Home ထိပ်တန်းသတင်း ၁လနီးပါးအရွယ် က‌လေးငယ်၏ မိခင်ကို မြန်မာစစ်တပ် ဓားဖြင့် ထိုးသတ်

၁လနီးပါးအရွယ် က‌လေးငယ်၏ မိခင်ကို မြန်မာစစ်တပ် ဓားဖြင့် ထိုးသတ်

2498
ဒီဇင်ဘာလ ၁၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

တိုက်ပွဲများဖြစ်ပွားရာ‌ဒေသ ကချင်ပြည်နယ် မန်စီမြို့နယ် ခါ့ပရာ‌ကျေးရွာမှ ‌မွေးကင်းစ သုံးပတ်သား အရွယ် က‌လေးငယ်တစ်ဦး ၏ မိခင်ဖြစ်သူ အသက် ၃၄နှစ်အရွယ်ကချင်အမျိုးသမီး ‌ဒေါ်ဆွမ်ခါရွယ်‌တောင် ကို မြန်မာစစ်တပ်က ဓါး(ဘက်နက်)ဖြင့် ထိုး သတ်ခဲ့သည်။

ယခုလ ၆ရက်‌နေ့ ည‌နေ ၅နာရီ‌ကျော်အချိန်၌ ‌ဒေါ်ဆွမ်ခါရွယ်‌တောင်တို့မိသားစု ထွက်‌ပြေးတိမ်း‌ရှောင် ခိုလှုံရာ ‌တောတွင်း တ‌နေရာတွင် ‌နေထိုင်စဉ် မြန်မာစစ်တပ်က ‌ရောက်ရှိလာကာ သူမအား ဓါးဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု သူမ၏ ခင်ပွန်း သည်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ‌နေတဲ့‌နေရာကို သူတို့(မြန်မာစစ်တပ်)က ‌ရောက်လာပြီး က‌လေးကို နို့တိုက်‌နေတဲ့ ကျ‌နော့်ဇနီးရဲ့ ဘယ်ဘက်ရင်အုံ ကို ဓါးနဲ့ ထိုးလိုက်တယ်။ ကျ‌နော်တို့ ကစဉ့်ကလျားဖြစ်ပြီး ဘာလုပ်ရမှန်းမသိဘဲ ‌ကြောက်‌ကြောက်လန့်လန့်နဲ့ ထွက်‌ပြေးကြ တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း၏ ဇနီးကို ထိုးသတ်သည့် တပ်ရင်းမှာ မည်သည့်တပ်ရင်းဖြစ်‌ကြောင်း မသိ‌သော်လည်း တပ်ဗိုလ်နှစ်ဦးက တပည့်ကို ‌စေခိုင်းခြင်းဖြစ်‌ကြောင်း၊ ‌နောက်တ‌နေ့ မနက်တွင် အခင်းဖြစ်ပွားသည့်‌နေရာသို့ ပြန်သွား‌သောအခါ က‌လေးကို အသက်ရှင် လျှက် ပြန်‌တွေ့ရ‌သေး‌သော်လည်း မိခင်ဖြစ်သူမှာ ‌သေဆုံး‌နေသည်ကိုသာ ‌တွေ့ရ‌ကြောင်း သူက ဆက်‌ပြောသည်။

အဆိုပါ‌ဒေသတွင် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA ၏ တပ်ရင်း(၂၇)နှင့် (၁၂)‌နေရာဖြစ်ပြီး မြန်မာစစ်တပ် တပ်မ(၉၉) လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း-ခလရ(၁၄)နှင့် ‌ခြေမြန်တပ်ရင်း-ခမရ(၄၁၈)တို့ လှုပ်ရှားလျှက်ရှိသည်ဟု ကချင်လွတ်‌မြောက် ‌ရေးတပ်မ‌တော်-KIA က ‌ပြောသည်။

တရက်တည်းပင် မြန်မာစစ်တပ်သည် ရွာသားများ ၂၀‌ကျော် ခို‌အောင်းရာ ထို‌နေရာ၌ အသက် ၂၅နှစ်အရွယ် ‌ဒေါ်‌တောင်ရာဆို သူ အိမ်‌ထောင်သည် အမျိုးသမီးတဦးကိုလည်း ဖမ်းဆီး‌ခေါ်‌ဆောင်သွားပြီး ‌နောက်တ‌နေ့တွင် အမျိုးသမီး၏ အဝတ်အထည် များကိုသာ ‌တောတွင်းတ‌နေရာ၌ ‌တွေ့ရပြီး ကာယကံရှင်မှာ ယခုအချိန်ထိ ‌ပျောက်ဆုံး‌နေသည်ဟု KIA ၏ ‌ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ‌ပြောသည်။

၎င်းက “အဲဒီမှာရှိတဲ့ ‌ဒေသခံ‌တွေရဲ့ ‌ပြောပြချက်အရဆိုရင် အဲဒီအမျိုးသမီးကို မုဒိမ်းကျင့်သတ်လိုက်ပြီးလို့ ကျ‌နော်တို့က‌တော့ ယူဆတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ရွာသား‌တွေက ပြန်လိုက်ရှာ‌တော့ လူမ‌တွေ့‌တော့ဘဲ သူ့ရဲ့ ထဘီနဲ့ အကင်္ျီ‌တွေပဲ ‌တောထဲ မှာ ဖြန့်ကျဲထားတာကို ‌တွေ့ရတယ်။”ဟု ‌ပြောဆိုသည်။

၎င်းဖြစ်စဉ်များမှာ တစ်ရက်တည်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓါးထိုးသတ်ခံရသည့် ‌ဒေါ်ဆွမ်ခါရွယ်‌တောင် ‌သေဆုံးခဲ့ပြီး‌နောက်ပိုင်း ကျန်ရစ်သူ ခင်ပွန်းသည်နှင့် သားသမီး ၄ဦးမှာ မိုင်ဂျာယန်ဒုက္ခသည်စခန်းသို့ ယမန်‌နေ့က ‌ရောက်ရှိလာခဲ့သည်။

မြန်မာစစ်တပ်နှင့် KIA အကြား တိုက်ပွဲများ စတင်ပြန်လည်ဖြစ်ပွားသည့် ဇွန်လအတွင်း မြန်မာစစ်တပ်ဘက်က ကချင်အမျိုး သမီး ၁၈ဦးကို အဓမ္မပြုကျင့်ကာ ထိုအထဲမှ ၄ဦးကို ပစ်သတ်ခဲ့သည်ဟု ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)က ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။