Home သတင်း လယ်သမားများအ‌ရေး ‌ဆောင် ရွက်သူ KPP ပါတီဝင်တစ်ဦး ကို မြန်မာစစ်တပ် အမှုဖွင့်

လယ်သမားများအ‌ရေး ‌ဆောင် ရွက်သူ KPP ပါတီဝင်တစ်ဦး ကို မြန်မာစစ်တပ် အမှုဖွင့်

1961
ဇွန်လ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)
‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ လယ်သမားများနှင့် တပ်ရင်း (၇၀)မှ တပ်ကြပ်ကြီးတစ်ဦးတို့ ‌တွေ့ဆုံစဉ်
‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ လယ်သမားများနှင့် တပ်ရင်း (၇၀)မှ တပ်ကြပ်ကြီးတစ်ဦးတို့ ‌တွေ့ဆုံစဉ်

တွံ‌တေးမြို့နယ်၊ ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ လယ်ယာ‌မြေများတွင် ကရင်အလံစိုက် ထူ‌ရေးကြိုးပမ်းခဲ့သည့် လယ်သမားများအ‌ရေး ‌ဆောင်ရွက်သူ ကရင်ပြည်သူ့ပါတီ(KPP)မှ မန်းအုန်းမြင့်သိန်းအား မြန်မာအစိုးရစစ်တပ် ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ တပ်ရင်း(၇၀)က ‌ဒေသခံဆိုင်ရာ ခ‌လောက်ချိုက်ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရသည်။

အမှုဖွင့်ခံထားရသူ မန်းအုန်းမြင့်သိန်းက “ကျ‌နော့်ကို စခန်းမှာ တပ်ရင်း (၇၀) က ဗိုလ်ကြီး ‌နေထက်က တရား လိုပြုလုပ်ပြီး ပုဒ်မ-၄၄၇ နဲ့ စွဲဆိုထားတယ်လို့ သိရပါတယ်။ ‌လော‌လောဆယ် အလုပ်‌တွေများ‌နေလို့ ရဲစခန်းကို မသွားနိုင်‌သေးပါဘူး။ ကျ‌နော်ဘက်ကလည်း ‌ဖြေရှင်းဖို့ အသင့်ပါဘဲ”ဟု ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်‌နေ့၌ ၎င်း‌ဒေသရှိ တပ်ရင်း(၇၀)၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ဦးက ဇွန်လ ၂၀ရက်‌နေ့ တွင် အစိုးရစစ်တပ်မှ သိမ်းဆည်းထား‌သော လယ်‌မြေနှင့် ပိုင်ရှင်ရှိလယ်‌မြေများတွင် စိုက်ထူထားခဲ့‌သော အလံများအား သွား‌ရောက်ဖြုတ်ယူခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ ခ‌လောက်ချိုက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၉)ဦးတို့က လုံခြုံ‌ရေးအဖြစ် လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။

ယင်းစိုက်ထူထားသည့် အလံများသည် ဇွန် ၁၄ ရက်‌နေ့က သက်ဆိုင်ရာအစိုးရအာဏာပိုင်များသို့ တင်ပြ၍ စိုက် ထူထားခြင်းဖြစ်‌သော‌ကြောင့် မနှုတ်ရန် လယ်သမားများက ရှင်းပြသည့်အပြင် ‌တောင်းပန်ခဲ့‌သော်လည်း အလံ ၆၈ တိုင်အား ထိုသို့ နှုတ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ ‌ကျောက်ပုန်း‌ကျေးရွာမှ လယ်သမားတစ်ဦးက “ကျ‌နော်တို့ မူလပိုင်ရှင် လယ် သမား‌တွေ အားလုံးက စ‌ကောကရင်လူမျိုး‌တွေဆို‌တော့ ကျ‌နော်တို့ပိုင်တဲ့ ‌မြေပတ်လည်မှာ ကရင်အလံ စိုက်ကြတာကို အခုလို အဖြုတ်ခံရတာ‌တော့ စိတ်မ‌ကောင်းဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် စိုက်ထားသည့် ကရင်အလံများကို ဖြုတ်ယူခဲ့ခြင်းနှင့်ပတ်သက်၍ တွံ‌တေးမြို့နယ်အုပ်ချုပ်‌ရေးမှူးထံသို့ ‌ကေအိုင်စီက ဖုန်းဖြင့် ဆက်သွယ်‌မေးမြန်းသည့်အခါ အထက်မှ တာဝန်‌ပေးချက်အရ လုပ်‌ဆောင်ရခြင်း ဖြစ်‌ကြောင်းနှင့် နားလည်‌ပေး‌စေချင်‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်။

‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ လယ်ယာ‌မြေများပတ်လည်တွင် စိုက်ထူထား‌သော ကရင်အလံများကို ရန်ကုန် တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်‌ဆွေ၏ ညွှန်ကြားချက်ဖြင့် တပ်ရင်း(၇၀)က ထိုသို့ ‌ဆောင်ရွက်ရခြင်းဖြစ်သည် ဟု ကြားသိရ‌ကြောင်းလည်း ‌ဒေသခံလယ်သမားများက ‌ပြောဆို‌နေကြသည်။

မန်းအုန်းမြင့်သိန်းသည် ‌ကော့မူး၊ ကွမ်းခြံကုန်း၊ တွံ‌တေးမြို့နယ် မဲဆန္ဒနယ်‌မြေများအတွက် ကိုယ်စားပြု KPP ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းတွင် ထိုသုံးမြို့နယ်ရှိ လယ်ယာ‌မြေအသိမ်းခံရ‌သော လယ်သမားများကို လိုက်လံကူညီ‌ဆောင်ရွက်‌ပေး‌နေသည်မှာ ယခုအချိန်ထိ ဖြစ်သည်။