Hay Htoo
သောက်ရေခပ်ရေလှောင်တမံ၏ ဆိုးကျိုးများကို စိုးရိမ်ကြောင်း ကျေးရွာလူထု ၂၀ဝနီးပါး ဆန္ဒဖော်ထုတ်ခဲ့
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း ရွှေစွမ်းအင်(အေးရှားဝေါလ်) ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်နေသည့် သောက်ရေခပ်ရေလှောင်တ မံနှင့် ပတ်သက်၍ စိုးရိမ်မှုရှိကြောင်း ဒေသခံ ကျေးရွာလူထု ၂၀ဝဦးခန့်က ဆန္ဒထုတ်ဖော်ပွဲတခုကို တောင်ငူခရိုင်ရှိ ကရင်အမျိုးသားအ စည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ၌ စက်တင်ဘာလ ၂၅ရက်နေ့က ပြုလုပ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သူ ဒေသခံ...
တိုင်းရင်းသားပါတီအချို့ ထိုင်းနိုင်ငံ အုပ်ချုပ်ရေးစနစ်ကို လေ့လာနေ
စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။(ကေအိုင်စီ)
မြန်မာနိုင်ငံရှိ တိုင်းရင်းသားပါတီအချို့မှ ကိုယ်စားလှယ်များက ထိုင်းနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံများကို လေ့လာရန် ယခု စက်တင်ဘာလ ၁၆ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး လက်ရှိအချိန်တွင် ဘန်ကောက်မြို့တော်၌ လေ့လာမှုများ ပြုလုပ်လျှက်ရှိသည်။
ကရင်ပြည်သူ့ပါတီ-KPP ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ-AMRD၊ ချင်းအမျိုးသားပါတီ-CNP၊ ချင်းတိုးတက်ရေးပါတီ CPP၊ ရခိုင်တိုင်း ရင်းသားများတိုးတက်ရေးပါတီ-ARNDP၊...
ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အကူအညီများစွာ လိုအပ်နေသေး
စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
မြန်မာအစိုးရနှင့် KIA တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် ဒုက္ခသည်အရေအတွက် အဆမတန် များပြား လာပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်းတို့ကြောင့် ဒုက္ခသည်များမှာ အစားအသောက်၊ နေရာထိုင်ခင်းနှင့် ဆေးဝါး ထောက်ပံ့မှု အကူ အညီများစွာ...
ကြောက်ရွံ့ခြင်းတို့ ဝေးကမ္ဘာဆီ
M. ထက်ခေါင်
(၁)
ဝါတွင်းကာလနှင့် မလျော်ညီစွာပင် ကြားသိဖတ်ရှုရသော သတင်းတွေက အတော့်ကို စိတ်မချမ်းမသာ ဖြစ်စရာ ကောင်းသည်။
သံဃာတော်တွေကိုယ်တိုင် လက်သမား ပန်းရံလုပ်ကာ ဆောက်ထားသည့် တောင်ကြီးမှ ဘုန်းတော်ကြီးကျောင်းတကျောင်းကို တရားဝင် အသိအမှတ်ပြုထားသည့် ကျောင်းတိုက် မဟုတ်သောကြောင့်ဟုဆိုကာ မြို့နယ်သံဃမဟာနာယကအဖွဲ့နှင့် ရာနှင့်ချီသော အာဏာပိုင်အဖွဲ့အစည်းတွေက အတင်းအဓမ္မ ဝင်ရောက်ဖျက်ဆီးပြီး...
ထိုင်းအသံလွှင့်ဌာန Thai PBS မှ ဦးစီးကာ ကရင့်ရိုးရာ ယဉ်ကျေးမှုပွဲတော်ကျင်းပခဲ့
စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဝိဖဝတီလမ်းမရှိ KDC အသံလွှင့်ဌာနတွင် ထိုင်းနိုင်ငံရှိ ကရင်တိုင်းရင်းသားများ ရိုးရာဓလေ့၊ ယဉ်ကျေးမှုကို မမေ့ပျောက်စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် Thai PBS ရုပ်မြင်သံကြားမှ ဦးစီး၍ ကရင်ရိုးရာဓလေ့နှင့် ယဉ်ကျေး မှုပွဲတော်ကို...
KKO ဥက္ကဌနှင့် အတွင်းရေးမှူးအား တာဝန်မှ ရပ်ဆိုင်းခဲ့မှုအပေါ် KCM မှ ဗိုလ်ချုပ်စောလားပွယ်အား ရှုတ်ချ
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
ကလို့ထူးဘောကရင်အစည်းအရုံး-KKO ဥက္ကဌ မန်းရောဘတ်ဘဇန်နှင့် အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်တို့အား နာယက ဗိုလ်ချုပ်စောလားပွယ်က တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် ကရင်လူမှုအဖွဲ့မီနီဆိုးတား(KCM) က စက်တင်ဘာလ ၂၂ရက်က...
အီတာလျှံထိုင်းကုမ္ပဏီ၏ ကားကြီးများ သွားလာမှုကြောင့် ပျက်စီးနေသည့်လမ်းများ ပြုပြင်မှုမရှိ
စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
တနသင်္ာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် သွားလာနေသည့် အီတာလျှံထိုင်းကုမ္ပဏီမှ ကားကြီးများကြောင့် လမ်းများပျက်စီးကာ ပြုပြင်ပေးခြင်းလည်း မရှိသဖြင့် ပြည်သူများ သွားလာရန် အခက်အခဲနှင့် ကြုံတွေ့နေရသည်။
ရေဖြူမြို့နယ်အတွင်းရှိ နဘူးလယ်၊ မူးဒူး၊ ညောင်ပင်ဆိပ် ကျေးရွာများတွင် တစ်ရွာနှင့်...
DKBA မတော်တဆ ပစ်ခတ်မှုကြောင့် ရွာသားတဦး ဒဏ်ရာရ
စက်တင်ဘာလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ၏ မတော်တဆ ပစ်ခတ်မှု ကြောင့် ထီးသဲလယ်ရွာသားတဦး ညာဘက်ခြေသလုံးတွင် ဒဏ်ရာရရှိသွားခဲ့သည်။
စက်တင်ဘာလ ၂၂ရက်၊ မနက် ၇နာရီကျော်က DKBA ကလို့ထူးဘော လက်အောက်ခံ အမှတ်(၉၀၉)တပ်ရင်းမှ တပ်စုမှူးဗိုလ်စောနေရော့ (ခေါ်)...
ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်မှုကို အရေးယူပါက ဥပဒေအရ ရင်ဆိုင်သွားမည်ဟု ဦးဆောင်သူပြော
စက်တင်ဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေမှုအပေါ် အစိုးရအာဏာ ပိုင်များ အရေးယူဖမ်းဆီးမည်ဆိုပါက တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း စီတန်းလှည့်လည်ပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သည့် NEW GENERATION WAVE မှ ကိုမိုးသွေးက ပြောကြားလိုက်သည်။
အစိုးရအာဏာပိုင်များမှ...
ဘာသာပြန်မမှားကြေး
၂၃ စက်တင်ဘာ ၂၀၁၂။ (လကင်္ာဒီပ)
ဘယ်သူပြောလည်း ခေတ်မမှီတော့ဘူးဆိုတာ
ကမ္ဘာချီပြီး ရယ်လိုက်ချင်သလေ
သက္ကရာဇ်တွေမှာ အလံထူထုဆစ်
ကောက်ကျစ်စဉ်းလဲခြင်း
မင်းမာယာတွေကို ဖွင့်ချနိုင်ခဲ့
နောင်တနဲ့ ပြန်လာသူများက
တခုတ်တရ လေးစားစွာ ထောက်ခံကြပြီကော
စောဘဦးကြီးမူဟာ ထာဝစဉ် သစ်လွင်ဆဲပါလို့။
အုန်းမှုတ်တစ်ခွက်စာ
မြေနေရာ လွတ်လပ်ခွင့်
အသင့်အတင့်လေးနဲ့ ချွေးသိပ်ထားယုံ
ပြီးပြည့်စုံတဲ့ ကရင်ပြည် မဟုတ်သေးဘူး။
ဘဝဆိုတာ တိုတိုလေးပါတဲ့
ငါနဲ့ ငါ့သားမယား ကြမ္မာ
ငါသာ ဖန်တီးနေခြင်း
သည်လူဖျင်းတို့လုပ်ရပ်ကား
အလျဉ်း စောဘဦးကြီးမူမမည်။
မပြောပေမယ့်လည်း
ပွဲမဝင်ချင်တော့တဲ့ အပြုအမူနဲ့
ခပ်ယဲ့ယဲ့ ခေါင်းငြိမ့်ပြနေခြင်း
သည်လူဖျင်းတို့လုပ်ရပ်ကား
အလျဉ်း...





