Home ထိပ်တန်းသတင်း ရလလဖ ဥက္ကဌ‌ဟောင်း ‌စောတာခဲလယ်၏ ဈာပန ‌တောင်ကြီးတွင် ပြုလုပ်မည်

ရလလဖ ဥက္ကဌ‌ဟောင်း ‌စောတာခဲလယ်၏ ဈာပန ‌တောင်ကြီးတွင် ပြုလုပ်မည်

3847
ဩဂုတ်လ ၅ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ဩဂုတ်လ ၁ရက်‌နေ့တွင် လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် ရှမ်းပြည်လူမျိုး‌ပေါင်းစုံ ပြည်သူ့လွတ်‌မြောက်‌ရေးအဖွဲ့ (ရလလဖ) စစ်‌ကော်မရှင် ဥက္ကဌ‌ဟောင်း ဦး‌စောတာခဲလယ် (ခ) တာကာလယ်၏ ဈာပနကို မနက်ဖြန်(ဩဂုတ်လ ၆ရက်‌နေ့)တွင် ရှမ်းပြည်နယ်၊ ‌တောင်ကြီးမြို့၊ ရတနာသီရိရပ်၊ ပုလဲလမ်းရှိ ၎င်း၏‌နေအိမ်၌ ပြုလုပ်သွားမည်ဟု သိရသည်။

‌တောင်ကြီးမြို့ခံလူငယ်တစ်ဦးက “ဦး‌စောတာခဲလယ် ရလလဖ ‌ခေါင်း‌ဆောင်‌လေ။ လူကြီး‌ရောဂါနဲ့ ၁ရက်‌နေ့က ဆုံးသွားတယ်။ အဲဒါ သူ့ကို မနက်ဖြန် အသုဘချ‌ပေးမယ်လို့ ကျ‌နော်တို့ ဖိတ်စာရတယ်။ အဖွဲ့အစည်းကလူ‌တွေ‌တော့ အ‌တော်များများ လာ မယ်လို့ ထင်တာပဲ။”ဟု ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၅နှစ်ရှိပြီဖြစ်သည့် ဦး‌စောတာခဲလယ်၏ ဈာပနကို တရား‌တော်နာယူပြီး ကရင်နှစ်ခြင်း ခရစ်ယာန် သုဿန်သို့ပို့‌ဆောင်ကာ ဂူသွင်းသဂြိင်္ုလ်သွားမည်ဖြစ်သည်။

‌စောတာခဲလယ်သည် ၁၉၄၉-၁၉၅၈ခုနှစ်က ပအိုဝ်း‌တော်လှန်‌ရေး(ပ.အ.လ.ဖ) ဌာနခွဲမှူး (မီးဌာန)၊ ၁၉၆၆ခုနှစ်တွင် ဒုတိယ (ပ.အ.လ.ဖ)‌တော်လှန်‌ရေးအစ ဒုတိယ‌ခေါင်း‌ဆောင်၊ ၁၉၈၀-၁၉၉၄ခုနှစ်အတွင်း လူမျိုး‌ပေါင်းစုံ ပြည်သူ့ဒီမိုက‌ရေစီတပ်‌ပေါင်းစု ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့သလို ၁၉၇၂-၂၀၀၈ခုနှစ်အထိ ရှမ်းပြည်လူမျိုး‌ပေါင်းစုံ ပြည်သူ့လွတ်‌မြောက်‌ရေးအဖွဲ့(ရ.လ.လ. ဖ)၏ ဗဟို‌ကော်မတီဝင်တဦးလည်းဖြစ်သည်ဟု ၎င်း၏ ဈာပနဖိတ်စာတွင် ထည့်သွင်း‌ရေးသားထားသည်။

ဩဂုတ်လ ၇ရက်‌နေ့(တနဂင်္‌နွေ‌နေ့)တွင် ‌စောတာခဲလယ် (ခ) တာကာလယ်အား ရည်စူး၍ ကျန်ရစ်သူ ဇနီးသည် ‌ဒေါ်နန်း ‌အောင်နှင့် သားသမီးများက သံဃာ‌တော်များအား လှူဖွယ်ပစ္စည်းများ ကပ်လှူပြီး ဆွမ်းသွတ်တရား‌တော်မြတ် နာယူသွားမည် ဟု သိရသည်။

၂၀၀၇ခုနှစ်က ဗိုလ်ချုပ်ခွန်ထီ‌ဆောင်နှင့် ဗိုလ်မှူးခွန်သူရိန်တို့ ဦး‌ဆောင်သည့် ရလလဖ အဖွဲ့ဝင် ၁၀၀‌ကျော်သည် ‌တော်လှန် ‌ရေးနယ်‌မြေဘက်သို့ ပြန်လည် ‌တောခိုခဲ့သည်။