Home ထိပ်တန်းသတင်း ‌တွေ့ဆုံ‌ဆွေး‌နွေး ‌ဖြေရှင်း‌ရေး လက်ခံ‌ကြောင်း ‌ဒေါ်စုထံ UNFC စာပြန်ကြား

‌တွေ့ဆုံ‌ဆွေး‌နွေး ‌ဖြေရှင်း‌ရေး လက်ခံ‌ကြောင်း ‌ဒေါ်စုထံ UNFC စာပြန်ကြား

1931
ဩဂုတ်လ ၆ ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တိုင်းရင်းသား‌ဒေသများတွင် အပစ်ခတ်ရပ်စဲ‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး အတွက် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အိတ်ဖွင့်‌ပေးစာ ပါ အဆိုပြုချက်ကို လက်ခံသ‌ဘောတူ‌ကြောင်း ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)မှ ယမန်‌နေ့ က ပြန်ကြားစာ ထုတ်ပြန်ခဲ့သည်။

UNFC အဖွဲ့ဝင် ၄ဖွဲ့အ‌နေဖြင့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အိတ်ဖွင့်‌ပေးစာကို သီးသန့် ပြန်ကြားခြင်းမပြုဘဲ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ အားလုံးနီးပါး ပါဝင်‌နေသည့် UNFC အဖွဲ့အားလုံးကိုယ်စား သ‌ဘောထား ပြန်ကြားခြင်းဖြစ်ပြီး ‌ဒေါ်‌အောင်ဆန်းစု ကြည်၏ အဆိုပြုချက်အတိုင်း လက်နက်ကိုင်တပ်ဖွဲ့များအ‌နေဖြင့်လည်း နိုင်ငံ‌ရေးပြဿနာများကို နိုင်ငံ‌ရေးနည်းဖြင့်သာ ‌ဖြေ ရှင်းရန် လိုလား‌ထောက်ခံသည်ဟု UNFC က ‌ပြောဆိုသည်။

UNFC အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံသာက “လက်ရှိ အာဏာရ အစိုးရအ‌နေနဲ့ တိုင်းရင်းသား လက်နက်ကိုင်‌တွေအ‌ပေါ် နားလည်မှုရှိပြီး အပစ်အခတ် ရပ်စဲ‌ရေးကို ဗမာတပြည်လုံး အတိုင်းအတာနဲ့ ‌ကြေညာ‌ပေးဖို့ လိုတယ်။ ပြီး‌တော့ စစ်မှန်တဲ့ ငြိမ်း ချမ်း‌ရေးရရှိဖို့ အစိုးရ၊ ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ရဲ့ ဒီမိုက‌ရေစီအင်အားစု‌တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု‌တွေ သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုမျိုး ပြုလုပ်ဖို့ကို လိုလားပါတယ်။”ဟု ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံသည် သမိုင်းအရ နယ်ချဲ့လက်‌အောက် ကိုလိုနီကျွန်ဘဝမှ လွတ်‌မြောက်ရန် ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးများက စု‌ပေါင်းတိုက်ပွဲဝင်ခဲ့သဖြင့် လွတ်လပ်ပြီး တိုင်းရင်းသားလူမျိုးစုအားလုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်ဟု ပြန်ကြား စာတွင် ‌ဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးများသည် လူမျိုး‌ရေးဆိုင်ရာ အခွင့်အ‌ရေးများ အပြည့်အဝရရှိပြီး ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေး ဆန္ဒများကို ‌တောင်းဆိုခဲ့‌သော်လည်း စစ်အစိုးရအ‌နေဖြင့် ငြင်း ပယ်ရုံမက လက်နက်အင်အားဖြင့် အ‌ရေးယူ‌ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်‌နေရခြင်းဖြစ်‌ကြောင်း နိုင်ဟံသာက ဆက်လက် ‌ပြောဆိုသည်။

သူက “အစိုးရက ကျင်းပတဲ့ အမျိုးသားညီလာခံ‌တွေမှာလည်း ပစ်ခတ်ရပ်စဲ‌ရေးအဖွဲ့‌တွေ၊ ပြည်သူ့စစ်အဖွဲ့‌တွေ တက်‌ရောက် ကြတယ်။ အဲ့ဒီမှာ ကျ‌နော်တို့‌တွေလည်း အမျိုးသားတန်းတူ‌ရေးအတွက် အကြိမ်ကြိမ် ‌တောင်းခံခဲ့တယ်။ ဒါ‌ပေမဲ့ အစိုးရက လက်မခံခဲ့ဘူး။ ‌နောက်ပြီး အ‌ရေးယူမှု‌တွေလည်း လုပ်လာတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ တိုင်းရင်းသားအဖွဲ့‌တွေ လက်နက်ကိုင် တိုက်ပွဲဝင်‌နေကြတာပါ။”ဟု ‌ပြောသည်။

ဇူလိုင်လ ၂၈ရက်က ‌ဒေါ်‌အောင်ဆန်းစုကြည်မှ အစိုးရသစ်၊ KNU, KIA, SSA, NMSP တို့ထံ အိတ်ဖွင့်‌ပေးစာ ‌ပေးပို့ခဲ့ရာတွင် နိုင်ငံ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် သူမအ‌နေဖြင့် ကိုယ်စွမ်းရှိသမျှ ပံ့ပိုး ပါဝင် ကြိုးပမ်း‌ပေးရန် အသင့်ရှိ‌ကြောင်း ‌ရေးသား ထားသည်။

ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)ကို ၂၀၁၁ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁၂-၁၆ရက်‌နေ့တွင် ကျင်းပ ‌သော တိုင်းရင်းသားလူမျိုးများ ညီလာခံတွင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်း၊ ပ‌လောင်၊ ရခိုင်၊ လားဟူး၊ ဝ စသည့်တိုင်းရင်းသားအဖွဲ့အစည်းများ စု‌ပေါင်းပြီး ဖွဲ့စည်းခဲ့သည်။