Home သတင်း မြဝတီမြို့တွင် MOU ရရှိရန် ‌စောင့်ဆိုင်း‌နေသည့် ကယန်းအမျိုးသမီး ၃ဝ ‌ကျော် မိုးရွာသွန်း မှု‌ကြောင့် အခက်ကြုံ

မြဝတီမြို့တွင် MOU ရရှိရန် ‌စောင့်ဆိုင်း‌နေသည့် ကယန်းအမျိုးသမီး ၃ဝ ‌ကျော် မိုးရွာသွန်း မှု‌ကြောင့် အခက်ကြုံ

1699
ဇွန်လ ၂၇ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်ဘက် နှလုံးသား ဥယျာဉ်ကန်‌နေရာအနီးရှိ အ‌ဆောက်အဦး တစ်ခုတွင် ထိုင်း-မြန်မာနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ(MOU)ရရှိ‌ရေးအ တွက် နှစ်လကြာ ‌စောင့်ဆိုင်း‌နေရ‌သော ကယန်းအမျိုး သမီး ၃ဝ ‌ကျော်သည် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှု‌ကြောင့် ၎င်းတို့‌နေထိုင်ရာ အ‌ဆောက် အဦးခန်းမထဲတွင် ‌ရေဝင်၍ အခက်အခဲကြုံ‌တွေ့‌နေရ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့သို့ အလုပ်သွား‌ရောက်လုပ်ကိုင်ရန် MOU ရရှိ‌ရေးအတွက် ‌စောင့်ဆိုင်း‌နေသည့် ၎င်းကယန်းအမျိုးသမီးများသည် ဇွန်လ ၂၅ ရက်‌နေ့က မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး‌နောက် ပွဲစားအစီအစဉ်ဖြင့် ‌နေထိုင်ရ‌သော အ‌ဆောက်အဦးခန်းမထဲ၌ ‌ရေများ ဒူးတစ်ဝက်ခန့် တက်လာ၍ ညဘက်တွင် အိပ်မရဘဲ ညလုံး‌ပေါက် ထိုင်‌နေရခြင်းဖြစ်သည်။

ယင်းအ‌ဆောက်အဦးရှိ ကယန်းလူမျိုးတစ်ဦးက “အခု ‌ရေဝင်တဲ့အခန်းက ကယန်းအမျိုးသမီး‌တွေကို ထားတဲ့ အခန်းပါ။ မိုးရွာလို့ မိုးပက်တယ်၊ ‌ရေကလည်း အိပ်တဲ့‌နေရာအထိ ဒူးတစ်ဝက်‌လောက်တက်‌တော့ ညဘက်ဆို တစ်ညလုံး ထိုင်‌နေရတယ်။ ညဆိုရင် ကျ‌နော်တို့ ကယန်းအမျိုးသား သုံး‌ယောက်‌လောက် သွား‌စောင့်အိပ်‌ပေးရ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

လက်ရှိ ကယန်းအမျိုးသမီး ‌နေထိုင်သည့် လူ ၁၀ဝ ‌ကျော်ဆံ့‌သော ထိုအ‌ဆောက်အဦး၏ အခြားခန်းများတွင် ‌သောင်တင်‌နေသည့် ကယန်းအမျိုးသားများလည်း ရှိကြပြီး စုစု‌ပေါင်းကယန်းလူမျိုး ၇ဝ ‌ကျော်ရှိကာ ‌လေးဦးမှာ ဖျားနာ‌နေကြသည်ဟု သူက ဆက်‌ပြောသည်။

အဆိုပါ ကယန်းလူမျိုးများမှာ ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်‌ကော်မြို့နယ်၊ လွိုင်လင်‌ကျေးရွာမှဖြစ်ပြီး ပွဲစား ဖြစ်သူ ‌နေမိုး‌အောင်က တစ်ဦးလျင် ကျပ်‌ငွေ ၃ သိန်းခွဲဖြင့် ဘန်‌ကောက်တွင် သွား‌ရောက်အလုပ်လုပ်နိုင်ရန် မြဝတီမြို့တွင် MOU လုပ်‌ဆောင်‌ပေး‌နေသည့်ကာလအတွင်း ယခုလို အ‌ခြေအ‌နေမျိုး ကြုံ‌တွေ့‌နေကြခြင်းလည်း ဖြစ်သည်။

ထို့အပြင် MOU ရရှိရန် လအတန်ကြာ‌စောင့်ဆိုင်း‌နေရသည့် ကယန်းလူမျိုးများသည် စား‌သောက်‌ရေး၊ ‌နေထိုင် ‌ရေးနှင့် ကျန်းမာ‌ရေးအတွက် အခက်အခဲများရှိ‌နေခြင်း‌ကြောင့် ယခုရက်ပိုင်းအတွင်းက ၎င်းတို့ထဲမှ ၇ ဦးမှာ ‌နေရပ်သို့ ပြန်သွားခဲ့သည်။

ထိုင်းနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသားများအတွက် ပွဲစားမှတဆင့် MOU လုပ်ရန် မြဝတီ မြို့အပြင်ဘက် နှလုံးသားဥယျာဉ်ကန်‌နေရာအနီးတွင် လူ ၁၀ဝ ‌ကျော်ဆံ့သည့် အ‌ဆောက်အဦးနှစ်ခုထားရှိပြီး လက်ရှိ ကယန်းလူမျိုးများအပါအဝင် အခြားမြန်မာနိုင်ငံ တိုင်းရင်းသားများစုစု‌ပေါင်း ၁၀ဝ ‌ကျော် ရှိသည်ဟု သိရသည်။