Home သတင်း ဖမ်းဆီးခံရ လျှပ်စစ်မီးရရှိ‌ရေး လှုပ်ရှားသူ ၆ဦး အာမခံဖြင့် ပြန်လည်လွတ်‌မြောက်

ဖမ်းဆီးခံရ လျှပ်စစ်မီးရရှိ‌ရေး လှုပ်ရှားသူ ၆ဦး အာမခံဖြင့် ပြန်လည်လွတ်‌မြောက်

1516
‌မေလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်-ရန်ကုန် (‌ကေအိုင်စီ)

ပဲခူးတိုင်း ပြည်မြို့တွင် လျှပ်စစ်မီး၂၄နာရီရရှိ‌ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်၍ ပုဒ်မ(၁၈)ဖြင့် ဖမ်းဆီး ခံထားရသူ ၆ဦးအား အာမခံဖြင့် ယမန်‌နေ့ ‌မေလ၂၄ရက်၊ ည‌နေ ၂နာရီခန့်၌ ပြန်လည်လွတ်‌မြောက်ခဲ့‌ကြောင်း လွတ်‌မြောက်လာသူနှင့် နီးစပ်သူတဦးက ‌ပြောသည်။

ပုဒ်မ(၁၈)အရ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြပါက အမြင့်ဆုံး ‌ထောင်ဒဏ်တစ်နှစ်မှ အနိမ့်ဆုံး ‌ငွေဒဏ် ၃‌သောင်း သို့မဟုတ် ‌ထောင်ဒဏ်နှင့် ‌ငွေဒဏ်နှစ်ရပ်‌ပေါင်း ကျခံ‌စေရမည်ဟု ဥပ‌ဒေ၌ ပါရှိ‌သော်လည်း အာမခံချက်ဖြင့် ယခုလို လွတ်လာခဲ့ခြင်း‌ကြောင်း အမည်မ‌ဖော်လိုသူ ပြည်မြို့ခံ‌ရှေ့‌နေကြီးတစ်ဦးက ‌ပြောသည်။

လုံခြုံ‌ရေးတပ်များက ဆန္ဒပြသူများကို ဖမ်းဆီးခံရစဉ်တွင် လက်ထိပ်ခတ်ခြင်းနှင့် ရိုက်နှက်မူများရှိသဖြင့် ရဲစခန်းသို့ အမူဖွင့်ထား‌သော် လည်း ရဲစခန်း၌ မှတ်တမ်းသာ ယူထားလိုက်ပြီး ရဲတာဝန်ရှိသူများက တရားရုံးအား ဦးတိုင်‌လျှောက်ထားရန် မှာကြားလိုက်‌ကြောင်း ဆန္ဒပြအဖွဲ့တွင် ပါဝင်သူတစ်ဦးက ‌ပြောသည်။

ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်‌မြောက်သည့် ယမန်‌နေ့ ‌မေလ ၂၄ရက်‌နေ့ညအထိ လူ ၃ဝခန့်က လျှပ်စစ်မီးရရှိ‌ရေးအတွက် ၃ရက် ‌မြောက်‌နေ့အဖြစ် ဆက်လက် ဆန္ဒပြလျှက်ရှိသကဲ့သို့ အလားတူ ရန်ကုန်မြို့တွင်လည်း ယမန်‌နေ့ကအထိ ဆန္ဒပြမှုဖြစ်ပွားခဲ့‌သေးသည်။

၂၀၀၈ ဖွဲ ့စည်းပုံအ‌ခြေခံဥပ‌ဒေထဲတွင် လွတ်လပ်စွာ ဆန္ဒ‌ဖော်ထုတ်ခွင့် ပြဌါန်းထား‌သော်လည်း ဆန္ဒပြမှုနှင့် ပတ်သက်၍ ယခုထိ နည်းဥပ ‌ဒေ မထွက်ရှိ‌သေး‌ပေ။