Home သတင်း ဖားအံမြို့တွင် ဖွင့်လှစ်မည့် ဆက်ဆံ‌ရေးရုံးမှာ ဗဟိုဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု KNU ‌ကြေညာချက်ထုတ်

ဖားအံမြို့တွင် ဖွင့်လှစ်မည့် ဆက်ဆံ‌ရေးရုံးမှာ ဗဟိုဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု KNU ‌ကြေညာချက်ထုတ်

1999
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


မြန်မာအစိုးရနှင့် ‌တွေ့ဆုံရန် ခရိုင်၊ တပ်မဟာ ‌ခေါင်း‌ဆောင်အချို့ အပါအဝင် အဖွဲ့ဝင် ၃၁ဦးနှင့်အတူ ကရင်ပြည်နယ်၊ ဖားအံမြို့သို့ ထွက်ခွာသွားသည့် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၏ ခရီးစဉ်နှင့် ပတ်သက်၍ တစုံတရာ မသိရှိ‌ကြောင်း ‌ကေအဲန်ယူ ဗဟိုဌာနချုပ်က စက်တင် ဘာလ ၂၇ရက်‌နေ့စွဲဖြင့် ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

၎င်းသည် ဖားအံမြို့တွင် စက်တင်ဘာလ ၂၉ရက်‌နေ့၌ ဗဟိုအဆင့် ဆက်သွယ်‌ရေးရုံး ဖွင့်လှစ်ရန် စီစဉ်ထားပြီး ယခုလို သွား‌ရောက်သည့် ခရီးစဉ်မှာ KNU-ကရင်အမျိုးသားအစည်းအရုံးမှ စီစဉ်‌ဆောင်ရွက်သည့် ခရီးစဉ်မဟုတ်သည့်အပြင် KNLA-ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော် ဗဟိုစစ်ဌာနချုပ်၏ အစီအစဉ်မဟုတ်ဟု ‌ကြေညာချက်က ဆိုသည်။

KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ဖားအံမှာ အခုသွားဖွင့်မဲ့ ဆက်ဆံ‌ရေးရုံး ကိစ္စဟာ လက်ရှိ ဗဟိုဌာနချုပ်နဲ့ တိုင်ပင် တာ မရှိသလို စစ်‌ရေးအရ ကြီးငါးကြီးနဲ့လည်း တိုင်ပင်တာ မရှိတဲ့အ‌ပေါ် ဖြစ်လာသမျှ‌တွေကို တာဝန်ယူသွားမှာ မဟုတ်ဘူးဆိုတဲ့သ‌ဘော နဲ့ ‌ကြေညာချက်ကို ထုတ်လိုက်တာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကြေညာချက်တွင် မြန်မာအစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရာ၌ နှစ်ဦးနှစ်ဖက် သ‌ဘောတူညီမှု လက်မှတ်‌ရေးထိုးသည့်အကြိမ်တိုင်း KNU အ‌နေ ဖြင့်သာ ‌ဆောင်ရွက်ခဲ့ကြပြီး KNLA နှင့် မြန်မာအစိုးရတို့အကြား လက်မှတ်‌ရေးထိုးသည့် အထူးသီးသန့် သ‌ဘောတူညီမှု မဟုတ်‌ကြောင်း၊ KNLA သည် KNU ၏ ဌာန ၁၄ခုအနက်တခုဖြစ်သည့် ကရင်အမျိုးသားကာကွယ်‌ရေးဌာန၏ အုပ်ချုပ်မှုနှင့် ဦး‌ဆောင်မှု‌အောက်တွင်ရှိ ‌ကြောင်း ‌ဖော်ပြထားသည်။

သို့‌သော် ယခင် ဖွင့်လှစ်ပြီးစီးခဲ့သည့် ဆက်ဆံ‌ရေးရုံးများမှာ အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းအရ အသိ‌ပေး၊ တိုင်ပင်၊ လက်ခံ သ‌ဘော တူမှုများနှင့် လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဗိုလ်မှူး‌စောလှ‌ငွေက ဆက်လက် ‌ပြောဆိုသည်။

“အရင် ဖွင့်သွားခဲ့တဲ့ ရုံး‌တွေက သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာ‌တွေရဲ့ တင်ပြ တိုင်ပင်လာမှု‌တွေ ရှိတယ်။ ဒီအ‌ပေါ်မှာ အလုပ်အမှု‌ဆောင် ‌တွေက စည်း‌ဝေး‌ဆွေး‌နွေးကြပြီး လက်ခံလို့ လုပ်ခဲ့ကြတာပဲ။ အခု ‌ကြေညာချက်က EC ၇ဦးအပြင် ခရီးလွန်‌နေတဲ့ ဒုဥက္ကဌကလည်း အစည်းအ‌ဝေးဆုံးဖြတ်ချက်ကို သူလက်ခံပါတယ်လို့ ဆိုထား‌တော့ ၈ဦးရဲ့ သ‌ဘောထားလို့‌ပြောရမှာ‌ပေါ့”ဟု သူက ‌ပြောသည်။

ယမန်‌နေ့က KNU ဗဟိုအလုပ်အမှု‌ဆောင်(EC)များ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေး ပြုလုပ်ခဲ့ရာ၌ ဖားအံတွင် ဖွင့်လှစ်မည့် ဆက်ဆံ‌ရေးရုံး ကိစ္စနှင့် လက်ရှိ စစ်ဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းနှင့် မညီ‌သော လုပ်ရပ်များကို ‌ဆွေး‌နွေးခဲ့ကြပြီး လိုအပ်ပါက အ‌ရေးယူ ‌ဆောင်ရွက်မှုများကို လုပ်‌ဆောင်သွားရန်နှင့် လာမည့် ၁၅ကြိမ်‌မြောက် ကွန်ဂရက်အတွက် ‌ဆွေး‌နွေးသွားရန်အတွက် ဗဟိုအလုပ်အမှု ‌ဆောင်များမှ ယ‌နေ့ အစည်းအ‌ဝေး ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။

KNU သည် ၂၀၀၈ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ၁၄ကြိမ်‌မြောက် ကွန်ဂရက်ဆုံးဖြတ်ချက်အရ နိုင်ငံ‌ရေးပြဿနာများကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းပြီး စစ်မှန်‌သော ငြိမ်းချမ်း‌ရေးရရှိရန် ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားပြီး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး အစီအစဉ်များကို တဆင့်ပြီးတဆင့် လုပ်‌ဆောင်သွားရန်ကိုလည်း ချမှတ်ထားပြီးဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။