Hay Htoo
ကရင်နီပြည်နယ် ရွာသစ်ဆည် တည်ဆောက်ရေး ပွင့်လင်းမှုရှိရန် KCSN တောင်းဆို
အောက်တိုဘာလ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်ရှိ ရွာသစ်တွင် သံလွင်မြစ်ရေကို အမှီပြု၍ တည်ဆောက်သည့် ရွာသစ်ဆည်ကိစ္စ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက် (KCSN)က ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။
KCSN တာဝန်ခံဖြစ်သူ ခွန်းမီရယ်က “ဒီဆည်စီမံကိန်းကို...
KNU နှင့် KNLA မကွဲ၊ ခေါင်းဆောင်ပိုင်း ပြဿ နာများရှိဟု အထွေထွေ အတွင်းရေးမှူး ပြောကြား
အောက်တိုဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)အကြား ကွဲနေပြီဆိုသည့် ကောလဟလများ မှန်ကန်မှုမရှိကြောင်းနှင့်လတ်တလောဖြစ်နေသည့် ပြဿ နာမှာ ခေါင်းဆောင်မှုအတွင်း သဘောထားကွဲ ပြားခြင်းသာ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က...
ဖာပွန်မြို့နယ်၊ ကတိုင်တိတွင် BGF အတွက် အဆောက်အဦးများ အမြန်တည်ဆောက်နေ
စက်တင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိရွာနံဘေး၌ ကရင်နယ်ခြားစောင့်တပ်-BGF အခြေစိုက်ရာနေရာဟုဆိုကာ မြန်မာအစိုးရ မှ မြေယာရှင်းလင်းမှုနှင့် အဆောက်အဦးများ တည်ဆောက်လျှက်ရှိရာ ယခုအချိန်တွင် တိုက်တာအဆောက်အအုံ ၄ဝ ဝန်းကျင် တည်ဆောက်ပြီးစီးနေပြီးဖြစ်ကြောင်း ဒေသခံများက ပြော ဆိုနေကြသည်။
မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား...
ဖားအံမြို့ KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့်ပွဲသို့ လူပရိဿတ် ၂၀ဝနီးပါး တက်ရောက်
စက်တင်ဘာလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကန်သာဦးခမ်းမအနီးရှိ အဆောက်အဦတစ်ခုတွင် KNLA တပ်မဟာများ ဆက် ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့မနက် ၉နာရီက စတင် ကျင်းပခဲ့ရာ လူပရိဿတ် ၂၀ဝနီးပါး တက်ရောက်ခဲ့သည်ဟု သိရ သည်။
အဆိုပါ အခမ်းအနား မစမီ...
ငြိမ်းချမ်းရေးနှင့် ကရင့်နိုင်ငံရေးခေါင်းဆောင် နော်စီဖိုးရာစိန်
မြန်မာပြည်၏ လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ကရင်လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဆောင်ကာ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးလျှက်ရှိသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကို ကေအိုင်စီ သတင်းထောက် နန်းသူးလေမှ ဆက်သွယ်မေးမြန်းထားချက် ဖြစ်ပါသည်။
KIC - ကရင်အမျိုးသမီးအစည်းအရုံးက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ...
ကချင်အဖွဲ့ ၂၃ဖွဲ့မှ ဒုက္ခသည်များအရေး ဒေါ်အောင် ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့
စက်တင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်း (၂၃)ဖွဲ့မှ ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ရည်ရွယ်၍ စက်တင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်း စုကြည်အား အိတ်ဖွင့်ပေးစာတစ်စောင် ပေးအပ်ခဲ့သည်။
ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသော တရုတ်ပြည်နယ်စပ် မိုင်ဂျာယန်ရှိ ...
ဖားအံမြို့တွင် ဖွင့်လှစ်မည့် ဆက်ဆံရေးရုံးမှာ ဗဟိုဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု KNU ကြေညာချက်ထုတ်
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
မြန်မာအစိုးရနှင့် တွေ့ဆုံရန် ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့ အပါအဝင် အဖွဲ့ဝင် ၃၁ဦးနှင့်အတူ ကရင်ပြည်နယ်၊ ဖားအံမြို့သို့ ထွက်ခွာသွားသည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ ခရီးစဉ်နှင့် ပတ်သက်၍ တစုံတရာ မသိရှိကြောင်း ကေအဲန်ယူ ဗဟိုဌာနချုပ်က စက်တင် ဘာလ...
ဖားအံဆက်ဆံရေးရုံး ကေအဲန် အယ်လ်အေ အနေဖြင့် ဖွင့်လှစ်မည်
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ် မြို့တော်ဖားအံ၌ စက်တင်ဘာလ ၂၉ရက်နေ့တွင် ဖွင့်လှစ်သွားမည့် ဆက်ဆံရေးရုံးမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အနေဖြင့်သာဖြစ်ကြောင်း တပ်ဖက်ခေါင်းဆောင် တစ်ဦးက ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။
“ဖားအံမှာဖွင့်မဲ့ ရုံးက ကေအဲန်ယူ ဗဟိုအနေနဲ့ မဟုတ်ပါဘူး။ စစ်ဦးစီးချုပ်က သွားဖွင့်မှာမို့...
ကရင်ပြည်နယ် လွှတ်တော်တွင် ကျေးရွာ ထင်းစိုက်ခင်း ဥပဒေကြမ်း အတည်ပြု ဆွေးနွေးသွားမည်
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ်ကျေးရွာ ထင်းစိုက်ခင်းဥပဒေကြမ်းကို ကရင်ပြည်နယ်လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် မနက်ဖြန် စက်တင်ဘာလ ၂၈ရက်နေ့၌ အတည်ပြု ဆွေးနွေးသွားကြမည်ဟု အစည်းဝေးတက်ရောက်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ယင်းအစည်းအဝေးကို စက်တင်ဘာလ ၂၄ရက်နေ့တွင် စတင် ကျင်းပခဲ့ကြပြီး ကရင်ပြည်နယ်ကျေးရွာ ထင်းစိုက်ခင်းဥပဒေကြမ်းကို...
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၅နှစ်ပြည့် ရွှေဝါရောင်နှစ်ပတ်လည် ကျင်းပ
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
၂၀၀၇ခုနှစ်က သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး လူထုအုံကြွမှုကြီး၏ ၅နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မနက် ၁၁နာရီမှ ၁၂နာရီခွဲအထိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သဘာဝကျေးရွာတွင် ကျင်းပပြီးစီးခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေးတွင် မြန်မာစစ်အစိုးရတပ်၏ လက်ချက်ဖြင့် အသက်ပေးသွားသော ရဟန်းရှင်၊ ကျောင်းသားနှင့် လူထုများကို...





