Home သတင်း တပ်အ‌ပြောင်းလဲ လုပ်‌ဆောင်သည့် အစိုးရတပ် မိုင်းထိ

တပ်အ‌ပြောင်းလဲ လုပ်‌ဆောင်သည့် အစိုးရတပ် မိုင်းထိ

1685
ဒီဇင်ဘာလ ၁၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ဝေါ်‌လေ‌ဒေသတွင် ယခုရက်ပိုင်းအတွင်း တပ်အ‌ပြောင်းအလဲများ လုပ်‌ဆောင်‌နေသည့် အစိုးရ စစ်တပ်သည် ‌မြေမြှုပ်မိုင်း ထိမှန်ကာ ၃ဦး ‌သေဆုံးခဲ့သည်ဟု နယ်စပ်ရှိ စစ်ဖက်‌ရေးရာသတင်းများအရ သိရသည်။

တပ်အ‌ပြောင်းအလဲ ပြုလုပ်‌နေသည့် အင်အား ၁၀၀‌ကျော်ရှိ အ‌ရှေ့‌တောင်တိုင်းစစ်ဋ္ဌာနချုပ်-ရတခ လက်‌အောက်ခံ ခမရ(၃၁၀) တပ်ရင်းအတွက် ကားလမ်း‌ဘေးတစ်‌နေရာ၌ လုံခြုံ‌ရေးယူ‌ပေးသည့် ခမရ(၃၇၂) လှုပ်ရှားတပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် KNLA ‌ထောင်ထား‌သော မိုင်း ၂လုံးကို ယမန်‌နေ့နှင့် ယ‌နေ့တွင် နင်းမိခဲ့ခြင်းဖြစ်သည်။

KNLA တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူးကြည်‌အောင်က “မ‌နေ့က ည‌နေ ၃နာရီ‌လောက်မှာ တပ်သား ၂‌ယောက်၊ ဒီမနက် ၈နာရီမှာ တပ်ကြပ်ကြီး ၁‌ယောက် ‌သေတယ်။ ‌ဖောမူ့‌ဘောထာ့ ကားလမ်း‌ဘေးနား တစ်‌နေရာတည်းမှာပဲ ထိတယ်။”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသသည် နိုဝင်ဘာလဆန်းပိုင်းက အစိုးရနှင့် ယာယီ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်‌ရေးထိုးထား သည့် ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောအဖွဲ့ အ‌ခြေချလှုပ်ရှားရာ နယ်‌မြေလည်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ‌ဝေါ်‌လေ‌ဒေသ ဖလူးကြီး၊ ဖလူး‌လေး‌ကျေးရွာဘက်တွင် အစိုးရစစ်တပ်များ တပ်အင်အားအလုံးအရင်း ဖြင့် တိုးချဲ့လာ‌ကြောင်း ရွာခံများ၏ ‌ပြောပြချက်အရ သိရသည်။

အမည်မ‌ဖော်လိုသူ ‌ဝေါ်‌လေရွာသားတစ်ဦးက “ဖလူးဘက်မှာ စစ်ကား‌တွေ အများကြီးတက်လာတယ်။ ရိက္ခာ‌တွေ အပြည့်ပဲ။ တ‌ခေါက်သွားရင် အစီး ၂၀‌လောက်ရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို တပ်အ‌ပြောင်းအလဲများ လုပ်‌ဆောင်‌နေသည့် စစ်တပ်သည် ယခင်ကားလမ်း‌ဟောင်းဖြစ်သည့် ‌ဝေါ်‌လေမှ ကနဲ‌လေး၊ စုကလိ၊ ကျိုက်ဒုံမြို့သစ်အထိ ‌ဖောက်လုပ်ထားသည့် ကားလမ်း‌ဟောင်းကို ပြန်လည် ‌ဖောက်လုပ်ရန် အစီအစဉ်ရှိသည်ဟု နယ် စပ်ရှိ စစ်ဖက်‌ရေးရာ သတင်းရပ်ကွက်က ‌ပြောဆိုသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင်လည်း အစိုးရစစ်တပ်များ တပ်အင်အား တိုးချဲ့လုပ်‌ဆောင်လျှက်ရှိပြီး ယခု အချိန်တွင် ကြာအင်းဆိပ်ကြီးမြို့အထိ ‌ရောက်ရှိ‌နေပြီဟု KNLA တပ်ရင်း(၁၆)က ‌ပြောသည်။

မြဝတီမြို့‌တောင်ဘက် ၈၅ကီလိုအကွာရှိ ‌ဝေါ်‌လေ‌ဒေသတွင် အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၁၂)၊ (၅)၊ ရတခ လက်‌အောက်ခံ တပ်ရင်းများ၊ KNLA (၂၀၁)၊ ၁၀၃တပ်ရင်းနှင့် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောတပ်ဖွဲ့တို့ လှုပ်ရှားလျှက်ရှိသည်။