Home သတင်း ကချင်အဖွဲ့ ၂၃ဖွဲ့မှ ဒုက္ခသည်များအ‌ရေး ‌ဒေါ်‌အောင် ဆန်းစုကြည်ထံ အိတ်ဖွင့်‌ပေးစာပို့

ကချင်အဖွဲ့ ၂၃ဖွဲ့မှ ဒုက္ခသည်များအ‌ရေး ‌ဒေါ်‌အောင် ဆန်းစုကြည်ထံ အိတ်ဖွင့်‌ပေးစာပို့

1979
စက်တင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ပြည်ပအ‌ခြေစိုက် ကချင်အဖွဲ့အစည်း (၂၃)ဖွဲ့မှ ကချင်ပြည်နယ်ရှိ စစ်‌ပြေးဒုက္ခသည်များအတွက် ရည်ရွယ်၍ စက်တင်ဘာလ ၂၆ ရက်‌နေ့က အ‌မေရိကန်နိုင်ငံသို့ ‌ရောက်ရှိ‌နေ‌သော ‌ဒေါ်‌အောင်ဆန်း စုကြည်အား အိတ်ဖွင့်‌ပေးစာတစ်‌စောင် ‌ပေးအပ်ခဲ့သည်။

ပြည်တွင်းစစ်‌ကြောင့် ထွက်‌ပြေးလာရ‌သော တရုတ်ပြည်နယ်စပ် မိုင်ဂျာယန်ရှိ ဒုက္ခသည်များ၏ အ‌ခြေအ‌နေမှန်ကို ‌ဒေါ်‌အောင် ဆန်းစုကြည်အ‌နေဖြင့် ကိုယ်တိုင်ကိုယ်ကျ သွား‌ရောက်‌လေ့လာခြင်းအားဖြင့် ဒုက္ခသည်များ၏အ‌ရေးနှင့် ငြိမ်းချမ်း‌ရေးအတွက် ‌မျှော်လင့်ကာ ယခုလို အိတ်ဖွင့်‌ပေးစာ ‌ပေးအပ်ခြင်းဖြစ်‌ကြောင်း ကချင်‌ကျောင်းသားလူငယ်များသမဂ္ဂမှ အ‌ထွေ‌ထွေအတွင်း‌ရေး မှူးဖြစ်သူ ကို‌နော်ဆန်းက ‌ပြောသည်။

“‌ဒေါ်စုအ‌နေနဲ့ ကမ္ဘာ့ငြိမ်းချမ်း‌ရေး နိုဘယ်လ်ဆုရှင်လည်းဖြစ်၊ အများက ‌လေးစားရတဲ့ အထင်ကရပုဂ္ဂိုလ်လည်းဖြစ်တယ်။ ပြီး ‌တော့ ဒုက္ခသည်အ‌ရေးကို ကိုယ်တိုင်‌တွေ့မြင်ခြင်းအားဖြင့် သူတို့အ‌ရေးအတွက် တစ်စုံတစ်ခု ဖြစ်လာဖို့ ‌မျှော်လင့်မိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရစစ်တပ်နှင့် KIA တို့ကြားဖြစ်ပွား‌သော တိုက်ပွဲများ‌ကြောင့် စစ်‌ပြေးဒုက္ခသည်‌ပေါင်း ၁သိန်းဝန်းကျင်ခန့်ရှိလာပြီး ဒုက္ခ သည်များမှာ လူ့အခွင့်အ‌ရေးများ ချိုး‌ဖောက်ခံ‌နေရဆဲဖြစ်‌ကြောင်း သိရသည်။

“မြန်မာအစိုးရစစ်တပ်အ‌နေနဲ့ ‌ရှေ့တန်းမှာ တပ်ရင်း‌ပေါင်း တစ်ရာ‌ကျော်နဲ့ ထိုးစစ်ဆင်‌နေတယ်။ ‌နောက်ပြီး ‌ဒေသခံရွာသူရွာသား ‌တွေအ‌ပေါ် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေ ရှိတဲ့အခါကျ‌တော့ ဒုက္ခသည်ဦး‌ရေ တိုးလာတာ‌ပေါ့”ဟု ကို‌နော်ဆန်းက ဆက်လက် ‌ပြောဆိုသည်။

ဒုက္ခသည်စခန်းများတွင် သွား‌ရောက်ခိုလှုံ‌နေကြရ‌သော ဒုက္ခသည်များသည် အစားအ‌သောက်၊ ‌နေထိုင်‌ရေး၊ ကျန်းမာ‌ရေး အ‌ခြေ အ‌နေများ ဆိုးဝါးလျှက်ရှိပြီး အကူအညီများစွာ လိုအပ်လျှက်ရှိ‌ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ မွန်း‌နေလီက ‌ပြောသည်။

မိုင်ဂျာယန်သို့ လာ‌ရောက်မည်ဆိုပါက KIA/KIO တို့၏ ထိန်းချုပ်နယ်‌မြေအတွင်းဖြစ်သဖြင့် ‌ဒေါ်‌အောင်ဆန်းစုကြည်အား လုံခြုံ ‌ရေးအရ ကာကွယ်‌စောင့်‌ရှောက်မှု‌ပေးနိုင်ရန် KIA တာဝန်ရှိသူများနှင့် သွား‌ရောက်ညှိနှိုင်းမှုများ ပြုလုပ်ပြီးဖြစ်‌ကြောင်း ကချင်အဖွဲ့ အစည်းများက ဆိုသည်။

ထို့အပြင် ယခုလက်ရှိ အ‌မေရိကန်နိုင်ငံသို့ ‌ရောက်ရှိ‌နေ‌သော သမ္မတ ဦးသိန်းစိန်အား အ‌မေရိကန်နိုင်ငံ‌ရောက် ကချင်လူမျိုး ၄ဝ ‌ကျော်က သမ္မတကြီးထံ စာတစ်‌စောင် ‌ပေးအပ်ခဲ့ပြီး စစ်ရပ်ဆိုင်း‌ရေး၊ စစ်မှန်‌သော ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးနှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုရပ်ဆိုင်း‌ရေးအတွက် ‌တောင်းဆိုဆန္ဒပြကြသည်။

ယခုလို အိတ်ဖွင့်‌ပေးစာ ‌တောင်းဆိုမှုတွင် ထိုင်း၊ မ‌လေးရှား၊ ဂျပန်၊ အ‌မေရိကန်၊ ဒိန်းမတ်၊ နယ်သာလန် စသည့်နိုင်ငံ (၂၃)ရှိ ကချင်အဖွဲ့အစည်းများ ပါဝင်ကြပြီး မြန်မာပြည်တွင်းရှိ ကချင်အဖွဲ့အစည်းများမှာမှု စိုးရိမ်စရာ အ‌ခြေအ‌နေများ‌ကြောင့် ပါဝင်နိုင် ခြင်း မရှိဘူးဟု သိရှိရသည်။

ကချင်အဖွဲ့အစည်းများမှ စု‌ပေါင်း၍ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌ပေါ် အိတ်ဖွင့်‌ပေးစာ‌ပေး၍ ‌တောင်းဆိုမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အ‌ကြောင်းပြန်ကြားခြင်း တစုံတရာ မရှိ‌သေး‌ကြောင်း သိရသည်။