။ ‌နောက်တ‌ခေါက်မှာ‌တော့ အ‌ယောက် ၃ဝ ထပ်များလာတယ်လို့ သတင်းရတယ်။ ဒါ‌ပေမဲ့ ဘယ်တပ်ကလည်းဆိုတာနဲ့ ‌နေ့ ရက်အတိအကျကို မသိရ‌သေးဘူး။”ဟု ဆိုသည်။

ထိုသို့ လာ‌ရောက်ပူး‌ပေါင်းသည့် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူး‌စောဘိ ဦးစီးသည့်အဖွဲ့မှဖြစ်သည်ဟု ယူဆရပြီး ၎င်းနှင့်အတူ ထွက်ခွာ လာခဲ့သည့် မိသားစုဝင် ၁၈၆ဦးမှာလည်း ယခုအချိန်တွင် သံလွင်မြစ် အ‌နောက်ဘက်ခြမ်းတွင် ယာယီ ‌နေထိုင်လျှက်ရှိသည်ဟု သိရှိရသည်။