Hay Htoo
ဘုရားသုံးဆူမြို့တွင် သိမ်း ဆည်းရမိသော ပန်းသီးပုံး များကို ပိုင်ရှင်ထံ ပြန်အပ်
ဇူလိုင်လ ၁ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ဘုရားသုံးဆူမြို့တွင် ယမန်နေ့က သက်ဆိုင်ရာအာဏာပိုင်များမှ သိမ်း ဆည်းရမိသော လောင်းကစားပန်းသီးပုံး ၉ ပုံးကို ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံပေး လိုက်ရကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ ရပ်ကွက်(၃)ရှိ ဓမ္မဟေဝန် ကျောင်းတိုက်ဝင်းအတွင်းရှိသော ပန်းသီးပုံး...
၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော် ပြင်ပတွင်ပြင်ဆင် သင့်ဟု ALD ပြောကြား
ဇူလိုင် ၁ ရက်၊ ၂၀၁၃ ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
၂၀၀၈ ခုနှစ်ဖွဲ ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်၌ ပြင်ဆင်ခြင်းထက် လွှတ်တော်ပြင်ပတွင် တစ်ခုတည်းသော ညီလာခံခေါ်ယူပြင်ဆင်သင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)က ပြောကြား လိုက်သည်။
ယမန့်နေ့ ဇွန်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမ၌...
KNU အဖွဲ့ဝင်တစ်ဦးကို အစိုးရစစ်တပ် ပါးရိုက်
ဇူလိုင်လ ၁ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာ မြို့နယ်ခွဲရှိ ဝါးတောရွာ အခြေစိုက် မြန်မာအစိုးရ စစ်တပ် စစ်ကွပ်ကဲ ရေးဌာနချုပ်(စကခ-၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၈၈)တပ်ရင်းမှ ဗိုလ်မှူး အောင်ဝင်းထူးက ၎င်းဒေသရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့ဝင်တစ်ဦးကို ပါးရိုက်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ...
မယ်လစခန်းတွင် MFLF အဖွဲ့မှ သွားနှင့်ဆိုင်သော ကုသမှု အခမဲ့ လာရောက်ပြုလုပ်ပေး
ဇွန်လ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်းဘုရင့်တော်ဝင်မိသားစုမှ တည်ထော င်ထားသော ဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် Mae Far long Foundation(MFLF)က ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည်များကို သွားနှင့်ဆိုင်သော ဆေးကုသပေးမှုများကို နှစ်ရက်တာ အခမဲ့ လာရောက်ပြုလုပ်ပေးခဲ့သည်။
ဇွန်လ...
မြဝတီမြို့တွင် MOU ရရှိရန် စောင့်ဆိုင်းနေသည့် ကယန်းအမျိုးသမီး ၃ဝ ကျော် မိုးရွာသွန်း မှုကြောင့် အခက်ကြုံ
ဇွန်လ ၂၇ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်ဘက် နှလုံးသား ဥယျာဉ်ကန်နေရာအနီးရှိ အဆောက်အဦး တစ်ခုတွင် ထိုင်း-မြန်မာနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ(MOU)ရရှိရေးအ တွက် နှစ်လကြာ စောင့်ဆိုင်းနေရသော ကယန်းအမျိုး သမီး ၃ဝ ကျော်သည် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်...
ဗဟန်းမြို့နယ်တွင် ပဋိပက္ခ ဂရုပြုသတင်းရေးသားနည်း ပညာသင်တန်း ပြုလုပ်
ဇွန်လ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ စောသောကြာ (ကေအိုင်စီ)
မြန်မာမီဒီယာများ၏ စွမ်းဆောင်ရည်မြှင့်တက် ရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်စပ်နေသူများအကြား ပေါင်းကူးအဖြစ် လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပဋိပက္ခဂရုပြုသတင်းရေးသားနည်းပညာသင် တန်း(Training on Conflict Sensitive Journalism)တစ်ခုကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းသစ်ရှိ Crystal Jade...
ညှိနှိုင်းဆွေးနွေး ကြား ဝင်ဖြေရှင်းပေးတဲ့ ယဉ်ကျေးမှု ဆိုပါကလား ဟရို့(၂)
M. ထက်ခေါင် (ဆောင်းပါး)
...
လယ်သမားများအရေး ဆောင် ရွက်သူ KPP ပါတီဝင်တစ်ဦး ကို မြန်မာစစ်တပ် အမှုဖွင့်
ဇွန်လ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုရှိ လယ်ယာမြေများတွင် ကရင်အလံစိုက် ထူရေးကြိုးပမ်းခဲ့သည့် လယ်သမားများအရေး ဆောင်ရွက်သူ ကရင်ပြည်သူ့ပါတီ(KPP)မှ မန်းအုန်းမြင့်သိန်းအား မြန်မာအစိုးရစစ်တပ် ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း(၇၀)က ဒေသခံဆိုင်ရာ ခလောက်ချိုက်ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရသည်။
အမှုဖွင့်ခံထားရသူ မန်းအုန်းမြင့်သိန်းက “ကျနော့်ကို စခန်းမှာ...
နားလည်ပေးပါ မူလေးချက်ရှင်
(ကဗျာ)
အို့ အသင်မူလေးချက်ရှင်
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်ဆိုလို့
ဖိုးခွါးတို့ အမြဲကိုင်ဆောင်ထားလျှက်ပါ
ဒါပေမယ့် ့
တောင်ဝှေးအဖြစ်နဲ့သာ ကိုင်ရတာပါ အဘရယ်
တစ်ချို့ကြတော့ မောင်းဖြုတ်ပြီး
တိုက်ချွတ်သူမဲ့ နံရံမှာ ချိတ်လျှက်
နားလည်ပေးပါ အဘရယ်
သူတို့ပြောတဲ့ ထာဝရငြိမ်းချမ်းရေးရဲ့
အဘယ်သောအခါဆိုတဲ့အရာပေါ့။
အို ့ အသင်မူလေးချက်ရှင်
လက်နက်ချစကား အလျဉ်းမပြောရဆိုလို့
ဖိုးခွါးတို့ လုံးဝမပြောပါဘူး အဘရယ်
ဒါပေမယ့်
အထက်နဲ့အလယ်သာ အောက်လူနဲ့ပြည်သူ မပါတဲ့
သာမတူ ညီမမျှ အကျိုးတူခံစားရန်အတွက်
ကြီးစဉ်ငယ်လိုက်ခွဲဝေရယူရေးကို
အာဏာရှင်လုပ်ငန်းရှင်တွေနဲ့
အခြေအတင်စကားတော့ ပြောဆိုကြရပါရဲ့
နားလည်ပေးပါ...
ကော့ကရိတ်မြို့နယ်၊ မဲ့ကနဲ ရွာအနီးတွင် မြေယာဧက ၁၀ဝ ကျော် BGF သိမ်းယူနေ
ဇွန်လ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီခရိုင်ကရင်အမျိုးသား အစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်၊ မဲ့ကနဲ ကျေးရွာအနီးရှိ ဒေသခံပိုင် မြေယာ အပါအဝင် မြေယာဧက ၁၀၀ကျော်ကို နယ်ခြားစောင့်တပ်(BGF)က စခန်း တည်ဆောက်ရန်နေရာအဖြစ် သိမ်းယူထားလျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ယင်းသို့ မြေယာအသိမ်းခံရသူ မဲ့ကနဲကျေးရွာသူရွာသားများမှာ စောညိုလှ၊ စောကြီးတဲနဲ၊ နော်ဝေဖော၊...





