Hay Htoo
ကချင်ဒုက္ခသည်ကလေးများအတွက် ယာယီစာသင်ကျောင်း တည်ဆောက်ပေးနေ
မေ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒုက္ခသည်ကလေးများအတွက်ယာယီစာသင်ကျောင်းများ တည်ဆောက်ပေးလျှက်ရှိကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ ပညာ ဆက်လက်သင် ကြားနိုင်ရန် ဒုက္ခသည်စခန်းကော်မတီတို့က ဦးဆောင်ပြီး ယာယီစာသင်ကျောင်းများကို တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်း ကချင်စစ်ပြေးဒုက္ခသည်ကော်မတီ ဥက္ကဌ ဒူကမ္ဘာ့ဒွဲပီဆာက...
ငွေကြေးအခက်အခဲကြောင့်ဖာပွန်မြို့ နယ်ရှိကိုယ်ထူကိုယ်ထ ကျောင်း တကျောင်း ပြန်မဖွင့်နိုင်သေး
မေ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ကလော်ထာ့ကျေးရွာအုပ်စုမှ ဝါ့မီဒေးကျေးရွာရှိ မိုးစက်ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ပုံမှန်လည်ပတ်နိုင်ရန် ငွေကြေးအခက်အခဲနှင့် ကြုံတွေ့နေရသဖြင့် ယခုနှစ်အတွက် ကျောင်းပြန် မဖွင့်နိုင်သေးကြောင်း သိရသည်။
“ဒီရွာနဲ့ဝေးတဲ့နေရာက ကျောင်းလာတက်မယ့် ဘော်ဒါကျောင်းသားတွေအတွက် စားစရိတ်နဲ့ ဆရာတွေကို ပေး ဖို့...
ကရင်ပန်းချီဆရာတစ်ဦးရန်ကုန်တွင် တစ်ကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်
မေလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပန်းချီဆရာတစ်ဦးဖြစ်သူ စောဂျက်နုံးက “၆၅ ပန်းချီပြခန်း”ဟု အမည်ပေးထားသည့် ၎င်း၏ ပထမဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲကိုရန်ကုန်မြို့ ယောမင်းကြီး လမ်း အမှတ်(၆၅) ပန်းချီပြခန်းတွင် မေလ ၂၃ရက်မှ ၂၅ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
ပန်းချီကား ၂၉ချပ် ပြသထားသည့် ယင်းပန်းချီပြပွဲကို နံနက် ၁ဝနာရီမှ...
ဖမ်းဆီးခံရ လျှပ်စစ်မီးရရှိရေး လှုပ်ရှားသူ ၆ဦး အာမခံဖြင့် ပြန်လည်လွတ်မြောက်
မေလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်-ရန်ကုန် (ကေအိုင်စီ)
ပဲခူးတိုင်း ပြည်မြို့တွင် လျှပ်စစ်မီး၂၄နာရီရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်၍ ပုဒ်မ(၁၈)ဖြင့် ဖမ်းဆီး ခံထားရသူ ၆ဦးအား အာမခံဖြင့် ယမန်နေ့ မေလ၂၄ရက်၊ ညနေ ၂နာရီခန့်၌ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း လွတ်မြောက်လာသူနှင့် နီးစပ်သူတဦးက ပြောသည်။
ပုဒ်မ(၁၈)အရ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြပါက...
ရပ်ကွက် လူထုများထံ လမ်းမှူးက တရားမဝင် ငွေကောက်ခံ
မေလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၈ရပ်ကွက်တွင် လမ်းမှူး(လမ်းတာဝန်ခံ)က အိမ်ရှင် နှင့် အိမ်ငှားများအားတရားမဝင် ငွေကောက်ခံလျှက်ရှိကြောင်း ၎င်းရပ်ကွက်ရှိအင်ကြင်းလမ်း၌ နေထိုင်သူများက ပြောသည်။
ယခုလ မေ ၂၂ရက်က ဧည့်စာရင်းတိုင်ရန်အတွက် လမ်းမှူး ဒေါ်ဝင်းကြည်က အိမ်ရှင်တစ်ဦးလျှင် ၃,၀၀ဝကျပ်နှင့်...
ပြည်မြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒပြသူအချို့ကို လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်
မေလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
မြန်မာနိုင်ငံ ပဲခူးတိုင်း ပြည်မြို့၌ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်သူများထဲအား ယနေ ့နံနက်၁ဝ နာရီ၁ဝ မိနစ်ခန့် လမ်းမတော်လမ်းထောင့်တွင် လုံခြုံရေးတပ်ဖွဲ ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိ သည်။
ဖမ်းဆီးခံရသူများထဲတွင် Human Right မှ ဦးမြင့်အေး ...
လျှပ်စစ်မီးအတွက် ဒုတိယနေ့ဆန္ဒထုတ်ဖော်
မေလ ၂၃ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
ရန်ကုန်မြို့၌ လျှပ်စစ်မီး၂၄ နာရီရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများသည် ဒုတိယနေ့အဖြစ် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို မေလ ၂၃ရက်နေ့တွင် ဆက်လက် ပြုလုပ်ခဲ့ကြသည်။
ထိုနေ့ည ၇နာရီတွင် မြို့တော်ခမ်းမအနီး လက်ရွေးစင်လက်ဖက်ရည်ဆိုင်မှ စတင်၍ ဆာကူရာတာဝါသို ့လမ်းလျှောက်လာခဲ့ရာ ကုန်းကျော်တံတားအရောက်တွင် လုံခြုံရေးယူထားသူများက...
ပြုပြင်ပြောင်းလဲရေးစီမံကိန်းဆိုးကျိုး ပလောင်လူထု ခံစားနေရဆဲ
မေလ ၂၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ရှိနေသော်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း ပလောင်(တအာင်း) နေထိုင်ရာဒေသရှိ ပြည်သူများ သည် ပြုပြင်ပြောင်းလဲရေး အကြီးစားစီမံကိန်းများ၏ ဆိုးကျိုးများကို ခံစားနေရဆဲ ဖြစ်ကြောင်း တအာင်း ကျောင်းသားနှင့်လူငယ်များအစည်းအရုံး-TSYO က ယနေ့ ပြောကြားလိုက်သည်။
သျှမ်းပြည်နယ်ရှိ ရွှေလီရေကာတာစီမံကိန်း၊...
အထက်အရာရှိ နှိပ်စက်မှု မခံနိုင်၍ အစိုးရစစ်သည် ၃ဦးထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိခဲ့
မေလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါ်လေဒေသ အခြေစိုက် မြန်မာအစိုးရစစ်တပ်မှ စစ်သည် ၃ဦးသည် အထက်အရာရှိတို့၏ နှိပ်စက်မှုကို အခံနိုင်၍ ယခင် ဧပြီလကုန်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ် တစ်နေရာသို့ ထွက်ပြေးရောက်ရှိ ခဲ့သည်။
ထွက်ပြေးလွက်မြောက်သူများမှာ တပ်အင်အား ၅ဝခန့်ရှိ ဝေါ်လေဒေသ မော်ခီးစခန်းအခြေစိုက်...
ရန်ကုန်လူထုအချို့ ဖယောင်းတိုင်မီး ကိုင်ဆောင် လမ်းလျှောက်ဆန္ဒဖော်ထုတ်
မေလ ၂၃ရက်၊ ၂၀၁၂။ စအိုင်သန်-ရန်ကုန်
လျှပ်စစ်မီး ၂၄နာရီရရှိရေးအတွက် ရန်ကုန်မြို့နေ လူ ၅ဝခန့်သည် ယမန်နေ့ညနေ ၇နာရီမှစ၍ ဆူးလေဘုရားတဝိုက်တွင် ဖယောင်းတိုင် မီးများ ကိုင်ဆောင်ကာ လမ်းလျှောက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ပြည်သူတွေ အမှောင်ထဲမှာ ထိုင်နေရတာကို နေပြည်တော်က ပုဂ္ဂိုလ်တွေမသိပါဘူး။ ကျနော်တို ့ဆန္ဒပြတာ မဟုတ်ပါဘူး။ အမှောင်ထဲ...





