Home သတင်း ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်‌တော် ပြင်ပတွင်ပြင်ဆင် သင့်ဟု ALD ‌ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်‌တော် ပြင်ပတွင်ပြင်ဆင် သင့်ဟု ALD ‌ပြောကြား

1831
ဇူလိုင် ၁ ရက်၊ ၂၀၁၃ ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)


၂၀၀၈ ခုနှစ်ဖွဲ ့စည်းပုံအ‌ခြေခံဥပ‌ဒေကို လွှတ်‌တော်၌ ပြင်ဆင်ခြင်းထက် လွှတ်‌တော်ပြင်ပတွင် တစ်ခုတည်း‌သော ညီလာခံ‌ခေါ်ယူပြင်ဆင်သင့်‌ကြောင်း ရခိုင်ဒီမိုက‌ရေစီ အဖွဲ့ချုပ်(ALD)က ‌ပြောကြား လိုက်သည်။

ယမန့်‌နေ့ ဇွန်လ ၃ဝ ရက်‌နေ့က ရန်ကုန်မြို့၊ ‌တော်ဝင်နှင်းဆီခန်းမ၌ နိုင်ငံ‌ရေးအကျဉ်းသားများအဖွဲ့ချုပ်မှ စီစဉ် ကျင်းပသည့် ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင်‌ဆွေး‌နွေးပွဲတွင် ALD ဥက္ကဋ္ဌ ဦး‌အေးသာ‌အောင်က ထိုသို့ ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ‌ရေးဆွဲခဲ့ချိန်က လွှတ်‌တော်၌ ‌ရေးဆွဲခဲ့ခြင်း မဟုတ်သည့်အတွက် ယခု လွှတ်‌တော် တွင် ပြဋ္ဌာန်းချက်အတိုင်း ပြင်ဆင်မည်ဆိုပါက မလွယ်ကူဘဲ အပြင်ညီလာခံတစ်ရပ် ‌ခေါ်ယူကာ ပြင်ဆင်သင့် သည်ဟု ဦး‌အေးသာ‌အောင်က ထုတ်‌ဖော်‌ပြောကြားခဲ့သည်။

“အခု ‌ပြော‌နေကြပါတယ်။ တိုင်းရင်းသား‌တွေကလည်း ပင်လုံကဲ့သို့ ညီလာခံ၊ ‌ဒေါ်‌အောင်ဆန်းစုကြည်ကလည်း ၂၁ရာစု ပင်လုံညီလာခံ၊ အစိုးရကလည်း ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံ စသဖြင့် ‌ပြော‌နေကြပြီ။ ဘာပဲ‌ပြော ‌ပြော တစ်ခုတည်း‌သော ညီလာခံ‌ခေါ်ပြီး ပြင်တာ အ‌ကောင်းဆုံးပဲ”ဟု ဦး‌အေးသာ‌အောင်က ‌ပြောသည်။

၂၀၀၈ ဖွဲ ့စည်းပုံအ‌ခြေခံ ဥပ‌ဒေသည် ဒီမိုက‌ရေစီ စံနှုန်း မကိုက်ညီခြင်း၊ တိုင်းရင်းသားများလိုလားသည့် ဖက် ဒရယ်ပြည်‌ထောင်စု ပုံစံမဟုတ်ခြင်းတို့‌ကြောင့် ပြင်ဆင် သင့်‌ကြောင်း တိုင်းရင်းသားများအပါအဝင် ပြည်တွင်း နိုင်ငံ‌ရေးအင်အားစုများကလည်း ထုတ်‌ဖော်‌ပြောကြားထားကြပြီဖြစ်သည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေကို ပြင်ဆင်မည်ဆိုပါက မည်သည့် ပြဋ္ဌာန်းချက်၊ ပုဒ်မကိုမဆို ပြည် ‌ထောင်စု လွှတ်‌တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း‌ကျော်သ‌ဘောတူလက်ခံမှသာ ပြင်ဆင်နိုင် မည်ဖြစ်သည်။

ထို့အပြင် အချို့အ‌ရေးကြီး ပုဒ်မများသည် ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ‌ကျော် သ‌ဘောတူရမည်ဖြစ်သလို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ မဲဆန္ဒ‌ပေးခွင့်ရှိသူအားလုံး၏ ထက်ဝက် ‌ကျော် ‌ထောက်ခံမှသာ ပြင်ဆင်နိုင်‌ကြောင်း ၂၀၀၈ ဖွဲ ့စည်းပုံအ‌ခြေခံဥပ‌ဒေ အခန်း(၁၂) ပုဒ်မ -၄၃၆ တွင် ‌ဖော်ပြထားသည်။

ယမန်‌နေ့က ပြုလုပ်သည့် ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင်‌ဆွေး‌နွေးပွဲတွင် ALD အပါအဝင် အခြား နိုင်ငံ‌ရေးပါတီများ၊ နိုင်ငံ‌ရေး အကျဉ်းသား‌ဟောင်းများ၊ မီဒီယာသမားများနှင့် စိတ်ဝင်စားသူ စုစု‌ပေါင်း ၁၅ဝ ‌ကျော် တက်‌ရောက်နား‌ထောင်ခဲ့သည်ဟု ‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သည့် သတင်း‌ထောက်တစ်ဦးက ‌ပြောသည်။

ALD သည် လွန်ခဲ့သည့် ၁၉၉ဝ ပြည့်နှစ်‌ရွေး‌ကောက်ပွဲက ရခိုင်ပြည်နယ်၌ အမတ်၂၆ ‌နေရာအနိုင်ရရှိသည့် ဖျက် သိမ်းခံရ‌သော ပါတီဖြစ်ပြီး ယခု ၂၀၁၃ခုနှစ်တွင် တရားဝင်ပြန်လည်မှတ်ပုံတင်ကာ ရခိုင်တိုင်းရင်းသားများတိုး တက်‌ရေးပါတီ(RNDP)နှင့် ပူး‌ပေါင်းပြီး ရခိုင်အမျိုးသားပါတီ(ANP)အဖြစ် လာမည့် ဩဂုတ်လတွင် ‌ရွေး‌ကောက် ပွဲ‌ကော်မရှင်သို့ မှတ်ပုံပြန်တင်သွားရန် ဇွန် ၁၈ရက်‌နေ့က ဆုံးဖြတ်ထားခဲ့‌ကြောင်း သိရသည်။