Home သတင်း ၄ကြိမ်‌မြောက် ကရင်မျိုးဆက်သစ်‌ကျောင်း သင်တန်းဆင်းပွဲ ကျင်းပပြီးစီး

၄ကြိမ်‌မြောက် ကရင်မျိုးဆက်သစ်‌ကျောင်း သင်တန်းဆင်းပွဲ ကျင်းပပြီးစီး

2044
ဒီဇင်ဘာလ ၁၆ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး-KNU က ကြီးမှူးဖွင့်လှစ်ခဲ့သည့် ၄ကြိမ်‌မြောက် ကရင်မျိုးဆက်သစ်သင်တန်း‌ကျောင်းဆင်းပွဲ အခမ်းအနားကို ‌ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်‌မြေတွင် (ဒီဇင်ဘာလ ၁၅ ရက်‌နေ့)ယမန်‌နေ့က ကျင်းပပြီးစီးခဲ့သည်။

၎င်း‌ကျောင်းဆင်းပွဲ အခမ်းအနားသို့ ‌ကေအဲန်ယူ ဗဟို ‌ခေါင်း‌ဆောင်များ၊ ကရင်လူငယ်အစည်းအရုံး-KYO, ကရင်အမျိုးသမီး အစည်းအရုံး-KWO, ‌ကေအဲန်ယူ တပ်မဟာ(၇)မှ ‌ခေါင်း‌ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ‌ကျောင်းသူ‌ကျောင်းသားများ အပါအဝင် လူဦး‌ရေ ၁၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

အခက်အခဲများကြားမှ မျိုးဆက်သစ်‌ကျောင်းကို ‌အောင်မြင်စွာ သင်ကြားပို့ချ‌ပေးနိုင်ခဲ့သလို ‌ကျောင်းသားလူငယ်များကလည်း ကြိုးစားသင်ယူမှုများရှိ‌ကြောင်း မျိုးဆက်သစ်‌ကျောင်းအုပ်ကြီး ပဒို‌စောသမိန်ထွန်းမှ ယခုလို ‌ပြောပြသည်။

“‌ကျောင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ‌တော့ ဘာအခက်အခဲမှ မရှိပါဘူး။ သင်တန်းအတွက် ကုန်ကျတဲ့‌ငွေ‌ကြေးရယ်၊ သွား‌ရေးလာ ‌ရေး၊ ဆက်သွယ်‌ရေး အခက်အခဲ‌တွေ ရှိတယ်။ ‌ကျောင်းသူ‌ကျောင်းသား‌တွေထဲက ဖျားနာပြီဆိုရင်လည်း ‌ဆေးဝါးပြည့်စုံမှု မရှိ တာနဲ့ ကြုံရတယ်။ ဘာပဲ‌ပြော‌ပြော ဒီလိုအခက်အခဲ အမျိုးမျိုးထဲက‌နေ က‌လေး‌တွေကို ပညာသင်ကြား‌ပေးနိုင်ခဲ့တဲ့အတွက် ဝမ်း သာပါတယ်။”ဟု ‌ပြောသည်။

မျိုးဆက်သစ်‌ကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အရည်အချင်းရှိ‌သော ကရင်မျိုးချစ်‌ခေါင်း‌ဆောင်‌ကောင်းများ ‌ပေါ် ထွက်လာပြီး အုပ်ချုပ်‌ရေး၊ စီမံခန့်ခွဲ‌ရေးနှင့် နိုင်ငံ‌ရေး အသိပညာများ တိုးပွားလာ‌စေလိုခြင်းဖြစ်သည်ဟု ကရင်မျိုးဆက်သစ် သင်တန်း‌ကျောင်း လက်‌ထောက်‌ကျောင်းအုပ် ‌နော်ဧပရယ်‌ဖောက ‌ပြောသည်။

အဆိုပါ‌ကျောင်းတွင် KNU ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် လမ်းစဉ်လုပ်ငန်းများ၊ ကရင့်‌တော်လှန်‌ရေးနှင့် ကရင့်သမိုင်း၊ ဖက်ဒရယ် စနစ်တည်‌ဆောက်ပုံ၊ ဌာနဆိုင်ရာ လုပ်ငန်းလည်ပတ်ပုံ၊ ရုံးစီမံခန့်ခွဲ‌ရေး၊ နိုင်ငံ‌ရေးဘာသာရပ်များနှင့် သတင်းနား‌ထောင်ခြင်း၏ အကျိုးရလဒ်များအပြင် အ‌ခြေခံစစ်‌ရေး အ‌တွေ့အကြုံများကိုပါ အဓိကထား သင်ကြား‌ပေးခဲ့ပြီး သင်ခန်းစာများအ‌ပေါ် ‌ဆွေး‌နွေး ဖလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။

ယခု စာသင်နှစ်၏ ထူးခြားချက်မှာ ယခင်နှစ်များကဲ့သို့ ၆လ၊ ၁ဝလတာ ကာလမျိုးမဟုတ်ဘဲ တနှစ်ခွဲ(၁၈လ) ကြာမြင့်ကာ တက်‌ရောက်သင်ယူသည့် ‌ကျောင်းသူ‌ကျောင်းသား ၂၆ဦးနှင့် ‌လေ့လာသူ ၅ဦးရှိသည်။

သင်တန်းဆင်း‌ကျောင်းသူ ‌နော်‌ဒေးဝါးထူးက “ကရင်လူငယ်တ‌ယောက်အ‌နေနဲ့ လူမျိုးအတွက် အကျိုးပြုလုပ်ငန်း‌တွေကို လုပ် ‌ဆောင်ချင်တယ်။ ‌နောက်ပြီး နိုင်ငံ‌ရေးအသိပညာ‌တွေကို သင်ကြားချင်တဲ့အတွက် ဒီ‌ကျောင်းကို တက်‌ရောက်ခဲ့တာပါ။ ‌ရှေ့ ဆက်ပြီး‌တော့လည်း ကျမတတ်နိုင်တဲ့ဘက်က‌နေ ကူညီသွားပြီး အရည်အချင်းရှိတဲ့ ‌ခေါင်း‌ဆောင်‌ကောင်းတ‌ယောက် ဖြစ် ‌အောင် ကြိုးစားသွားမယ်”ဟု ဆိုသည်။

“‌ကျောင်းမှာသင်ကြားရတဲ့ ပညာရပ်‌တွေက မပြည့်စုံ‌သေးပါဘူး။ ဒါ‌ကြောင့် မျိုးဆက်သစ်လူငယ်များအ‌နေနဲ့ အသိပညာ၊ အတတ်ပညာ‌တွေသာမကပဲ ဗဟုသုတများကို ရှာ‌ဖွေကြပါ။ နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် လူငယ်‌တွေရဲ့ လက်ထဲမှာပဲ ရှိတာမို့ လူငယ်‌တွေအ‌နေနဲ့ ဖက်ဒရယ်ပြည် အမြန်ဆုံးရရှိ‌အောင် ဝိုင်းဝန်းကြိုးစားကြ‌စေချင်ပါတယ်။”ဟု ‌နော်ဧပ ရယ်‌ဖောက အား‌ပေး‌ပြောဆိုသည်။

‌ကေအဲန်ယူအ‌နေဖြင့် ၂၀၀၂ခုနှစ်၊ ၂၀၀၃ခုနှစ်၊ ၂၀၀၆ခုနှစ်တို့တွင် မျိုးဆက်သစ်သင်တန်း‌ကျောင်းကို သုံးကြိမ် ဖွင့်လှစ်ခဲ့ပြီး ယခုတကြိမ်တွင် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်မှ ‌ကျောင်းဖြစ်‌မြောက်‌ရေးနာယကအဖြစ်လည်း‌ကောင်း၊ စည်း ရုံး‌ရေးဌာန တာဝန်ခံ ဗိုလ်မှူး‌စောလှ‌ငွေက ‌ကျောင်းဖြစ်‌မြောက်‌ရေး ဥက္ကဌအဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။