Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

‌ပြောက်ကျားတိုက် ပြည်သူ့စစ်သင်တန်း ထားဝယ်‌ဒေသခံ ၁၀၀‌ကျော် တက်‌ရောက်

‌အောက်တိုဘာလ ၈ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ) တနသင်္ာရီတိုင်း ထားဝယ်ခရိုင်ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်-ကရခ ၏ စစ်ဗျူဟာ(၂) ကွပ်ကွဲမှုလက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း (၁၀၄)ဌာနချုပ် အ‌ခြေစိုက်သည့် ထားဝယ်မြို့ပြင်ပတွင် ‌ပြောက်ကျားတိုက် ပြည်သူ့စစ်သင်တန်းကို ယခုလ ၅ရက်‌နေ့မှစ၍ စတင် သင်ကြား‌ပေးခဲ့ရာ ‌ဒေသခံ ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။ ကရခ လက်‌အောက်ခံ...

KNU အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက်တည်ရှိ‌စေ‌ရေး OKRSO ဆု‌တောင်း

‌အောက်တိုဘာလ ၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက် တည်ရှိ‌စေ‌ရေးအတွက် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ ပြည်ပ‌ရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့-OKRSO ရုံးတွင် ဘာသာ‌ပေါင်းစုံ ဆု‌တောင်းပွဲတစ်ခုကို ယမန်‌နေ့ည‌နေ ၆နာရီတွင် နာရီဝက်ကြာ ပြုလုပ်ကျင်းပခဲ့သည်။ OKRSO ၏ ‌ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ‌စောမင်သီက...

‌တောင်းတတဲ့ သူး‌လေ အာသာဝတီနတ်ပန်း (ကဗျာ)

စ' အိုင်ခန့် (နှင်းခဲ‌မြေ) အင်ဂျင်အ‌ဟောင်း‌တွေနဲ့ မွမ်းမံခုတ်‌မောင်း‌နေတဲ့ အ‌နှေးရထား‌ပေါ်က ဖယ်ဒရယ်ခရီးသွားတစ်စု ဒီမိုက‌ရေစီရဲ့ ကွဲလွဲခြင်းအလံနီကို‌ဝှေ့ယမ်းလျှက် လွတ်လပ်စွာကွဲလွဲ‌နေကြပါ‌လေရဲ့။ လွတ်လပ်တဲ့ကမ္ဘာတစ်ဖက်ခြမ်းမှာ‌တော့ အမျိုုးမတူသူ‌တွေ အယူမတူသူ‌တွေ‌ပေါင်းကာစုပြီး သူတို့တိုင်းပြည်ကို ‌ကောင်း‌အောင်ပြုကြတယ် ဆီ‌လျှော်မှုမဲ့ အပွင့်တူအ‌ရောင်ကွဲ ကွဲလွဲချင်‌နေကြတဲ့ သူး‌လေပန်းပွင့်‌လေး‌တွေမှာ‌တော့ တစ်ပွင့်ပြီးတစ်ပွင့်ထပ်ခါထပ်ခါအ‌ခြွေခံရလို့ ရိုးတံဖြိုင်းဖြိုင်းနဲ့သာ ကျန်‌နေတာ‌တောင်မှ စည်းလုံးမှုအ‌ရေးထက် ဆက်ဆံ‌ရေးရုံးက ဒို့လူမျိုး‌ရေးအတွက် ပိုအ‌ရေးကြီး‌နေသလိုလုပ်‌နေကြ‌လေရဲ့ ပါတီစွဲ၊ တပ်အစွဲ၊ ပုဂ္ဂိုလ်စွဲ‌တွေနဲ့ အာဏာ‌တွေ ပါဝါ‌တွေပြိုင်ရမဲ့အချိန်မဟုတ် အလုံးစုံပျက်သုဉ်း‌စေမဲ့ခရီးထဲ ဦးတည်‌နေကြ‌လေ‌ရော့သလားကွယ်။ ကျားငစဉ်းလဲအိုုကြီးရဲ့ ...

ကမ္ဘာ့ဆရာများ‌နေ့မဲ‌ဆောက်မြို့တွင် ကျင်းပ

‌အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ Child Development Center- CDC‌ကျောင်းတွင် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းများ စု‌ပေါင်း ၍ ၈ကြိမ်‌မြောက် ကမ္ဘာ့ဆရာများ‌နေ့ကို ယ‌နေ့ နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ‌စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုသည့် နာသုံးနာနှင့်...

ကရင်တိုင်းရင်းသားတို့၏ စည်းလုံးမှုကို မဖြိုခွဲသင့်ဟု ဥ‌ရောပ‌ရောက် ကရင်ကွန်ယက်‌ပြောဆို

‌အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) မြန်မာအစိုးရနှင့် ‌ထောက်ပံ့ကူညီ‌ပေး‌နေ‌သော အဖွဲ့အစည်းများသည် ကရင်တိုင်းရင်းသားတို့၏ စည်းလုံးညီညွှတ်‌ရေးကို မဖြိုခွဲ သင့်‌ကြောင်း ဥ‌ရောပ‌ရောက်ကရင် ကွန်ယက်-EKN မှ ယမန်‌နေ့က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ၎င်း၏ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ၃ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ဗဟို တရား‌ရေးဌာန...

‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင် ၃ဦးကိုအစည်းအ‌ဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းဟု KNU ‌ပြောဆို

‌အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ) စစ်ဦးစီးချုပ် အပါအဝင် ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင် ၃ဦးကို တာဝန်မှ ရပ်စဲပြီး အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းမှာ စက်တင်ဘာလ ၂၇ ရက်မှ၂၉ရက်‌နေ့အထိ ပြုလုပ်ပြီးစီးခဲ့‌သော ‌ကေအဲန်ယူဗဟို အလုပ်အမှု‌ဆောင် အစည်းအ‌ဝေး၏ ဆုံးဖြတ်ချက်အရဖြစ်‌ကြောင်း ‌ကေအဲန် ယူ ဗဟို‌ကော်မတီဝင်တစ်ဦးက ‌ကေအိုင်စီသို့...

‌ကော့ကရိတ်မြို့နယ်တွင် ပဋိပက္ခ‌ဖြေရှင်း‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်

‌အောက်တိုဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား၊ ဖိုးခွား‌လေး (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ‌လောင်းကိုင်‌ကျေးရွာတွင် ပဋိပက္ခ‌ဖြေရှင်း‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို ငြိမ်း‌ဖောင်‌ဒေးရှင်းမှ ယမန်‌နေ့မှစ၍ ၅ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။ ငြိမ်း‌ဖောင်‌ဒေးရှင်းအဖွဲ့မှ သင်ကြား‌ပေးသည့် ယင်းသင်တန်းတွင် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း ၃၀‌ကျော်တက်‌ရောက်ခဲ့ပြီး ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး...

လူငယ်များရဲ့ စကားလက်‌ဆောင်

‌နော်မဏိစန္ဒာ ၂၅နှစ် ဝါသနာ လူမှု‌ရေးနဲ့ ကယ်ဆယ်‌ရေး ပညာ ဆယ်တန်း‌အောင် ကျမက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသ‌ဒေါ့ထာ့(ပုဇွန်‌မြောင်း)ရွာဇာတိပါ။ မိဘ‌တွေက လယ်သမား‌တွေပါပဲ။ တိုးတက် ‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA ရဲ့ ‌မောင်းထုတ်မှု‌ကြောင့် ၂၀၀၄ခုနှစ်မှာ ကျမတို့ မိသားစုအားလုံး ရွာက ‌နေထွက်ပြီး ထိုင်း-မြန်မာနယ်စပ် မယ်ရာမိုဒုက္ခသည်စခန်းမှာ တက်လာကြပါတယ်။ ဒုက္ခသည်မှာ လာအ‌ခြေချ‌တော့ ရွာမှာရှိတဲ့ လယ်ယာ၊...

ပြည်တွင်းတက္ကသိုလ် တက်‌ရောက်နိုင်ရန်‌ရွှေ့‌ပြောင်း‌ကျောင်း သားများ စခန်းသွင်း‌လေ့ကျင့်‌နေ

‌အောက်တိုဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ စ’ဖန်း‌ရှောင်း (‌ကေအိုင်စီ) မြန်မာပြည် ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများအား ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် တက္ကသိုလ် ဝင်တန်း ဝင်‌ရောက်‌ဖြေဆိုနိုင်ရန် ယမန်‌နေ့(‌အောက်တိုဘာလ ၂ရက်)က စတင်ပြီး စခန်းသွင်း‌လေ့ကျင့်မှုများ ပြုလုပ်‌နေပြီဖြစ် ‌ကြောင်း သိရသည်။ မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေး ‌ထောက်ပံ့မှု‌ဖောင်‌ဒေးရှင်းနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ-BMWEC တို့ ပူး‌ပေါင်းပြီး...

ကုမ္ပဏီမှ သဲစုပ်ယူမှု‌ကြောင့် ထားဝယ်မြစ်ကမ်းပါးပြိုကျကာ ‌ဒေသခံများ မ‌ကျေနပ်

‌အောက်တိုဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) တနသင်္ာရီတိုင်းအတွင်းရှိ မြို့နယ်‌လေးခုတွင် စီးဆင်းလျှက်ရှိ‌သော ထားဝယ်မြစ်မှ သဲများကို စကင်္ာပူ ဖက်စပ်ကုမ္ပဏီမှ လာ ‌ရောက်စုပ်ယူ‌နေသဖြင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွား‌နေသည့်အတွက် ထားဝယ်‌ဒေသခံများက မ‌ကျေမနပ် ဖြစ်‌နေကြသည်။ ထားဝယ်မြို့နယ်၊ သရက်‌ချောင်းမြို့နယ်၊ ‌လောင်းလုံမြို့နယ်နှင့် ‌ရေဖြူမြို့နယ်များတွင် ဖြတ်သန်းစီးဆင်း‌နေ‌သော ထားဝယ်မြစ် ‌ရေထဲမှ...
Donate