Home သတင်း ထားဝယ်- ကန်ချနဘူရီ ကားလမ်း ဆက်လက်‌ဖောက်ခွင့်ပြုရန် KNU သ‌ဘောထားရှိ

ထားဝယ်- ကန်ချနဘူရီ ကားလမ်း ဆက်လက်‌ဖောက်ခွင့်ပြုရန် KNU သ‌ဘောထားရှိ

1978
ဇန်နဝါရီလ ၃ရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

အီတာလျံ-ထိုင်းကုမ္ပဏီမှ တာဝန်ယူ‌ဖောက်လုပ်သည့် ထားဝယ်-ကန်ချနဘူရီကားလမ်း ဆက်လက်‌ဖောက်လုပ်‌ရေးကို ကရင် အမျိုးသားအစည်းအရုံး (KNU)မှ ခွင့်ပြု‌ပေးရန် သ‌ဘောထားရှိသည်ဟု သိရသည်။

ယခင်နှစ် ဒီဇင်ဘာလ ၂၉ရက်‌နေ့က အီတာလျံထိုင်းမှ တာဝန်ရှိသူများ၊ တတ်သိပညာရှင်များနှင့် KNU မှ တာဝန်ရှိသူတို့နှင့် ‌တွေ့ဆုံခဲ့ရာတွင် စီမံကိန်းမှ ပြုလုပ်မမည့် စစ်တမ်း‌ကောက်ယူချက်အ‌ပေါ် မူတည်၍ ၎င်းလမ်း‌ဖောက်လုပ်မှုအား ခွင့်ပြုရန် စဉ်း စားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ပြောသည်။

‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်းက “‌လော‌လောဆယ် လုံးဝ ခွင့်ပြုတာက‌တော့ မရှိ‌သေးဘူး။ စဉ်းစား ‌ပေးတဲ့အဆင့်ပဲ ရှိ‌သေးတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ထွက်‌ပေါ်လာမယ့် တင်ပြချက်စစ်တမ်း(Survey)က ကိုက်ညီမှုရှိရင်‌တော့ ခွင့်ပြုရမှာ‌ပေါ့။”ဟု ‌ပြောသည်။

အဆိုပါ စစ်တမ်း‌ကောက်ယူချက်ထဲတွင် စီမံကိန်း‌ကြောင့် ဖြစ်‌ပေါ်လာမည့်ဆိုးကျိုးများ၊ ‌ဒေသခံပြည်သူများ၏ အသက်‌မွေးဝမ်း ‌ကျောင်း ထိခိုက်နစ်နာမှုများကို ‌ဒေသခံပြည်သူများ ‌ကျေနပ်သည်အထိ အီတာလျံ-ထိုင်းကုမ္ပဏီများအ‌နေဖြင့် တာဝန်ယူ‌ဖြေ ရှင်း‌ပေးရန် KNU မှ ချမှတ်ထားသည့် ‌ပေါ်လစီလမ်းစဉ်အတိုင်း ကိုက်ညီမှုရှိရမည်ဟု ဆိုသည်။

၎င်း‌တွေ့ဆုံမှုတွင် KNU က အီတာလျံ-ထိုင်း ကုမ္ပဏီမှ တာဝန်ရှိသူနှင့် တတ်သိပညာရှင်များအား ထားဝယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်းမှ ဖြစ်‌ပေါ်လာမည့် ဆိုးကျိုးများကို စစ်တမ်း‌ကောက်ယူပြီး တင်ပြ‌ပေးရန် ‌တောင်းဆိုခဲ့သလို အီတာလျံ-ထိုင်းဘက်မှ လည်း KNU ဘက်က လုံခြုံ‌ရေးနှင့်ပတ်သက်ပြီး တာဝန်ယူ‌ပေးရန်စသည်ဖြင့် ‌တောင်းဆိုလျှက်ရှိသည်ဟု သိရသည်။

KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်ကလည်း “ဒီကိစ္စနဲ့ပတ်သက်ပြီး‌တော့ ကျမတို့ KNU အ‌နေနဲ့ ‌ကော်မတီ တစ်ရပ် ဖွဲ့စည်းထားပါတယ်။ ခွင့်ပြုမပြုဆိုတာက Survey အ‌ပေါ်မှာ မူတည်ပါတယ်။ ကျမတို့ ဖွဲ့စည်းထားတဲ့ ‌ကော်မတီက လည်း သင့်လား မသင့်လားဆိုတာကို ကြည့်ရအုံးမယ်။”ဟု ‌ပြောသည်။

ထားဝယ် ‌ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ‌ဒေသခံ ပြည်သူများအ‌ပေါ် အန္တရာယ်ရှိလာသည့် အ‌ကြောင်းပြချက်ဖြင့် ယမန်နှစ် စက်တင်ဘာလက KNU မှ ထားဝယ်-ကန်ချနဘူရီ ကားလမ်း‌ဖောက်လုပ်မှုကို တားမြစ်လိုက်သည်။ သို့‌သော် ရိက္ခာပစ္စည်းများ သယ်‌ဆောင်သည့် ယာဉ်များကိုမူ သွားလာခွင့် ‌ပေးထား‌နေဆဲဖြစ်သည်။

ယခင်က ကန်ချနဘူရီ-ထားဝယ် ကားလမ်းမကြီး‌ဖောက်လုပ်မှုတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက KNU ထံ အသိမ‌ပေးဘဲ ‌ဖောက်လုပ်မှု‌ကြောင့် KNU တပ်မဟာ (၄) တပ်ဖွဲ့ဝင်များ၏ ‌နှောက်ယှက်မှုကို ခံခဲ့ရပြီး‌နောက်ပိုင်း KNU အား ချဉ်းကပ်မှုများ လုပ်‌ဆောင်လာခြင်း ဖြစ်သည်။

၎င်းစီမံကိန်းမှာ ကြီးမားသည့်အပြင် စစ်‌ရေးပဋိပက္ခ အဆုံးမသတ်‌သေးချိန်တွင် မလုပ်‌ဆောင်သင့်‌သေး‌ကြောင်း Karen Environmental and Social Action Network – KESAN တာဝန်ခံ ‌စော‌ပေါစိန်ထွားက သူ၏အမြင်ကို ယခုလို ‌ပြောသည်။

“KNU ဘက်က‌တော့ ဒီ‌လောက်ကြီးမားတဲ့ စီမံကိန်းကြီးအတွက် နိုင်ငံ‌ရေးဘက်မှာ ဖိအား‌ပေး‌တွေ အများကြီးခံရတယ်။ ပြည် သူ‌တွေအတွက် ကြည့်မယ်ဆိုရင် ဒီအချိန်မှာ မလုပ်သင့်‌သေးဘူးလို့ပဲ မြင်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ‌တွေ မပြီးဆုံး‌သေး တဲ့အချိန်မှာ အခုလို ကြီးမားတဲ့ စီမံကိန်း‌တွေ မလုပ်သင့်‌သေးဘူး။”ဟု ဆိုသည်။

ထားဝယ်‌ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် စစ်တမ်း‌ကောက်ယူသည့် အစိုးရမဟုတ်‌သော အဖွဲ့အစည်းများ(NGOs)၏ ထုတ်ပြန် ချက်အရ ထိုစီမံကိန်းတွင် ‌ထောင်နှင့်ချီသည့် ‌ဒေသခံပြည်သူများ၏ လယ်၊ ‌မြေ၊ ခြံများ ဆုံးရှုံး‌နေသလို ‌ကျေးရွာ ၂၀‌ကျော်မှ လူ ဦး‌ရေ ၃၀,၀၀၀‌ကျော် ‌ပြောင်း‌ရွှေ့ခံရမည်ဟု သူက ဆက်‌ပြောသည်။

ထားဝယ်‌ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် စုစု‌ပေါင်း အ‌မေရိကန်‌ဒေါ်လာ ၆ဝသန်း ကုန်ကျမည်ဖြစ်ပြီး ‌ရေနက်သ‌ဘေင်္ာဆိပ်ကမ်း၊ အ‌ဝေး‌ပြေးလမ်းမကြီးနှင့် မီးရထားလမ်း‌ဖောက်လုပ်ငန်းများ၊ ‌ရေနံချက်စက်ရုံ၊ စက်မှုဇုံနယ်‌မြေများ တည်‌ဆောက်ခြင်း၊ ‌ရေနံဓာ တုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူ‌ထောင်ခြင်း၊ တည်‌ဆောက်ခြင်း၊ လျှပ်စစ်စက်ရုံများ တည်‌ဆောက်ခြင်း၊ စက္ကူနှင့် သံမဏိလုပ် ငန်းများ ပါဝင်သည်။